ပရီးမီးယားလိဂ် Hall of Fame တွင် ၂၀၂၄ ခုနှစ်အတွက် ပထမဆုံးထည့်သွင်းခံရသူအဖြစ် အက်ရှ်လေကိုးလ် မှတ်တမ်းဝင်

ပရီးမီးယားလိဂ် Hall of Fame တွင် ၂၀၂၄ ခုနှစ်အတွက် ပထမဆုံးထည့်သွင်းခံရသူအဖြစ် အက်ရှ်လေကိုးလ် မှတ်တမ်းဝင်
Photo: Premier League
Photo: Premier League
Published 26 March 2024

အာဆင်နယ်နှင့် ချယ်လ်ဆီးအသင်းတို့၏ အင်္ဂလန်နောက်ခံလူဟောင်း အက်ရှ်လေကိုးလ်သည် ပရီးမီးယားလိဂ် Hall of Fame တွင် ၂၀၂၄ ခုနှစ်အတွက် ပထမဆုံးထည့်သွင်းခံရသည့် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အက်ရှ်လေကိုးလ်(၄၃ နှစ်)သည် အာဆင်နယ်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲပေါင်း (၁၅၆)ပွဲ ကစားခဲ့ပြီး ချယ်လ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ်ပွဲပေါင်း (၂၂၉)ပွဲ ကစားခဲ့သူဖြစ်သည်။

၎င်းသည် အာဆင်နယ်အသင်းနှင့် ပရီးမီးယားလိဂ်ချန်ပီယံဆု(၂) ကြိမ်၊ ချယ်လ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ်ချန်ပီယံဆု(၁)ကြိမ် ရယူနိုင်ခဲ့သောကြောင့် ပရီးမီးယားလိဂ်၏ ဂုဏ်ထူးဆောင်ကစားသမားတစ်ဦးအဖြစ် ရွေးချယ်ဂုဏ်ပြုခံရခြင်းဖြစ်ကြောင်း သိရသည်။

အက်ရှ်လေကိုးလ်သည် အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရှုံးပွဲမရှိ ရယူနိုင်ခဲ့သည့် ၂၀၀၃-၀၄ ရာသီတွင် (၃၂)ပွဲ ပါဝင်ကစားကာ ခြေစွမ်းပြခဲ့သူလည်း ဖြစ်သည်။

''ပရီးမီးယားလိဂ် Hall of Fame မှာ ထည့်သွင်းရွေးချယ်ခံရတာ ဂုဏ်ယူစရာပါ။ အလန်ရှီးယား၊ အွန်နရီ၊ ဒရော့ဘာ၊ ဖာဒီနန်တို့နဲ့အတူ Hall of Fame မှာ ရပ်တည်ခွင့်ရခဲ့တာကလည်း စိတ်လှုပ်ရှားစရာပါပဲ။ ဒီအတွက် ဂုဏ်ယူဝမ်းမြောက်မိပါ တယ်''ဟု အက်ရှ်လေကိုးလ်က ပြောကြားခဲ့သည်။

အက်ရှ်လေကိုးလ်သည် ပရီးမီးယားလိဂ် Hall of Fame တွင် ရွေးချယ်ခံရသည့် စတုတ္ထမြောက် နောက်ခံကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရသည်။ 

Most Read

Most Recent