ကချင်ပြည်နယ်တွင် အခြေခံမဲဆန္ဒရှင် ၁၀ သိန်းကျော်ရှိပြီး နယ်မြေလုံခြုံရေးအခြေအနေကြောင့် မဲစာရင်းမကောက်နိုင်သည့်ကျေးရွာအုပ်စု ၂၀၀ ကျော်ရှိ

ကချင်ပြည်နယ်တွင် အခြေခံမဲဆန္ဒရှင် ၁၀ သိန်းကျော်ရှိပြီး နယ်မြေလုံခြုံရေးအခြေအနေကြောင့် မဲစာရင်းမကောက်နိုင်သည့်ကျေးရွာအုပ်စု ၂၀၀ ကျော်ရှိ
Published 2 November 2019
ဉာဏ်လင်းထွန်း

 ကချင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် နယ်မြေလုံခြုံရေး အခြေအနေရ မဲစာရင်း မ ကောက်ခံနိုင်ခဲ့သော်လည်း ကောက်ယူပြီးစီးခဲ့သည့် အခြေခံမဲစာရင်းအရ ဆန္ဒမဲပေးနိုင်သူ ၁၀ သန်းကျော်ရှိကြောင်း ပြည်နယ်ရွေး ကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးထွန်း အောင်ခိုင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ရွေးကောက်ပွဲကျင်းပမည့်အချိန်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချိန်တွင် မဲစာရင်းအတိအကျကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး လက်ရှိ ကြားကာလအခြေအနေတွင် မဲစာရင်း အ တိုး၊ အလျှော့ကို လစဉ်စိစစ်သွားမည်ဟု ၎င်းက ဆိုသည်။

“ရွေးကောက်ပွဲကလည်း နည်းနည်းဝေးနေသေးတော့ ဒီကြားထဲမှာတော့ Updated လုပ်နေဦးမှာပေါ့။ လစဉ်အတိုးအလျှော့ Updated လုပ်နေမယ်။ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ကနေ အခုကောက်ထားတဲ့ မဲစာရင်းတွေ ထုတ်ပြန်ကြေညာဖို့ ညွှန်ကြားချက်ရလာတယ်ဆိုရင် အရင်ရွေးကောက် ပွဲတွေလိုပဲ ၁၄ ရက် ထုတ်ပြန်ကြေညာမှာပေါ့။ အဲဒီကျရင် အများပြည်သူလာကြည့်လို့ရမယ်။ ကြည့်ပြီးလို့မှ လိုအပ်ချက်တွေရှိတယ်။ ကျန်ခဲ့တယ်။ ပယ်ဖျက်စရာတွေ၊ ဖြည့်စွက်စရာတွေ ရှိတယ်ဆိုရင် ရွေးကောက်ပွဲ ဥပဒေအတိုင်း အဲဒီအချိန်ကျရင် ရလာမှာပေါ့” ဟု ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်က ပြောကြားသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စိုးမိုးသည့်နေရာနှင့် နယ်မြေလုံခြုံရေးအရ သွား လာရန်အခက်အခဲရှိသည့် မြို့နယ်များရှိခြင်းကြောင့် တစ်ပြည်နယ်လုံး လွှမ်းခြုံသည့် အ ခြေခံမဲစာရင်းရရှိရေးတွင် အခက်အခဲရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

ကချင်ပြည်နယ်တွင် မြို့နယ် ၁၈ ခုရှိပြီး လူဦးရေ ၁၅ သိန်းကျော်ရှိကာ မိုးညှင်း၊ မိုး ကောင်းနှင့် ဖားကန့်မြို့မှလွဲ၍ အခြားသော မြို့နယ် ၁၅ ခုရှိ ရက်ကွက်၊ ကျေးရွာအုပ်စု ၂၀၂ ခု၌ မဲစာရင်း မကောက်ယူနိုင်ခဲ့ကြောင်း ဦးထွန်းအောင်ခိုင်က ပြောကြားသည်။

“နယ်မြေအခြေအနေပေးလို့ သူတို့ ပြန်လာနေတယ်။ သူတို့ ရပ်ရွာ မူရင်းဒေသ ပြန် ရောက်လာကြပြီဆိုရင်တော့ ကျွန်တော်တို့ ကောက်တယ်။ ပြန်မလာကြသေးဘူးဆိုတဲ့ သူတွေကျတော့ သူတို့ ရောက်နေတဲ့ IDP (နေရပ်စွန့်ခွာဒုက္ခသည်စခန်း) တွေမှာ အဲဒီ စခန်းဖွင့်ထားတဲ့ ရပ်ကွက်၊ ကျေးရွာအုပ်စု တွေက ကောက်တယ်။ လုံးဝသွားမရတဲ့ နယ်မြေတွေကျတော့ IDP စခန်းကိုလည်း မလာ ဘူး။ နဂိုကတည်းကလည်း လက်နက်ကိုင်ကြီးစိုးတဲ့နေရာ။ သူတို့ရဲ့အတွင်းပိုင်းနယ် မြေတွေက ကျေးရွာတွေ။ ဒါတွေကျတော့ နဂိုကတည်းက စခန်းကိုလည်း လာတာ မဟုတ်ဘူး။ သူတို့ဟာ သူတို့အထဲမှာပဲ နေ နေကြတာ။ ကျွန်တော်တို့လည်း သွားလို့မရ ဘူး။ အဲဒါမျိုးတွေကတော့ မပါဘူးပေါ့” ဟု ၎င်းက ပြောကြားသည်။

ကချင်ပြည်နယ်ကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တည်ရှိပြီး တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားလေ့ရှိသည့် ရှမ်း ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်လည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်း ကောက်ယူပြီးဖြစ် ကြောင်း ယင်းပြည်နယ်များ၏ ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲများမှ သိရသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် ၂၀၁၉ ခုနှစ်ကို မဲဆန္ဒရှင်စာရင်းပြုစုရေးနှစ်အဖြစ် သတ်မှတ်ကာ ဇူလိုင်လမှ စက်တင်ဘာလ အထိ မဲစာရင်းကောက်ယူမှုလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ သိရသည်။

မဲစာရင်းကောက်ယူပြုစုခြင်းကို ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သက် ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အဖွဲ့ခွဲ များနှင့်အတူ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနက ကောက်ခံပေးသည့် မြို့နယ် အတွင်း နေထိုင်သူစာရင်းကို လူဝင်မှုကြီး ကြပ်ရေးဌာနမှ ပြန်လည်စိစစ်ကာ အဆိုပါ စိစစ်ထားသည့် လူဦးရေစာရင်းအပေါ် အ ခြေခံ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက မဲစာရင်း ပြုစုခြင်းဖြစ်သည်။

လက်ရှိ ကောက်ယူပြီးစီးသည့် အခြေခံ မဲဆန္ဒရှင်စာရင်းအရ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်သူ ၃၉ သန်း ခန့်ရှိနိုင်ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲထက် ငါးသန်းတိုးလာမည်ဟု ခန့်မှန်းထား ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြော ကြားထားသည်။                  

 

 

 

Most Read

Most Recent