ဝင်းနိုင်ထွန်း၏ ဘော်နီယိုအသင်း အင်ဒိုနီးရှား လီဂါ-၁ တွင် (၁၅) မှတ်ဖြတ်၍ ထိပ်ဆုံးမှဦးဆောင်နေ

ဝင်းနိုင်ထွန်း၏ ဘော်နီယိုအသင်း အင်ဒိုနီးရှား လီဂါ-၁ တွင် (၁၅) မှတ်ဖြတ်၍ ထိပ်ဆုံးမှဦးဆောင်နေ
Photo: Borneo FC
Photo: Borneo FC
Published 11 March 2024

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး ဝင်းနိုင်ထွန်း သွားရောက်ကစားနေသည့် အင်ဒိုနီးရှား လီဂါ-၁ ကလပ် ဘော်နီယိုအသင်းသည် ယခုရာသီ အမှတ်ပေးဇယားတွင် ဒုတိယနေရာမှ ပါဆစ်ဘ်အသင်းကို(၁၅) မှတ်ဖြတ်၍ ထိပ်ဆုံးမှ အပြတ်အသတ်ဦးဆောင်နေလျက်ရှိကြောင်း သိရသည်။

ဝင်းနိုင်ထွန်း၏ ဘော်နီယိုအသင်းသည် ၂၀၂၃- ၂၀၂၄ ရာသီ အင်ဒိုနီးရှား လီဂါ-၁ ပြိုင်ပွဲ ပွဲစဉ်(၂၈) အပြီးတွင် (၂၀) ပွဲနိုင်၊ (၆) ပွဲသရေ၊ (၂) ပွဲရှုံး၊ ရမှတ်(၆၆) မှတ်ဖြင့် ထိပ်ဆုံးမှဦးဆောင်နေပြီး ဒုတိယနေရာမှ ပါဆစ်ဘ်အသင်းမှာ ရမှတ်(၅၁) မှတ်ဖြင့် ရပ်တည်နေကြောင်း သိရသည်။

ဘော်နီယိုအသင်းသည် ပြီးခဲ့သည့် မတ်(၇) ရက် ပွဲစဉ်(၂၈) အဖြစ် ပါဆီဘာယာအသင်းနှင့် အိမ်ကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ(၂-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

တိုက်စစ်မှူးဝင်းနိုင်ထွန်းသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မေလအတွင်းက ရန်ကုန်ယူနိုက်တက်နှင့် လမ်းခွဲပြီးနောက်  အင်ဒိုနီးရှားကလပ် ဘော်နီယိုအသင်းထံသို့ တစ်ရာသီစာချုပ်ဖြင့် ပြောင်းရွှေ့ကစားနေခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် ကွင်းလယ်လူ မြတ်ကောင်းခန့်၏ ပါဆီကာဘိုအသင်းမှာမူ ပွဲစဉ်(၂၈) အပြီးတွင် (၃) ပွဲနိုင်၊ (၈) ပွဲသရေ၊ (၁၇) ပွဲရှုံး၊ ရမှတ်(၁၇) မှတ်ဖြင့် အမှတ်ပေးဇယားအောက်ဆုံးနေရာတွင် ရပ်တည်နေလျက်ရှိသည်။    

Most Read

Most Recent