စည်ပင်က လမ်းတိုးချဲ့ရာတွင် လျှပ်စစ်ဌာနမှ လျှပ်စစ်ဓာတ်တိုင်များ လမ်းမပေါ်ရောက်ရှိ ကျန်နေခဲ့ခြင်းမျိုး မဖြစ်ပေါ်စေရေးအတွက် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြောကြား

စည်ပင်က လမ်းတိုးချဲ့ရာတွင် လျှပ်စစ်ဌာနမှ လျှပ်စစ်ဓာတ်တိုင်များ လမ်းမပေါ်ရောက်ရှိ ကျန်နေခဲ့ခြင်းမျိုး မဖြစ်ပေါ်စေရေးအတွက် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြောကြား
Published 2 December 2019
အောင်မင်းသိန်း

ယခင်ကာလများက ညှိနှိုင်းမှုအား နည်းခဲ့ခြင်းများကြောင့် စည်ပင်သာယာက လမ်းတိုးချဲ့ရာတွင် လျှပ်စစ်ဓာတ်တိုင်များ လမ်းမပေါ်ရောက်ရှိကျန်နေခဲ့ခြင်း၊ နောက်ပိုင်းကာလများတွင်မှ ဌာနဘတ်ဂျက်တောင်းခံ၍ ရွှေ့ပြောင်းပေးခဲ့ရမှုများရှိခဲ့ပါကြောင်း နှင့် နောင်တွင် အလားတူကိစ္စရပ်များ မဖြစ်ပေါ်စေရေးအတွက် ဌာနအချင်းချင်း ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်း အင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ပြောကြားသည်။

ဒီဇင်ဘာ ၂ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦး၏ စည်ပင်သာယာလုပ်ငန်းများ ဆောင်ရွက်ရာတွင် မလွတ်ကင်းသော ထရန်စဖော်မာများ၊ လျှပ်စစ်မီးတိုင်များ အချိန်မီ ရွှေ့ပြောင်းနိုင်ရန်အတွက် မည်သူက တာဝန်ယူဆောင်ရွက်မည်၊ မည်သည့်ဘတ် ဂျက်ဖြင့်ဆောင်ရွက်မည်ကို မူဝါဒ၊ လုပ်ထုံး လုပ်နည်းတစ်ရပ် တိတိကျကျချမှတ်ဆောင်ရွက်သွားရန် အစီအစဉ်ရှိ မရှိနှင့်စပ်လျဉ်း သည့် မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ယခင်ကာလများ၌ ထိုသို့ညှိနှိုင်းမှု အားနည်းခဲ့ခြင်းများကြောင့် ဥပမာတစ်ရပ်အနေဖြင့် စည်ပင်သာယာမှ လမ်းတိုးချဲ့ရာတွင် မိမိတို့၏ လျှပ်စစ်ဓာတ်တိုင်များ လမ်းမပေါ် မှာ ရောက်ရှိနေခြင်း၊ စောစောက ကိုယ်စား လှယ်ကြီး Power Point နဲ့ ပြတဲ့ပုံစံတွေဖြစ် ပါတယ်။ နောက်ပိုင်းကာလများမှာတော့ ဌာနရဲ့ဘတ်ဂျက်တောင်းခံ၍ ရွှေ့ပြောင်းပေခဲ့ရမှုများရှိခဲ့ပါကြောင်းနှင့် နောင်တွင် အလားတူကိစ္စမျိုး မဖြစ်ပေါ်စေရေးအတွက် ဌာနအချင်းချင်း ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ လုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနတစ်ခုနှင့် တစ်ခု ချိတ်ဆက်မိစွာဆောင်ရွက်နိုင်ရေး၊ နိုင်ငံတော်ဘဏ္ဍာ ချွေတာနိုင်ရေး၊ လုပ်ငန်းအစဉ်ပြေချောမွေ့စေရေးများအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဆောက်လုပ် ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်မြို့တော် စည် ပင်သာယာရေးကော်မတီစသည့် ဌာနများမှ လုပ်ငန်းများ မဆောင်ရွက်ခင် မိမိဆောင် ရွက်မည့်လုပ်ငန်းများအတွက် ပါဝင်ပတ်သက်သည့်ဌာနများကို ခေါ်ယူ၍ ကြိုတင်ချ ပြဆောင်ရွက်သွားရန် ဌာနတစ်ခုနှင့်တစ်ခု ညှိနှိုင်းပြီး လုပ်ငန်းနှင့်ဘက်ဂျက်လျာထား၍ ဆောင်ရွက်သွားကြရန်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မူဝါဒချမှတ်ပေးထားပြီးဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ပြောကြားသည်။

“ဆောင်ရွက်သော လုပ်ငန်းများအတွက် လိုအပ်သောဘတ်ဂျက်ကို သက်ဆိုင်ရာဌာနအလိုက် ဌာနဘတ်ဂျက်ဖြင့် တင်ပြဆောင်ရွက်သွားရန်နှင့် မလုံလောက်ပါက တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ကြိုတင် တင် ပြတောင်းခံသွားရန် လမ်းညွှန်ထားကြောင်း သိရှိရပါတယ်” ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ပြောကြားသည်။

တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် မူလရှိပြီး လမ်းတံတား၊ လျှပ်စစ်ဓာတ်အားလိုင်း၊ ဆက်သွယ်ရေးလိုင်းများအတွက် တိုးချဲ့တည်ဆောက်လိုသည့် ဌာနမှ ပြောင်းရွှေ့တည်ဆောက်ပေးရမည့် ဌာနအတွက် ကုန်ကျစရိတ်ကို တာဝန်ယူ ဆောင်ရွက်ပေးသွားရန်လည်း မူချ မှတ်ထားပြီးဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းကပြောကြားသည်။

 

 

Most Read

Most Recent