ICJ တွင် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားခြင်းကို ပြန်လည်တုံ့ပြန်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားပြုလုပ်ပြီး ရခိုင်ပြည်နယ်မှ အခြေအနေများသည် လူမျိုးသုဉ်း သတ်ဖြတ်မှုမဟုတ်ကြောင်း နိုင်ငံတကာသို့ သံတမန်လမ်းကြောင်းအရ ရှင်းလင်းမည်

ICJ တွင် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားခြင်းကို ပြန်လည်တုံ့ပြန်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားပြုလုပ်ပြီး ရခိုင်ပြည်နယ်မှ အခြေအနေများသည် လူမျိုးသုဉ်း သတ်ဖြတ်မှုမဟုတ်ကြောင်း နိုင်ငံတကာသို့ သံတမန်လမ်းကြောင်းအရ ရှင်းလင်းမည်
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားခြင်းအား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ပြန်လည်တုံ့ပြန်ရန် စီစဉ်ဆောင်ရွက်ထား ရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၃ ရက်က နိုင်ငံတော်သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ ကျင်းပစဉ်
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားခြင်းအား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ပြန်လည်တုံ့ပြန်ရန် စီစဉ်ဆောင်ရွက်ထား ရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၃ ရက်က နိုင်ငံတော်သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ ကျင်းပစဉ်
Published 24 November 2019
မင်းနိုင်စိုး

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားခြင်းအား နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ ပြန်လည်တုံ့ပြန်ရန် စီစဉ်ဆောင်ရွက်ထား ရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၃ ရက် နံနက် ၉ နာရီခွဲအချိန်တွင် နိုင်ငံတော်သမ္မတအိမ်တော် ငုရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားသို့ နိုင်ငံ့ထိပ်ပိုင်းခေါင်း ဆောင်များ တက်ရောက်ခဲ့ကြောင်းနှင့် ရခိုင်ပြည်နယ်မှ အခြေအနေများသည် လူမျိုးသုဉ်း သတ်ဖြတ်မှုမဟုတ်ကြောင်းကို နိုင်ငံတကာသို့ သံတမန်လမ်းကြောင်းအရ ရှင်းလင်းပြော ကြားသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါရှင်းလင်းပွဲသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယတပ် မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည် ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များ တက်ရောက်ခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာနှင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်များ၌ ARSA အကြမ်းဖက်အဖွဲ့က နယ်ခြားစောင့်ရဲကင်းစခန်းများအား စတင်တိုက်ခိုက်မှုအပေါ် ပြန်လည်တုံ့ပြန်နှိမ်နင်းမှုကြောင့် ဖြစ်ပွားခဲ့သည် ဆိုသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့်ပတ်သက်ပြီး တာဝန်ခံမှုရှိစေရေး (Accountability) အတွက် ယခုလအတွင်းတွင် နိုင်ငံတကာမျက်နှာစာ၌ နည်းလမ်းမျိုးစုံဖြင့် အရှိန်မြှင့်ဆောင်ရွက်လာသည်ကို တွေ့မြင် ရကြောင်း၊ ရခိုင်ပြည်နယ်ပြဿနာသည် ၂၀၁၂ ခုနှစ်မှစ၍ တစ်ကျော့ပြန်ကြီးထွားလာခဲ့ပြီး လက်ရှိအစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ရယူချိန်မှစ၍ ရခိုင်ပြည်နယ်အရေး ကိစ္စအား အဓိကဦးစားလုပ်ငန်းတစ်ရပ်အနေ ဖြင့် ကိုင်တွယ်ဖြေရှင်းရန် အလေးထားကြိုးပမ်းခဲ့ကြောင်း ယခုအခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ရှင်းလင်းတင်ပြသည်။

ရခိုင်ပြည်နယ်မှ ပဋိပက္ခများအား ဖြေ ရှင်းနိုင်ရန်အတွက် ကုလသမဂ္ဂအတွင်းရေး မှူးချုပ်ဟောင်း ဒေါက်တာကိုဖီအာနန် ဦး ဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး ကော်မရှင်ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာတွင် ဖွဲ့စည်းခဲ့ပြီး အဆိုပါဆောင်ရွက်ချက်ကို ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံများက အ သိအမှတ်ပြုခဲ့ကာ အကျိုးဆက်အနေဖြင့် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီတွင် ၁၉၉၁ ခုနှစ်မှစ၍ EU က နှစ်စဉ်တင်သွင်းခဲ့သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အဆိုမူကြမ်းကို ၂၀၁၆ ခုနှစ်တွင် ဆက်လက်တင်သွင်းခြင်းမရှိတော့ဘဲ ရပ်ဆိုင်းခဲ့သည့်အပြင် အမေရိကန်နိုင်ငံက လည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးကန့်သတ်ပိတ်ပင်မှုများကို ဖယ်ရှားပေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ရှင်းလင်းတင်ပြသည်။

သို့သော်လည်း ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ လုံခြုံ ရေးစခန်းများအား ARSA အကြမ်းဖက်အဖွဲ့ က စတင်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက်တွင် ဘင်္ဂလားဒေ့ရှ် နယ်စပ်နှင့် ရခိုင်ပြည်နယ် တောင်ပိုင်း လုံခြုံသည့်နေရာများသို့ နေရပ် စွန့်ခွာသူ အမြောက်အမြား တိမ်းရှောင်ခဲ့ကြ ပြီး ထိုသို့ လူသားချင်းစာနာမှုဆိုင်ရာ အခြေ အနေများကြောင့် နိုင်ငံတကာက ရခိုင်ကိစ္စအပေါ် အထူးအာရုံစိုက်လာကာ နိုင်ငံတကာ၏ဖိအားများလည်း ပြန်လည်မြှင့်တက်လာခဲ့ကြောင်း၊ ပြည်တွင်းမှ တုံ့ပြန်ဖြေရှင်းမှုနှင့် သဘောထားအမြင်များကို နိုင်ငံတကာဘက် မှ လျစ်လျူရှု၍ ဖိအားပေးမှုများသာ ပိုမိုပြု လုပ်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားသည်။

ထို့နောက် အစိုးရက နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံနိုင်ရေးတွက် ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အာဆီယံနှင့် မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့မှုများနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဖြစ်ရပ်များအပေါ် အစိုးရနှင့် တပ်မတော်တို့က စုံစမ်းစစ် ဆေးရေးအဖွဲ့များ ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးမှု ဆောင်ရွက်နေမှုအခြေအနေများအား ပြည် ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နေရပ်စွန့်ခွာသူများအ ရေးဖြေရှင်းနိုင်ရေးအတွက် ပူးပေါင်းဆောင် ရွက်ရမည့်အစား နိုင်ငံရေး၊ စီးပွားရေးပိုမို ဖိ အားပေးနိုင်ရေးအတွက်သာ OIC နိုင်ငံများ၏ အင်အားကိုယူ၍ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ မျက်နှာစာပေါင်းစုံတွင် ချဉ်းကပ် စည်းရုံးနေခဲ့သည်ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ အခြေအနေနှင့်ပတ်သက် ၍ လူ့အခွင့်အရေးကောင်စီ၊ အထူးအစီရင်ခံ စာတင်သွင်းသူ၊ နိုင်ငံတကာအချက်အလက် ရှာဖွေရေးအဖွဲ့ (FFM) ၊ လွတ်လပ်သောစုံစမ်း စစ်ဆေးရေးယန္တရား (IIMM) ၊ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်၊ အထွေထွေညီလာခံ တတိယကော်မတီနှင့် လုံခြုံရေး ကောင်စီ စသည့် ကုလသမဂ္ဂယန္တရားခုနစ်ခု ဖြင့် မြန်မာနိုင်ငံကို လေ့လာစောင့်ကြည့်လျက်ရှိသော်လည်း မြန်မာနိုင်ငံအနေဖြင့် အဆိုပါ ယန္တရားများ ဖွဲ့စည်းဆောင်ရွက်ခြင်းကို ကန့်ကွက်ထားကြောင်း၊ ကုလသမဂ္ဂယန္တ ရားများအရ မြန်မာနိုင်ငံကို အရေးယူနိုင်မည့် အခြေအနေ မရှိသေးသည့်အတွက် OIC နိုင်ငံများသည် အပြည်ပြည်ဆိုင်ရာ တရား စီရင်မှု လမ်းကြောင်းမှ မြန်မာနိုင်ငံအား အ ရေးယူဆောင်ရွက်နိုင်ရေးနည်းလမ်းကို ကြိုးပမ်းလာကြခြင်းဖြစ်‌ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

“Universal Jurisdiction ” မူအရ မြန်မာနိုင်ငံအစိုးရ၊ တပ်မတော်ခေါင်းဆောင်များအား လူသားမျိုးနွယ်များအပေါ် ကျူး လွန်မှုနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှုတို့ကို ကာ ကွယ်တားဆီး အပြစ်ပေးအရေးယူခြင်း မပြုလုပ်ခဲ့သည့်အတွက် လူ့အခွင့်အရေးအဖွဲ့များ က အာဂျင်တီးနား ဖက်ဒရယ်တရားရုံး၌ တရား စွဲ ဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းမှာ လူမျိုးသုဉ်း သတ်ဖြတ်မှုကိစ္စမျိုးဖြစ်ပါက မည်သည့်နိုင်ငံ ကမဆို အရေးယူခွင့်ရှိရမည်ဆိုသည့် “Universal Jurisdiction ” မူဖြင့် မဟုတ်မမှန် စွပ် စွဲထားသည့်ကိစ္စဖြစ်ကြောင်း၊ ယင်းအပေါ် မြန်မာနိုင်ငံအနေဖြင့် ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းခြင်းပြုမည်မဟုတ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အခြေ အနေများမှာ လူမျိုးသုဉ်းသတ်ဖြတ်မှုမဟုတ် ကြောင်းနှင့် ပကတိဖြစ်ရပ်မှန်များကို သံ တမန်လမ်းကြောင်းအရ နိုင်ငံတကာကို ဆက် လက်ရှင်းလင်းပြောကြားမှုများ ပြုလုပ်သွား မည်သာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ လာမည့် ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ မြန်မာနိုင်ငံနှင့် ဂမ်ဘီယာနိုင်ငံ တို့မှ နှုတ်ဖြင့် လျှောက်လဲချက်တင်သွင်းရန် အပြည်ပြည်ဆိုင်ရာတရားရုံးက အချိန်ဇယား သတ်မှတ်ခဲ့ကြောင်း၊ ICJ ၏ စာချုပ်၊ အပိုဒ် ၅၃(၁)အရ တစ်ဖက်အမှုသည်နိုင်ငံသည် တရားရုံး၌ သွားရောက်အမှုရင်ဆိုင်ခြင်းမရှိ လျှင် သို့မဟုတ် အမှုကို ကာကွယ်ချေပခြင်း မရှိလျှင် အခြားတစ်ဖက်အမှုသည်နိုင်ငံက အမှုကို ယင်းအား အနိုင်ပေးဆုံးဖြတ်ရန် တရားရုံးသို့ တောင်းဆိုနိုင်မည်ဖြစ်ကြောင်းနှင့် ICJ တွင် မြန်မာနိုင်ငံအား ဂမ်ဘီယာနိုင်ငံ က တရားစွဲဆိုထားမှုအပေါ် စနစ်တကျ ပြင် ဆင်၍ ဖြစ်ရပ်မှန်များ တင်ပြနိုင်ရေးနှင့် အစိုးရ ၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့် လက်ရှိ နိုင်ငံတကာတွင် ဖြစ်ပေါ်နေသည့် အခြေအ နေများကို အစိုးရအဖွဲ့ဝင်များသာမက အများ ပြည်သူသိရှိ နားလည်စေရန် ရှင်းလင်းပြော ကြားရခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။

ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့် ဆွေက ရှင်းလင်းပြောကြားရာတွင် ဂမ်ဘီယာ နိုင်ငံ၏ လျှောက်ထားချက်များမှာ မြန်မာနိုင်ငံသည် ပုဒ်မ(၃)၊ အပိုဒ်ခွဲ(က)အရ လူမျိုး တုံးသတ်ဖြတ်မှုကျူးလွန်ခြင်း၊ ပုဒ်မ(၃)၊ အ ပိုဒ်ခွဲ(ခ)အရ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန် ရန် လျှို့ဝှက်ကြံစည်ခြင်း၊ ပုဒ်မ(၃)၊ အပိုဒ်ခွဲ (ဂ) အရ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရန် လှုံ့ဆော်ခြင်းနှင့် စီမံညွှန်ကြားခြင်း၊ ပုဒ်မ(၃)၊ အပိုဒ်ခွဲ(ဃ) အရ လူမျိုးတုံးသတ်ဖြတ်မှု ကျူး လွန်ရန် ကြံစည်ခြင်း၊ ပုဒ်မ(၃)၊ အပိုဒ်ခွဲ(င)အား ချိုးဖောက်၍ လူမျိုးတုံးသတ်ဖြတ်မှုအား ပါဝင်ကျူးလွန်ခြင်း၊ ပုဒ်မ(၁)အရ လူမျိုးတုံး သတ်ဖြတ်မှုအား တားမြစ်ရန် ပျက်ကွက်ခြင်း၊ ပုဒ်မ(၁)၊ ပုဒ်မ(၄)နှင့် ပုဒ်မ(၆)တို့အရ လူမျိုး တုံးသတ်ဖြတ်မှုအား အပြစ်ပေးရန် ပျက်ကွက် ခြင်း၊ ပုဒ်မ(၅)အရ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သူများ (သို့မဟုတ်) ပုဒ်မ(၃)တွင် ပြ ဋ္ဌာန်းထားသော ပြစ်မှုများကို ကျူးလွန်သူများ အား ထိရောက်သည့် ပြစ်ဒဏ်ချမှတ်နိုင်ရန် လိုအပ်သော ပြဋ္ဌာန်းထားမှုမရှိခြင်းတို့ ကျူး လွန်ခဲ့သည်ဟု စွပ်စွဲထားကြောင်း ပြောကြား သည်။ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် မြန်မာ နိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ရန်အ တွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ် တိုင် ဦးစီးဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဂမ် ဘီယာနိုင်ငံ၏ တရားစွဲဆိုချက်ကို တုံ့ပြန်ရန် အတွက် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမှ ကျွမ်းကျင်သည့် ဥပဒေပညာရှင်ရှေ့နေကြီး များ ငှားရမ်းထားပြီးဖြစ်ကြောင်း ပြည်ထောင် စုဝန်ကြီး ဦးကျော်တင့်ဆွေက ရှင်းလင်းတင် ပြသည်။ သာမန်အားဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ရင်ဆိုင်ဖြေရှင်းကြရာ၌ သက် ဆိုင်ရာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးများကို ကိုယ်စားလှယ်အဖြစ် ခန့်အပ်ဆောင်ရွက် လေ့မရှိကြောင်း၊ ဂမ်ဘီယာနိုင်ငံအနေဖြင့် လည်း ၎င်းင်းတို့၏ တရားရေးဝန်ကြီးနှင့် ရှေ့နေ ချုပ်ကို ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထား ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ၏အကျိုး စီးပွား၊ နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် တရားစွဲဆို ခံရခြင်းနှင့်ပတ်သက်သည့် အရေးကိစ္စအား လုံးကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ရန်အ တွက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ နိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထား ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့် ဆွေက ပြောကြားသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေကို ပူးတွဲကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားပြီး မြန်မာနိုင်ငံ၏ အကျိုးစီးပွားကာကွယ်ရန် အတွက် နယ်သာလန်နိုင်ငံ The Hague မြို့ သို့ စေလွှတ်မည့် ကိုယ်စားလှယ်အဖွဲ့ကို စနစ်တကျ ပြင်ဆင်စုဖွဲ့၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအနေဖြင့် ဦးဆောင်သွားရောက်ရန်ရှိကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်သည်။

 

 

 

Most Read

Most Recent