ဟောင်ကောင်၌ ကျင်းပခဲ့သည့် ရပ်ဝန်းနှင့် ပိုးလမ်းမညီလာခံ ၂၀၁၉ တွင် ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်နိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

ဟောင်ကောင်၌ ကျင်းပခဲ့သည့် ရပ်ဝန်းနှင့် ပိုးလမ်းမညီလာခံ ၂၀၁၉ တွင် ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်နိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 14 September 2019
နီလာ

ဟောင်ကောင်၌ ကျင်းပသည့် ရပ်ဝန်းနှင့် ပိုးလမ်းမညီလာခံ ၂၀၁၉ တွင် ရပ်ဝန်း နှင့်ပိုးလမ်းမတစ်လျှောက်တွင်ရှိသော နိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးဦးသောင်းထွန်းက ပြောကြားသည်။

4th Belt and Road Summit 2019 အား ဟောင်ကောင်အထူးအုပ်ချုပ် ခွင့်ရဒေသ အစိုးရနှင့် ဟောင်ကောင်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီတို့မှကြီးမှူး၍ ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်တွင်ရှိ သည့်  နိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။

စတုတ္ထအကြိမ်မြောက် ရပ်ဝန်းနှင့်ပိုး လမ်းမညီလာခံ၂၀၁၉ ကျင်းပခြင်းဖြင့် တက်ရောက်လာသည့် ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အတွေးအမြင်များ ဖလှယ်နိုင်ခြင်း၊အစိုးရ ကဏ္ဍမှ အဆင့်မြင့်အရာရှိကြီးများနှင့် ပုဂ္ဂလိက ကဏ္ဍမှခေါင်းဆောင်များအကြား ခိုင်မာသည့် စီးပွားရေးအခွင့်အလမ်းများအား ဖော်ထုတ်နိုင်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါညီလာခံသို့ ရပ်ဝန်းနှင့်ပိုးလမ်းမတစ်လျှောက်တွင်ရှိသည့် နိုင်ငံပေါင်း ၆၉ နိုင်ငံမှ ကိုယ်စားလှယ်ပေါင်း ၅၈၀၀ ကျော်တက်ရောက်ခဲ့သည်။

ဟောင်ကောင်နှင့် မြန်မာနိုင်ငံသည် မဟာဗျူဟာကျသည့်တည်နေရာတွင်ရှိနေသည့်  အဓိက စီးပွားရေးဝင်ပေါက်တစ်ခုဖြစ်ပြီး ထောက်ပ့ံပို့ဆောင်ရေးဆိုင်ရာ ဗဟိုချက်ဒေ သတစ်ခုလည်းဖြစ်ကြောင်း၊ ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်လျက်ရှိသော ဒေသဖြစ်သကဲ့သို့ မြန် မာနိုင်ငံသည်လည်း စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသောနိုင်ငံဖြစ်သည့်အတွက် နှစ်နိုင်ငံအကြားသော်လည်းကောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်တွင်ရှိသော နိုင်ငံများနှင့်သော် လည်းကောင်း အကျိုးကျေးဇူးများကို မျှဝေခံစားလျက် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန် ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပါဝင်ဆွေးနွေးရာ၌ ယခုအခါ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာနိုင်ငံများတွင် စီးပွားရေးလွယ်ကူချောမွေ့စေရေးအတွက် ဖြေလျှော့ပေးမှုများရှိနေသကဲ့သို့ ကိုယ် ကျိုးစီးပွားကာကွယ်ရေးမူဝါဒများကို ကျင့်သုံးနေသည်လည်းရှိကြောင်း၊ အဆိုပါနိုင်ငံစုံနှင့် ဒေသဆိုင်ရာအုပ်စုတွင်ပါဝင်သည့် မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများ နှင့် သာမက ဆွေးနွေးဖက်နိုင်ငံများနှင့်ပါ ချိတ်ဆက်၍ ကုန်သွယ်မှု အဆင်ပြေချော မွေ့စေရန် ဆောင်ရွက်နေကြောင်း၊အထူး သဖြင့်ဆိပ်ကမ်းနှင့် ရေနံပိုက်လိုင်းချိတ်ဆက်မှုမှာ ကျောက်ဖြူမှ ဂွမ်ဆီ-ယူနန်အထိ  ချိတ်ဆက်ပြီးဖြစ်ကြောင်း၊ မြန်မာအစိုးရမှ ရေးဆွဲထားသော Myanmar Substainable Development Plan သည်လည်း Belt & Road Initiative အကောင်အထည်ဖော်မှုအား ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ငွေရေးကြေးရေးကဏ္ဍ၊ထောက်ပံ့ပို့ဆောင်မှုကဏ္ဍ၊ စက်မှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုတိုး မြှင့်ခြင်းဖြင့် အထောက်အကူပြုမည်ဖြစ် ကြောင်း  ပြောကြားခဲ့သည်။