ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများ သီလဝါဆိပ်ကမ်းသို့ ပုံမှန်ဝင်ရောက်လျက်ရှိသဖြင့် စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်ရန် မလိုအပ်ဘဲ ပုံမှန်သုံးစွဲမှုအတိုင်း ဝယ်ယူနိုင်ကြောင်း ထုတ်ပြန်

ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများ သီလဝါဆိပ်ကမ်းသို့ ပုံမှန်ဝင်ရောက်လျက်ရှိသဖြင့် စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်ရန် မလိုအပ်ဘဲ ပုံမှန်သုံးစွဲမှုအတိုင်း ဝယ်ယူနိုင်ကြောင်း ထုတ်ပြန်
Published 1 March 2024

ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများ သီလဝါဆိပ်ကမ်းသို့ ပုံမှန်ဝင်ရောက်လျက်ရှိသဖြင့် စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်ရန် မလိုအပ်ဘဲ ပုံမှန်သုံးစွဲမှုအတိုင်း ဝယ်ယူနိုင်ကြောင်း နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသည်။

ပြည်ပမှ မှာယူထားသည့် စက်သုံးဆီတင်သင်္ဘောများသည် စီစဉ်ထားသည့်အတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းဒေသသို့ ပုံမှန်အဆက်မပြတ်ဝင်ရောက်လျက် သိုလှောင်ကန်များအတွင်းသို့ စက်သုံးဆီများ ချယူဖြည့်တင်းလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် ဆီတင်ယာဉ် (၁,၁၇၅) စီးဖြင့် 92 Ron ဂါလန် ၁၂ သိန်းကျော်၊ 95 Ron ဂါလန် ၄ သိန်းကျော်၊ ဒီဇယ်ဆီဂါလန် ၉ သိန်းကျော်၊ ပရီမီယမ်ဒီဇယ်ဆီဂါလန် ၁၂ သိန်းကျော် ဖြည့်တင်းပေးနိုင်ခဲ့ကြောင်းနှင့် သီလဝါဆိပ်ကမ်းဒေသ သိုလှောင်ကန်စခန်းများတွင်လည်း စက်သုံးဆီအလုံအလောက်ရှိပြီး နေ့စဉ်ပုံမှန်ဖြန့်ဖြူးနေမှုအခြေအနေအတိုင်း ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရှိရပြီး အများပြည်သူအနေဖြင့် ကောလာဟလသတင်းများကြောင့် မကြာမီ စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်ပူပန်ပြီး လိုအပ်သည်ထက် ပိုမိုဝယ်ယူရန် မလိုအပ်ဘဲ ပုံမှန်သုံးစွဲမှုအတိုင်း စိတ်အေးချမ်းသာစွာ ဝယ်ယူနိုင်ကြောင်း သိရသည်။

Most Read

Most Recent