ချစ်ကြည်ရေးခရီး ရောက်ရှိလာသော ဗီယက်နမ်ဝန်ကြီးချုပ်အား သမ္မတ ဦးဝင်းမြင့်က ဧည့်ခံကြိုဆိုခဲ့ပြီး နယ်ပယ်စုံတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေး

ချစ်ကြည်ရေးခရီး ရောက်ရှိလာသော ဗီယက်နမ်ဝန်ကြီးချုပ်အား သမ္မတ ဦးဝင်းမြင့်က ဧည့်ခံကြိုဆိုခဲ့ပြီး နယ်ပယ်စုံတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေး
ဒီဇင်ဘာ ၁၇ ရက်က သမ္မတ ဦးဝင်းမြင့်နှင့်  ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ဆွန်ဖုတို့ နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နေစဉ် Photo: AFP
ဒီဇင်ဘာ ၁၇ ရက်က သမ္မတ ဦးဝင်းမြင့်နှင့်  ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ဆွန်ဖုတို့ နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နေစဉ် Photo: AFP
Published 17 December 2019
Ref: VNA



မြန်မာနိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ဆွန်ဖုနှင့်အဖွဲ့ကို ဒီဇင်ဘာ ၁၆ ရက်တွင် နေပြည်တော်၌ ဧည့်ခံကြိုဆိုခဲ့သည်။

ကြိုဆိုဧည့်ခံသည့် အခမ်းအနားပြီးနောက် နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ယင်းကဲ့သို့ တွေ့ဆုံဆွေးနွေးစဉ်အတွင်း နယ်ပယ်စုံတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးအတွက် ညှိနှိုင်းခဲ့ကြသည်။

ဦးဝင်းမြင့်နှင့် ငုယင်ဆွန်ဖုတို့သည် ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့အကြား ပြီးပြည့်စုံသော၊ ပူးပေါင်း ဆောင်ရွက်မှုရှိသော မိတ်ဖက်ပြုမှု အကျိုးရှိစွာ ကြီးထွား၍ လာနေကြောင်းနှင့် အဆင့်မြင့်အဆင့်ချင်း ပုံမှန်အပြန်အလှန် လည်ပတ်မှုနှင့် တွေ့ဆုံမှု၊ ပြည်သူအချင်းချင်း အပြန်အလှန် ဖလှယ်မှုတို့မှတစ်ဆင့်   အပြန်အလှန် နားလည်မှုနှင့် နိုင်ငံရေးဆိုင်ရာ ယုံကြည်မှု ကြီးထွားလာနေကြောင်းတို့နှင့် ပတ်သက်၍ အမြင်တူနေညီခဲ့ကြသည်။

ဗီယက်နမ်နိုင်ငံသည် အမြဲတမ်း အလွန်အလေးထားကြောင်းနှင့် နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးအတွက်နှင့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) နှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးတို့အတွက် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို မြှင့်တင်ရန် လိုလားကြောင်း ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ဆွန်ဖုက ပြောကြားခဲ့သည်။

စီးပွားရေး-ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု၊ ကာကွယ်ရေး-လုံခြုံရေး၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ စွမ်းအင်နှင့် တယ်လီဖုန်းဆက်သွယ်ရေး ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြောင်မြောက်သော အောင်မြင်မှုများ ရရှိခဲ့သည်ကို နှစ်နိုင်ငံ ခေါင်းဆောင်များက အလွန်တန်ဖိုးထားကြောင်း ပြောကြားခဲ့ကြသည်။

ယခုကဲ့သို့ နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံမှုသည် နှစ်ဖက်ကုန်သွယ်ရေးကို ၂၀၁၉ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော်သည်အထိ မျှော်မှန်းထားကြောင်း၊ ၂၀၂၀ ပြည့်နှစ်အတွက် ချမှတ်ထားသည့် ရည်မှန်းချက်ကို ကျော်လွန်အောင် ပြုလုပ်လိုကြောင်းနှင့် ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုစာရင်း၌လည်း ပဥ္စမနေရာသို့ ရောက်ရှိလာကြောင်း အလေးဂရုပြုဖွယ် ဖြစ်လာခဲ့သည်။

သမ္မတ ဦးဝင်းမြင့်သည် သူ၏ ညွှန်ကြားမှုများနှင့်အတူ ရှေ့ဆက်လျက်ရှိပြီး  မြန်မာနိုင်ငံ၌ ဗီယက်နမ် ရင်းနှီးမြှုပ်နှံသူများ၏ တရားဝင် အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ပြည့်ဝစေကြောင်း ငုယင်ဆွန်ဖုက ထောက်ပြပြောဆိုလျက် မြန်မာနိုင်ငံမှ ထိပ်တန်းခေါင်းဆောင်များနှင့် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော ဗီယက်နမ်လုပ်ငန်းများအကြား အပြန်အလှန် ဆွေးနွေးရန်နှင့် ပတ်သက်၍ အဖွဲ့အစည်းတစ်ရပ် ပြုလုပ်ရန် စဉ်းစားနေကြောင်းလည်း ငုယင်ဆွန်ဖုက ပြောကြားခဲ့သည်။

ချစ်ကြည်ရေးကို မြှင့်တင်နိုင်မည့် နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်ရေးကို တိုးချဲ့လုပ်ဆောင်ရန်နှင့် ယဉ်ကျေးမှု၊ အားကစား၊ အလုပ်သမားရေးရာနှင့် ပညာရေး သင်တန်းပေးခြင်းကဲ့သို့သော ကဏ္ဍများ၌ နှစ်နိုင်ငံအကြား ပြည်သူအချင်းချင်း ဖလှယ်ရေးပြုလုပ်ရန် နှစ်နိုင်ငံခေါင်းဆောင်တို့ သဘောတူညီခဲ့ကြသည်။

ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စများနှင့်ပတ်သက်၍ ဒေသတွင်းနှင့် နိုင်ငံတကာဖိုရမ်များ၌ အချင်းချင်း ဆက်လက် ထောက်ခံသွားကြရန်ကိုလည်း နှစ်နိုင်ငံခေါင်းဆောင်များ ကတိပြုခဲ့ကြသည်။

အရှေ့အာရှကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတကာဥပဒေကို လေးစားမှုအပေါ် အခြေခံလျက် ငြိမ်းချမ်းသော နည်းလမ်းများမှတစ်ဆင့် အငြင်းပွားမှုများကို ဖြေရှင်းရန်နှင့် အရှေ့ပင်လယ်၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရေးအား ကူညီရန် ဗီယက်နမ်၊ မြန်မာနှင့် အခြားအာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် အဖွဲ့၏ ရပ်တည်ချက်ကို ကျောထောက်နောက်ခံပြုပေးရန် လိုအပ်ကြောင်း နှစ်နိုင်ငံ ခေါင်းဆောင်တို့ ဆွေးနွေးခဲ့ကြသည်။

နှစ်နိုင်ငံ သံတမန်ဆက်သွယ်ရေး ထူထောင်မှု ၄၅ နှစ်မြောက် ဖြစ်သည့် ၂၀၂၀ ပြည့်နှစ်ဆီသို့ ဦးတည်သွားနေချိန် အရေးကြီးသော အောင်မြင်မှုများကို ရယူရန် ပါတီ၊ လွှတ်တော်များနှင့် အခြားနယ်ပယ် အသီးသီးတို့ အပါအဝင် ကဏ္ဍအားလုံး၌ ပူးပေါင်းဆောင်ရွက်ရေးကို အားကောင်းအောင် ပြုလုပ်ရန်အတွက် ၎င်း၏ ထောက်ခံမှုကို သမ္မတ ဦးဝင်းမြင့်က အတည်ပြုပြောကြားခဲ့သည်။

၂၀၂၀-၂၀၂၁ သက်တမ်းအတွက် ဗီယက်နမ်နိုင်ငံအနေဖြင့် အမြဲတမ်း မဟုတ်သော လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံအဖြစ် ရွေးချယ်ခံရခြင်းနှင့် ပတ်သက်၍လည်း ဗီယက်နမ်နိုင်ငံအပေါ် ချီးကျူးဂုဏ်ပြုပါကြောင်း ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

ဗီယက်နမ်ဝန်ကြီးချုပ်၏ ခရီးစဉ်သည် နှစ်နိုင်ငံအကြား ပြီးပြည့်စုံသည့် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖွဲ့မှုနှင့် အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ရန် အထောက်အကူပြုလိမ့်မည် ဖြစ်ကြောင်း ဦးဝင်းမြင့်က ပြောကြားခဲ့ပြီး ဗီယက်နမ်နိုင်ငံသည် အမြဲတမ်း မြန်မာနိုင်ငံ၏ ယုံကြည်ရပြီး ထောက်ခံအားပေးမှု ရှိသည့် မိတ်ဆွေဖြစ်ကြောင်း အထူးပြု ပြောကြားခဲ့သည်။