ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်အနှစ်ချုပ်

ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်အနှစ်ချုပ်
Photo: Youtube
Photo: Youtube
Published 4 February 2020

 

၂၀၂၀ ဇန်နဝါရီအပြောင်းအရွှေ့ကာလကတော့ အေးစက်စက်နဲ့ပြီးဆုံးသွားခဲ့ပါပြီ။ ပရိသတ်တွေရဲ့ သည်းခြေကြိုက် ပရီးမီးယားလိဂ်ပြိုင်ပွဲကစလို့၊ ဥရောပထိပ်တန်းလိဂ်တိုင်းမှာ ရင်ခုန်စရာအပြောင်းအရွှေ့တွေနည်းပါးခဲ့ပြီး ရာသီဝက်လက်ကျန်ကာလအတွက် အငှားအပြောင်းအရွှေ့နဲ့ အလွတ်အပြောင်းအရွှေ့တွေများခဲ့ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်မှာဆို ၂၀၂၀ ဇန်နဝါရီအသုံးစရိတ်က စုစုပေါင်းပေါင်သန်း (၂၃၀)နဲ့ သမိုင်းတစ်လျှောက် ဒုတိယငွေကြေးသုံးစွဲမှုအများဆုံးရာသီဖြစ်ခဲ့ပေမယ့် ပရိသတ်တွေ အမြဲလိုလိုရင်ခုန်ရတဲ့ အပြောင်းအရွှေ့နောက်ဆုံးနေ့ (Deadline Day) မှာတော့ အသုံးစရိတ်က ပေါင် (၂၅)သန်းသာရှိခဲ့ပါတယ်။ ဒါဟာ ၂၀၁၀ ခုနှစ်နောက်ပိုင်း နောက်ဆုံး (၁၀) နှစ်အတွင်း Deadline Day အသုံးစရိတ်အနည်းဆုံးပမာဏလည်း ဖြစ်ခဲ့တာပါ။ ချယ်လ်ဆီး၊ မန်စီးတီးတို့ အသင်းကြီးအတွက် လူမခေါ်ခဲ့တာ၊ မီနာမီနိုနဲ့ လီဗာပူးလ် ငြိမ်သက်ခဲ့တာ၊ မန်ယူအသင်းက ထိပ်တန်းအပြောင်းအရွှေ့အဖြစ် ဘရူနိုဖာနန်ဒက်ဇ်ကိုခေါ်ပြီး ပရိသတ်ကို ချွေးသိပ်ခဲ့တာတွေက ဇန်နဝါရီအပြောင်းအရွှေ့ကို အေးစက်စေတဲ့အကြောင်းအရာတွေပါပဲ။ တခြားထိပ်တန်းလိဂ်တွေမှာလည်း ဘာစီလိုနာ၊ ရီးယဲလ်အသင်းတို့က လူငယ်ကစားသမားတွေနဲ့ ကျေနပ်ခဲ့ပြီး၊ စီးရီးအေမှာလည်း အင်တာမီလန် ပန်းပန်နိုင်ခဲ့တာကလွဲလို့ ခပ်အေးအေးရှိခဲ့ပါတယ်။ ဒီအတွက် ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ်အသင်းတွေနဲ့ ဥရောပထိပ်သီးအသင်းတွေရဲ့ အပြောင်းအရွှေ့တွေကို ဖော်ပြပေးလိုက်ပါတယ်။

အာဆင်နယ်

အဝင် - ပါဘလိုမာရီ (ဖလာမင်ဂို/အငှား)၊ စီဒရစ် (ဆောက်သမ်တန်/အငှား)

အထွက် - ဘင်ရှက်ဖ် (ဒွန်ကက်စတာ/အငှား)၊ ဂျွန်ဂျူလက်စ် (လင်ကွန်း/အငှား)၊ စမစ်ရိုဝီ (ဟတ်ဒါဖီးလ်/အငှား)၊ ကွန်စတန်တီနို့စ် (နုရင်ဘတ်/အငှား)၊ အိုလာယင်ကာ (နော်သမ်တန်/အငှား)

အက်စတွန်ဗီလာ

အဝင် - ရီနာ (အေစီမီလန်/အငှား)၊ ဆာမတ်တာ (KRC ဂျန့်ခ်/၈.၅ သန်း)၊ ဒရင့်ဝါတာ (ချယ်လ်ဆီး/အငှား)၊ လူဝီဘယ်ရီ (ဘာစီလိုနာ/၈သိန်း)၊ ဘက်စတွန် (ဆွမ်ဆီး/အလွတ်)

အထွက် - ကော့ဂျီယာ (အယ်လ်ဂါရာဖာ/မဖော်ပြ)၊ ကာလီနစ် (တူးလူး/အငှား)၊ စကော့ဟိုဂန် (ဘာမင်ဂမ်/အငှား)၊ ဂျိမ်းစ်ချက်စတာ (စတုတ်စီးတီး/အငှား)၊ ယာကော့ဘ်ရမ်ဆေး (ဒွန်ကက်စတာ/အငှား)

ဘုန်းမောက်

အထွက် - အန်ဒီဂျိုလီ (မားသားဝဲလ်/အငှား)၊ ဘီဂိုဗစ် (အေစီမီလန်/အငှား)၊ စခရင်ရှော (အိစ်လိုက်/အငှား)၊ ဘရက်စမစ် (ကာဒစ်ဖ်/အငှား)၊ မတ်ဘတ်ချာ (စိန့်ဂျွန်စတုန်း/အငှား)၊ အဲလက်ဒိုဘရီ (ဝီဂန်/အငှား)

ဘရိုက်တန်

အဝင် - အာရွန်မွိုင်း (ဟတ်ဒါဖီးလ်/မဖော်ပြ)၊ လမ်တေး (ချယ်လ်ဆီး/၃ သန်း)

အထွက် - ဒရေယာ (မစ်ဂျီလန်း/မဖော်ပြ)၊ ဆန်းဒါးစ် (ဝင်ဘယ်လ်ဒန်/အငှား)၊ ဂျိမ်းစ်တီလေး (ဂရင်းစဘီ/အလွတ်)၊ ဘာလူတာ (ဒန်ဟတ်/အငှား)၊ မက်ဂီး (ခရော်လေ/အငှား)၊ ဂေတန်ဘောင်း (နော်တင်ဟမ်/မဖော်ပြ)၊ လိုပါတာ (ဇာဂလီဘီ/အငှား)၊ ရာဒူလိုဗစ် (အလာဗတ်စ်-ခ/အငှား)၊ ဘာလိုဂန် (ဝီဂန်/အငှား)၊ အမ်လာကာကာ (ဝီဂန်/အငှား)

ဘန်လေ

အဝင် - ဘရောင်းဟေးလ် (ဘရစ္စတိုးလ်/၉ သန်း)၊ အိုဂန်ဘီ (မန်စီးတီး/မဖော်ပြ)

အထွက် - နာကီဝဲလ် (ဘရစ္စတိုးလ်/အလွတ်)၊ ရော့ဘ်ဟာကာ (ဟာတယ်ပူးလ်/အငှား)၊ ဂျို့ရှ်ဘန်းဆန် (ဂရင်းစ်ဘီ/အငှား)၊ အန်သိုနီဂျီလန်နွန်၊ ဘာယိုဒီ (ကာဇန်အက်ရှ်တန်/အငှား)၊ ဝဲလ်ဟာရစ် (၀ါရင်တန်/အငှား)၊ စကော့ဝီလ်ဆင် (စပါတန်/အငှား)၊ ရိုင်ယန်ကိုနေး၊ အဒမ်ဖီးလစ် (မိုကမ်ဘီ/အငှား)၊ အန်ဂူဆန် (အိုလ်ဟမ်း/အငှား)

ချယ်လ်ဆီး

အဝင် - ဖီယာဘီမာ (တရွန်ဆို/၅.၄ သိန်း)

အထွက် - မိုလာ (စတုဂတ်/၃.၆ သိန်း)၊ လမ်တေး (ဘရိုက်တန်/၃ သန်း)၊ မိုဆက်စ် (အင်တာ^အငှား)၊ ဒရင့်ဝါတာ (အက်စတွန်ဗီလာ/အငှား)၊ ဂူဟီ (ဆွမ် ဆီး^အငှား)၊ ဂယ်လာဟာ (ဆွမ်ဆီး/အငှား)၊ ဘလက်မန်း (ဘရစ္စတိုးလ်/အငှား)၊ မက်အီချရန် (ကမ်ဘာ/အငှား)၊ ချာလီဘရောင်း (စိန့်ဂယ်လိုဆီ/အငှား)၊ မတ်ဒို့စ် (ဆောက်သမ်တန်/အငှား)

ခရစ္စတယ်ပဲလေ့စ်

အဝင် - တိုဆွန် (အဲဗာတန်/အငှား)၊ စကော့ဘန့်ခ် (ဒန်ဒီး/မဖော်ပြ)

အထွက် - ဆမ်ဝုဒ် (အကယ်ဒမီကယ်/အငှား)၊ မက်ဂရီဂေါ် (ဒါးဖို့ဒ်/အငှား)၊ ဒီယွန်ကူတစ်ဟင်နရီ (ဟမ်တန်နှင့်ရစ်ချ်မွန်း/အငှား)၊ စကော့ဘန့်ခ် (အယ်လိုအာ/အငှား)၊ လိုကီလို (ဒွန်ကက်စတာ/အငှား)၊ ဒါလေ (ဘရစ္စတိုးလ်ရိုဗာ/မဖော်ပြ)၊ ကော်နာဝစ်ခ်ဟမ်း (ရှက်ဖီးဝင်းစ်ဒေး/အငှား)

အဲဗာတန်

အဝင်- ဘရန့်ဝေတေ (ကယ်လိုင်း)

အထွက် - ဒိုဝဲလ် (ဝီဂန်/အငှား)၊ ကွန်နော်လီ (ဖလိဝုဒ်/အငှား)၊ တိုဆွန် (ခရစ္စတယ်ပဲလေ့စ်/အငှား)၊ အန်သိုနီအီဗန် (ပါဒါဘွန်း/မဖော်ပြ)၊ ဂစ်ဘ်ဆင် (ဖလိဝုဒ်/အငှား)၊ ဖီနေး (ထရမ်မဲ/အငှား)၊ လော့ဆယ်လ် (ဟတ်ဒါဖီးလ်/အငှား)

လက်စတာ

အဝင် - ဘန်းနတ် (ဝုလ်ဗ်/အငှား)

အထွက် - ဘန်ကိုဗစ် (ဘရစ္စတိုးလ်စီးတီး/အငှား)၊ ကလာ့ခ်(ပို့တ်ဗေးလ်/အငှား)၊ မူဆလီ (ဆွင်ဒန်/အငှား)၊ ဟူဆက်ခ် (စပါတာပရပ်ဂ်/မဖော်ပြ)၊ ဟောလ် (ဘလက်ပူးလ်/အငှား)၊ အန်ဒီကင်း (ဟတ်ဒါဖီးလ်/အငှား)၊ အူချီ (ဗယ်လာဒိုလစ်/မဖော်ပြ)

လီဗာပူးလ်

အဝင် - မီနာမီနို (ဆာလ်ဇ်ဘာ့ဂ်/၇.၂၅ သန်း)၊ ဟာဒီ (ဘန်ရန့်ဖို့ဒ်/မဖော်ပြ)

အထွက် - ဘရူးစတား (ဆွမ်ဆီး/အငှား)၊ ဖီးလစ် (စတုဂတ်/အငှား)၊ ဟာဘီကိန်း (ဟားလ်စီးတီး/အငှား)၊ ဒီဆူဇာ (မင်နဲရိုး/မဖော်ပြ)၊ ခရစ္စတီးဒေးဗီးစ် (ဆာကယ်ဘရုဂေး/အငှား)

မန်စီးတီး

အထွက် - ပိုဗယ်ဒါ (လိဒ်စ်/မဖော်ပြ)၊ အန်ဟယ်လီနို (လိုက်ပ်ဇစ်/အငှား)၊ ပတ်ထရစ်ရောဘတ် (မစ်ဒယ်ဘရော့/အငှား)၊ အန်မီချာ (မစ်ဒယ်ဘရော့/အငှား)၊ အူဂန်ဘီ (ဘန်လေ/မဖော်ပြ)၊ မတ်စမစ် (ချာလ်တန်/အငှား)

မန်ယူ

အဝင် - ဘရူနိုဖာနန်ဒက်စ် (စပို့တင်းလစ္စဘွန်း/၄၇ သန်း)၊ ဘစ်ရှော့ (ဆောက်အန်း/မဖော်ပြ)၊ အီဂါလို (ရှန်ဟိုင်းရှန်ဟွာ/အငှား)

အထွက် - အက်ရှ်လေယန်း (အင်တာမီလန်/၁ သန်း)၊ ရိုဟို (အက်စတူဒီယန်တေး/အငှား)၊ အီသန်ဟာလ်မီတန် (ဘော်လ်တန်/အငှား)၊ မက်တေလာ၊ ဖိုတီဆက် (စတာလီဘရစ်ချ်/အငှား)၊ တန်နာ(ဆဲလ်ဖို့ဒ်/အငှား)၊ ဘော့ခ်ဝစ် ဂျက်ဆင် (အိုးလ်ဟမ်း/အငှား)

နယူးကာဆယ်

အဝင် - ဘင်တာလက်ဘ် (ရှော်လ်ကေး/အငှား)၊ လာဇာရို (အင်တာမီလန်/အငှား)၊ ဒန်နီရို့စ် (စပါး/အငှား)

အထွက် - ကီဆောင်ယွန်း (အလွတ်ထွက်)၊ အာရွန်စ် (မားသားဝဲလ်/အငှား)

နောဝစ်ချ်

အဝင် - ဒူဒါ (ဟာသာဘာလင်/အငှား)၊ လူးကက်ရပ် (ဟော်ဖန်ဟင်မ်/မဖော်ပြ)၊ ဆစ်တီ (ဆိုးချော့/မဖော်ပြ)၊ မက်ကော်လမ် (ကိုဗင်ထရီ/မဖော်ပြ)

အထွက် - ဖီးလစ်ဟီဆေး (နုရင်ဘတ်/အငှား)၊ ကလေတန်မောရစ် (MK ဒွန်းစ်/အငှား)၊ ဆာဘီနီ (ပါဒါဘွန်း/အငှား)၊ လူးဝစ်သွန်မဆင် (MK ဒွန်းစ်/အငှား)၊ အိုဒူဆီစီနာ (ဟတ်တာပူးလ်/အငှား)၊ ဟက်စ်ဘန်း (ဘလက်ပူးလ်/မဖော်ပြ)၊ ဆစ်တီ (ဆိုးချော့/မဖော်ပြ)၊ ဆမ်မက်ကော်လမ် (ကိုဗင်ထရီ/မဖော်ပြ)

ရှက်ဖီးယူနိုက်တက်

အဝင် - ရော့ဒ်ဝဲလ် (ဘလက်ဘန်း/အလွတ်)၊ ဂျက်ရော်ဘင်ဆင် (နော်တင်ဟမ်/မဖော်ပြ)၊ ဆန်ဒါဘာ့ဂ် (KRC ဂျန့်ခ်/၁၈.၁ သန်း)၊ ရက်ဆိုးစ် (လေဗာကူဆင်/အငှား)၊ ဇီဗာကိုဗစ် (ချောင်ချွန်ယူလာထိုင်/အငှား)

အထွက် - ကော်လမ်ရော်ဘင်ဆင် (ဝက်စ်ဘရွန်း/အငှား)၊ ဘန်းဟီနီဂန် (ဘလက်ပူးလ်/အငှား)၊ ဘရိုင်ယန် (ဘော်လ်တန်/အငှား)၊ မော်ရစ်ဆင် (မစ်ဒယ်ဘရော့/အငှား)

ဆောက်သမ်တန်

အဝင် - ဝေါ်လ်ကာပီတာစ် (စပါး/အငှား)၊ မတ်ဒ်နို့စ် (ချယ်လ်ဆီး/အငှား)

အထွက် - စီဒရစ် (အာဆင်နယ်/အငှား)၊ ယိုရှီဒါ (ဆမ်ဒိုးရီးယား/အငှား)၊ ဆင်းမ် (နယူးယော့က်ရက်ဘူးလ်/အငှား)

စပါး

အဝင် - ဆယ်လ်ဆို (ဘက်တစ်/၅၂ သန်း)၊ ဂတ်ဆန်ဖာနန်ဒက်ဇ် (ဘင်ဖီကာ/အငှား)၊ ဘက်ဝင်းချ် (၂၇ သန်း)

အထွက် - အဲရစ်ဆင် (အင်တာမီလန်/၁၇ သန်း)၊ ဝေါ်လ်ကာပီတာစ် (ဆောက်သမ်တန်/အငှား)၊ ဒန်နီရို့စ် (နယူးကာဆယ်/အငှား)၊ ဂျက်ကလက်ခ် (QPR/အငှား)၊ မာ့ခ်ဟိုမာ (ဘရန့်ဖို့ဒ်/မဖော်ပြ)၊

ဝက်ဖို့ဒ်

အဝင် - ယာအိုပတ်ဒရို(ဖလူမင်နီးစ်/မဖော်ပြ)၊ ပတ်ဆတ်တို (အူဒီးနီးစ်/၆.၅ သန်း)၊ မိုင်းရောဘတ် (ရက်ဒင်း/မဖော်ပြ)

အထွက် - မာဗင်ဇီဂယ်လာ (အူဒီးနီးစ်/မဖော်ပြ)၊ ဂျာကူဘတ်ခ် (စိန့်မာရင်/မဖော်ပြ)

ဝက်စ်ဟမ်း

အဝင် - ဘိုဝမ် (ဟားလ်စီးတီး/၁၈ သန်း)၊ ရန်းဒေါ့ဖ် (မစ်ဒယ်ဘရော့/မဖော်ပြ)၊ ရှူချက် (ဆလားဗီးယားပရပ်ဂ်/အငှား)

အထွက် - ရောဘတ်တို (အလာဗတ်စ်/အငှား)၊ ဟော်လန် (အောက်စဖို့ဒ်/အငှား)၊ ဒန်ကမ့် (စတီဗင်နေ့ချ်/အငှား)၊ ဆမ်မြူရယ်လ်ဆင် (ဟားလ်စီးတီး/မဖော်ပြ)

ဝုလ်ဗ်

အဝင် - ပိုဒန့် (အိုလံပီယာကော့စ်/၁၇ သန်း)၊ ကမ်ပါညာ (အသင်းလက်မဲ့/အလွတ်)၊ လွန်ဝီဂျက် (PSV/အလွတ်)၊ လွိုက်ဒစ် (ဒီယွန်း/အငှား)

အထွက် - ကာဗယ်လေရို (ဖူလ်ဟမ်/မဖော်ပြ)၊ ဘန်းနတ် (လက်စတာ/အငှား)၊ ကူထရိုနီ (ဖီအိုရင်တီးနား/အငှား)၊ ရာဖာမီယာ (ဟူဆကာ/အငှား)၊ ကွန်နာရိုနန် (ဘလက်ပူးလ်/အငှား)၊ ဟယ်ရီဘာဂျွိုင်းနေ(ရှရူးဘူရီ/အငှား)၊ ဂျော်ဒန်ဂရေဟမ် (ဂီလင်ဟမ်/အငှား)၊ လူကီမက်သီဆန် (ရော့ချ်ဒေးလ်/အငှား)၊ ရိုင်ယန်ဂီးလ် (ကိုဗင်ထရီ/အငှား)

အခြားထိပ်တန်းလိဂ်ကလပ်အသင်းများ

ဘာစီလိုနာ

အဝင် - ထရင်ချာအို (ဘရာဂါ/၂၆ သန်း)၊ မားသီးယပ်စ်ဖာနန်ဒက်ဇ် (ပါးလ်မီးရပ်စ်/၆ သန်း)

အထွက် - အယ်လေညာ (ဘက်တစ်/အငှား)၊ တိုဒီဘို (ရှော်လ်ကေး/အငှား)၊ ကားလက်စ်ပီရက်ဇ် (ရိုးမား/အငှား)၊ ၀ါဂူ (နိုက်စ်/အငှား)

ရီးယဲလ်မက်ဒရစ်

အဝင် - ဟီနေယာ (ဖလာမင်ဂို/၂၅.၂၁သန်း)

အထွက် - လူနင်(အိုဗီယေဒို/အငှား)၊ အော်ဒရီယိုဇိုလာ (ဘိုင်ယန်မြူးနစ်/အငှား)၊ ဗယ်လေဟို (ဂရန်နာဒါ/အငှား)၊ ဟူဂိုဗယ်လေဟို (ဒီပို့တီဗို/အငှား)၊ ရူဒီတိုမက်စ် (အက်စ်ပန်ညို/၁၆.၈ သန်း)၊ ဒီဖရူတို့စ် (ဗယ်လက်ကာနို/အငှား)

ဗလင်စီယာ

အဝင် - ဖလော်ရန်ဇီ (ရိုးမား/အငှား)

ဆီဗီလာ

အဝင် - ဆူဆို (အေစီမီလန်/အငှား)၊ အန်နီဆာရီ (လီဟာနက်စ်/၁၇ သန်း)

အထွက် - ချီချာရီတို (LA ဂလက်ဆီ/၆ သန်း)၊ ဂီးလ် (လီဟာနက်စ်/အငှား)

အက်သလက်တီကို

အဝင် - ကာရက်စ်ကို (ဒါလီယန်ယီဖန်း/အငှား)

အင်တာမီလန်

အဝင် - အဲရစ်ဆင် (စပါး/၁၇ သန်း)၊ အက်ရှ်လေယန်း (မန်ယူ/၁ သန်း)၊ မိုဆက်စ် (ချယ်လ်ဆီး/အငှား)၊ ဆာထရီယာနို (နေစီယွန်နယ်/မဖော်ပြ)

အထွက် - ဘာဘိုဆာ(ဖလာမင်ဂို/၁၅ သန်း)၊ ဒီကစ် (ပီဆာ/မဖော်ပြ)၊ ပိုလီတာနို (နာပိုလီ/အငှား)၊ လာဇာရို(နယူးကာဆယ်/အငှား)၊ ရာဒူ (ပါးမား/အငှား)၊ ဒီမားကို့စ် (ဗီရိုနာ/အငှား)

ဂျူဗင်တပ်စ်

အဝင် - ကူလူဆက်ဗ်စကီး (အတ္တလန်တာ/ ၃၀ သန်း)

အထွက် - မန်ဇူကစ် (အယ်လ်ဒူဟေးလ်/အလွတ်)၊ ပါရင် (ဂျီနိုအာ/အငှား)၊ အမ်မရီချန် (ဒေါ့မွန်/အငှား)၊ ပီယာဆာ (အန်ဒါလက်ချ်/အငှား)

ဘိုင်ယန်မြူးနစ်

အဝင် - အော်ဒရီယိုဇိုလာ (ရီးယဲလ်/အငှား)

ဒေါ့မွန်

အဝင် - ဟာလန်း (ဆာလ်ဘာ့ဂ်ဇ်/၁၇ သန်း)၊ အမ်မရီချန် (ဂျူဗင်တပ်စ်/အငှား)

အထွက် - အယ်လ်ကာဆာ (ဗီလာရီးယဲလ်/၂၀ သန်း)၊ ဘန်းလာဆန် (ဟော်ဖန်ဟင်မ်/၈ သန်း)၊ ဝီဂယ်လ် (ဘင်ဖီကာ/၁၆.၈၀ သန်း)

လိုက်ပ်ဇစ်

အဝင် - အော်လ်မို (ဒိုင်နမိုဇာဂရက်/၁၇ သန်း)

အထွက် - မာသီးယပ်စ်ကန်ညာ (ဟာသာဘာလင်/၁၂.၆ သန်း)၊ အယ်လ်ကာဆာ (ဖရန့်ဖတ်/၄.၃ သိန်း)

 

Most Read

Most Recent