ကုန်ပစ္စည်းချင်းဖလှယ်သည့် ကုန်သွယ်မှုစနစ်အရ ပို့ကုန်သွင်းကုန်အတွက် နိုင်ငံခြားငွေပြန်လည်ရရှိမှုနှင့် ပေးချေခြင်းမှ ကင်းလွတ်ခွင့်ပုံစံများ လျှောက်ထားရမည်

ကုန်ပစ္စည်းချင်းဖလှယ်သည့် ကုန်သွယ်မှုစနစ်အရ ပို့ကုန်သွင်းကုန်အတွက် နိုင်ငံခြားငွေပြန်လည်ရရှိမှုနှင့် ပေးချေခြင်းမှ ကင်းလွတ်ခွင့်ပုံစံများ လျှောက်ထားရမည်
Published 30 May 2024

ကုန်သွယ်ဖက်နှစ်နိုင်ငံအကြား ကုန်ပစ္စည်းချင်းအပြန်အလှန်ဖလှယ်သည့် ကုန်သွယ်မှုစနစ်အရ ပို့ကုန်သွင်းကုန်အတွက် နိုင်ငံခြားငွေပြန်လည်ရရှိမှုနှင့် ပေးချေခြင်းမှ ကင်းလွတ်ခွင့်ပုံစံများ လျှောက်ထားရန် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ကုန်သွယ်ဖက်နှစ်နိုင်ငံအကြား ကုန်ပစ္စည်းချင်း အပြန်အလှန်ဖလှယ်သည့် ကုန်သွယ်မှုစနစ် (Barter Transaction Arrangement-BTA) အရ ပို့ကုန်တင်ပို့ခြင်းမှ နိုင်ငံခြားငွေ ပြန်လည်ရရှိမှု ကင်းလွတ်ခွင့်ပုံစံ Export Bill Receivable Exemption (EBRE) နှင့် သွင်းကုန်တန်ဖိုးအတွက် နိုင်ငံခြားငွေပေးချေခြင်းမှ ကင်းလွတ်ခွင့်ပုံစံ Import Bill Payment Exemption (IBPE) ပေးပို့ရာတွင် ဆောင်ရွက်ရမည့် အစီအစဉ်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနကြီးမှ ထုတ်ပြန်ထားသည်။

ကုန်သွယ်ဖက်နှစ်နိုင်ငံအကြား ကုန်ပစ္စည်းချင်း အပြန်အလှန်ဖလှယ်သည့် ကုန်သွယ်မှုစနစ် (Barter Transaction Arrangement-BTA) အရ ပို့ကုန်တင်ပို့ပြီးပါက ပို့ကုန်အတွက် နိုင်ငံခြားငွေ ပြန်လည်ရရှိမှု ကင်းလွတ်ခွင့် Export Bill Receivable Exemption (EBRE) ပုံစံ ပူးတွဲ-၁ အား အထောက်အထားများနှင့်အတူ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနကြီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ လိပ်မူပေးပို့ရမည်ဖြစ်သည်။

ကုန်သွယ်ဖက်နှစ်နိုင်ငံအကြား ကုန်ပစ္စည်းချင်း အပြန်အလှန်ဖလှယ်သည့် ကုန်သွယ်မှုစနစ် (Barter Transaction Arrangement-BTA) အရ သွင်းကုန်တင်သွင်းပြီးပါက သွင်းကုန်တန်ဖိုးအတွက် နိုင်ငံခြားငွေပေးချေခြင်းမှ ကင်းလွတ်ခွင့် Import Bill Payment Exemption (IBPE) ပုံစံ ပူးတွဲ-၂ အား အထောက်အထားများနှင့်အတူ ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနကြီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ လိပ်မူပေးပို့ရမည်ဖြစ်သည်။

Allowed Shipment Notification၊ Release Order Notification မိတ္တူ၊ Barter System ဖြင့် ခွင့်ပြုခဲ့သည့် Import/Export license၊ Sale Contract နှင့် အခြားလိုအပ်သည့်အထောက်အထားတို့အား ပူးတွဲတင်ပြရန်ဖြစ်သည်။

အဆိုပါပုံစံအား email-femd@ cbm.gov.mm သို့ ပေးပို့ရန်ဖြစ်သည်။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနကြီးက စာကို လက်ခံရရှိပါက လက်ခံရရှိကြောင်း well received ပြန်လည်ပေးပို့မည်ဖြစ်ကြောင်း၊ အီးမေလ်းပို့ပြီး အလုပ်လုပ်ရက် နောက်တစ်ရက်အထိ လက်ခံရရှိကြောင်း message ကို မရရှိပါက ပေးပို့ခဲ့သည့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဌာနကြီး၏ အီးမေးလ်မှန်မှန်ကို ထပ်မံစစ်ဆေးရန်၊ အီးမေးလ်မှန်ပါက ဖုန်း-၀၁-၅၄၃၅၁၁ လိုင်းခွဲ- ၄၆၁၊ ၄၆၂ တို့သို့ ဆက်သွယ်စုံစမ်းရန်ဖြစ်သည်။

Barter System အရ IBPE နှင့် EBRE လျှောက်ထားရမည့်အစီအစဉ်နှင့် Form ပုံစံများကို ကုန်သည်စက်မှုအသင်းချုပ်မှတစ်ဆင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ညီနောင်အသင်းများ၊ နယ်စပ်ကုန် သွယ်ရေးအသင်းများသို့ အကြောင်းကြားထားကြောင်းလည်း သိရသည်။

Most Read

Most Recent