အာဆင်နယ်အသင်းအတွက် နှစ်(၁၀၀)ကျော်အတွင်း နိုင်ပွဲအနည်းဆုံးရာသီ ဖြစ်နေ

အာဆင်နယ်အသင်းအတွက် နှစ်(၁၀၀)ကျော်အတွင်း နိုင်ပွဲအနည်းဆုံးရာသီ ဖြစ်နေ
Published 4 February 2020

 

ပရီးမီးယားလိဂ်ပွဲစဉ်(၂၅)အပြီးတွင် နိုင်ပွဲ(၆)ပွဲသာ ရရှိခဲ့ခြင်းမှာ အာဆင်နယ်အသင်းအတွက် နှစ်ပေါင်း(၁၀၀)ကျော်အတွင်း နိုင်ပွဲအနည်းဆုံးရာသီအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ 

အာဆင်နယ်အသင်း၏ သမိုင်းတစ် လျှောက် အမှတ်ပေးပြိုင်ပွဲတွင် (၂၅)ပွဲကစားပြီးချိန် ယခုထက်နိုင်ပွဲလျော့နည်းခဲ့သည်မှာ ၁၉၁၂-၁၃ ရာသီတစ်ကြိမ်သာ ရှိခဲ့ကြောင်း သိရသည်။ 

ယင်းရာသီတွင် (၂၅)ပွဲကစားအပြီး၌ နိုင်ပွဲ(၁)ပွဲသာ ရရှိခဲ့ခြင်းဖြစ်သည်။ 

ထို့နောက် ၁၉၇၅-၇၆ ရာသီတွင်လည်း (၂၅)ပွဲကစားအပြီး၌ ယခုရာသီနည်းတူ နိုင်ပွဲ(၆)ပွဲသာ ရရှိခဲ့ပြီး (၂၂)သင်းပါဝင်သော ပြိုင်ပွဲ၌ အဆင့် (၁၇)သာ ရရှိခဲ့ကြောင်း သိရသည်။ 

လက်ရှိအချိန်တွင်လည်း အာဆင်နယ်အသင်းသည် တန်းဆင်းဇုန်ထဲမှအသင်းနှင့် (၇)မှတ်သာကွာဟသည့် အခြေအနေဖြစ်နေပြီး အဆင့်(၄)နေရာမှအသင်းနှင့် (၁၀)မှတ်ကွာဟနေသည်။

 

Most Read

Most Recent