မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုလိုငွေကို ဒေါ်လာသန်း ၅၀၀ သာရှိစေရန် ဆောင်ရွက်နေသောကြောင့် လက်ရှိဘဏ္ဍာနှစ် သုံးလအတွင်း ကုန်သွယ်မှုလိုငွေ ဒေါ်လာခုနစ်သန်းကျော်သာရှိပြီး ယခင်နှစ်ထက် ဒေါ်လာ သန်း ၉၇၀ ကျော် လျော့ကျ

မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုလိုငွေကို ဒေါ်လာသန်း ၅၀၀ သာရှိစေရန် ဆောင်ရွက်နေသောကြောင့် လက်ရှိဘဏ္ဍာနှစ် သုံးလအတွင်း ကုန်သွယ်မှုလိုငွေ ဒေါ်လာခုနစ်သန်းကျော်သာရှိပြီး ယခင်နှစ်ထက် ဒေါ်လာ သန်း ၉၇၀ ကျော် လျော့ကျ
 မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
Published 9 January 2020
ဇေယျာငြိမ်း

မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုလိုငွေကို ဒေါ်လာသန်း ၅၀၀ သာရှိစေရန် ဆောင်ရွက်နေသောကြောင့် လက်ရှိဘဏ္ဍာနှစ် သုံးလအတွင်း ကုန်သွယ်မှုလိုငွေ ဒေါ်လာ ခုနစ်သန်းကျော်သာရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၉၇၀ ကျော်အထိ လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ကုန်သွယ်မှုလိုငွေဆိုသည်မှာ မြန်မာနိုင်ငံကတင်ပို့သည့် ပို့ကုန်တင်ပို့သည့် ပမာဏထက် ပြည်ပမှတင်သွင်းသည့် သွင်းကုန်တန်ဖိုးပမာဏ ပိုများနေခြင်းကို ဆိုလိုသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ ပြည်ပသို့ တင်ပို့ထားသည့် ပို့ကုန်တန်ဖိုးပမာဏ ဒေါ်လာ ၄ ဒသမ ၅၆၄ ဘီလျံရှိသည်။ ပြည်ပမှ တင်သွင်းထားသည့် သွင်းကုန်တန်ဖိုး ပမာဏမှာ ဒေါ်လာ ၄ ဒသမ ၅၇၂ ဘီလျံအထိရှိသည်။

လက်ရှိဘဏ္ဍာနှစ် သုံးလအတွင်း မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှတင်သွင်းထားသည့် သွင်းကုန်ပမာဏသည် ပြည်ပသို့ တင်ပို့ထားသည့် ပို့ကုန်ပမာဏထက် ဒေါ်လာ ၇ ဒသမ ၂၂၉ သန်းအထိ ပိုမိုတင်သွင်းထားခြင်းဖြစ်သည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် သုံးလအတွင်း ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၇ ဒသမ ၂၂၉ သန်းသာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ယခင်နှစ်ကာလတူတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာသန်း ၉၈၀ ဒသမ ၇၂၉ သန်းအထိရှိခဲ့သည်။ ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ်သုံးလအတွင်း ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာ ၉၇၃ ဒသမ ၅ သန်းအထိ လျော့ကျခဲ့သည်။

ယင်းကဲ့သို့ မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုလိုငွေလျော့ကျခဲ့ခြင်းမှာ အဆိုပါကာလအတွင်း ပြည်ပသို့ ပို့ကုန်ပိုမိုတင်ပို့နိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် သုံးလအတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၄ ဒသမ ၅ ဘီလျံကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသ မ ၂ ဘီလျံခန့်အထိ ပိုမိုတင်ပို့ထားသည်။

လက်ရှိ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ယခင်နှစ်နည်းတူ ကုန်သွယ်မှုလိုငွေပမာဏ ဒေါ်လာ သန်း ၅၀၀ သာရှိစေရန် မျှော်မှန်းထားသော်လည်း လက်တွေ့လုပ်ကိုင်ရာ၌ အခက်အခဲများရှိနေသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

“ကုန်သွယ်မှုလိုငွေကတော့ နည်းနည်းလေးလျော့မယ့် သဘောလေးရှိတယ်။ လျာထားချက်ကတော့ ဒေါ်လာသန်း ၅၀၀ လောက်ပဲ ရှိအောင်ပေါ့နော်။ ဒါပေမဲ့ တကယ်လက်တွေ့လုပ်တဲ့အခါကျတော့ ကိုယ့်ပြည်တွင်းလည်း စားသုံးမှုအားကောင်းလာတယ်။ ရင်းနှီးမြှုပ်နှံမှုပိုင်းမှာလည်း အထူးသဖြင့် အသေးစား၊ အလတ်စားလုပ်ငန်းတွေမှာ ကုန်ကြမ်းလိုအပ်တော့။ ဥပမာ မွေးမြူရေးက တက်လာတယ်။ ကြက်စာ အရမ်းတင်သွင်းဖြစ်တယ်။ ပဲပိစပ်ကြိတ်ဖက်ဆိုရင် ဟိုတုန်းက တန်ချိန်နှစ်သောင်းလောက် တစ်နှစ်ကို အခုဆို တန်ချိန် ငါးသောင်းအထိ သွင်းလာတဲ့အခါကျတော့ ခွင့်ပြုရတာပဲ။ ဒါမှလည်း ဒီဘက်က လုပ်ငန်းတွေက တိုးတက်မှာ ဒါတွေက လျော့လို့မရဘူးလေ။ တချို့ကလည်း ခရီးသွားတက်လာတဲ့အခါမှာ ဒီမှာမထုတ်နိုင်တဲ့ ဝက်အူချောင်းတို့၊ အကောင်းစားငါးတွေ တင်သွင်းရတာရှိတယ်။ စားအုန်းဆီကလည်း လျော့မပေးနိုင်ဘူး။ ဒီဇယ်မှာလည်း လျော့လို့မရဘူး။ ဆေးဝါးကလည်း လျော့လို့မရဘူးဆိုတော့ အလှကုန်ပစ္စည်းကလည်း လျော့လို့မရဘူး” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၄ ဘီလျံရရှိရန် ခန့်မှန်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

 

Most Read

Most Recent