PSG အသင်းတွင် နေမာ အဆင်ပြေကြောင်း ဗာရက်တီ ပြောကြား

PSG အသင်းတွင် နေမာ အဆင်ပြေကြောင်း ဗာရက်တီ ပြောကြား
Photo: Reuters
Photo: Reuters
Published 13 November 2019

PSG အသင်းကွင်းလယ်လူ ဗာရက်တီက နေမာအနေဖြင့် အသင်းတွင် အဆင်ပြေကြောင်း ပြောကြားခဲ့သည်။ 

PSG အသင်းကွင်းလယ်လူ ဗာရက်တီက နေမာအနေဖြင့် အသင်းတွင် အဆင်ပြေကြောင်း ပြောကြားခဲ့သည်။ 

အသက် (၂၇)နှစ်အရွယ်ရှိ ဘရာဇီးလ်တိုက်စစ်မှူး နေမာသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ဘာစီလိုနာအသင်းသို့ ပြန်လည်ပြောင်းရွှေ့ရန် တောင်းဆိုခဲ့သဖြင့် အသင်းပရိသတ်များ၏ ဒေါသထွက်ခြင်းကို ခံနေရသူဖြစ်သည်။ 

ထို့ကြောင့် PSG အသင်းပရိသတ်များသည် ယခုရာသီ PSG အသင်းပွဲစဉ်များတွင် နေမာကို လှောင်ပြောင်မှု ပြုလုပ်ခဲ့ကြသည်။ သို့သော် ဗာရက်တီက PSG အသင်းတွင် နေမာ မပျော်မရွှင်ဖြစ်နေသည်ဟု မီဒီယာများ၏ ဖော်ပြမှုမှာ မဟုတ်မှန်ကြောင်း ပြောကြားခဲ့သည်။

ဗာရက်တီက "PSG အသင်းမှာ နေမာ အဆင်ပြေပါတယ်။ အထူးသဖြင့် သူဟာ ကွင်းအတွင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားနေတာပါ။ နေမာအနေနဲ့ PSG အသင်းက ထွက်ချင်ခဲ့တယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ PSG အသင်းမှာ သူဆက်ရှိနေပါတယ်။ လက်ရှိမှာတော့ နေမာဟာ ဒဏ်ရာကြောင့် အနားယူနေရပါတယ်။ သူ့အနေနဲ့ အသင်းအတွက် အကောင်းဆုံး ကူညီပေးဖို့ အသင့်ရှိနေပါတယ်"ဟု ပြောကြားခဲ့သည်။ 

နေမာသည် ယခုရာသီတွင် PSG အသင်းအတွက် လီဂူးပွဲစဉ် (၅)ပွဲတွင် (၄)ဂိုး သွင်းယူပေးနိုင်ခဲ့သော်လည်း တံကောက်ကြောဒဏ်ရာကြောင့် အောက်တိုဘာ (၅)ရက်ကတည်းက အနားယူနေရသူဖြစ်သည်။ 

လက်ရှိတွင် နေမာ၏ ဒဏ်ရာအခြေအနေမှာ တိုးတက်ကောင်းမွန်လာပြီး ယခုလကုန်ပိုင်းတွင် ပြန်လည်ကစားနိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။ နေမာသည် PSG အသင်းအတွက် (၃)ရာသီအတွင်း ပြိုင်ပွဲစုံ (၆၃)ပွဲတွင် (၅၅)ဂိုးအထိ သွင်းယူပေးထားသည်။ 

 

Most Read

Most Recent