အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ရန်ကုန်-စင်ကာပူ လေကြောင်းခရီးစဉ်ကို နေ့စဉ်နှစ်ကြိမ် ပျံသန်းနေပြီး ၁၃၆ ဒေါ်လာမှ စတင်ဝယ်ယူနိုင်

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ရန်ကုန်-စင်ကာပူ လေကြောင်းခရီးစဉ်ကို နေ့စဉ်နှစ်ကြိမ် ပျံသန်းနေပြီး ၁၃၆ ဒေါ်လာမှ စတင်ဝယ်ယူနိုင်
Published 11 June 2024

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)က ရန်ကုန်-စင်ကာပူလေကြောင်း ခရီးစဉ်အား နေ့စဉ်နှစ်ကြိမ် ပျံသန်းနေပြီး ၁၃၆ ဒေါ်လာမှ စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

(MAI)၏ ၁၃၆ဒေါ်လာမှစတင်မည့်  ရန်ကုန်-စင်ကာပူလေကြောင်း ခရီးစဉ်အတွင်း onboard meal တည်ခင်းခြင်း၊ ခရီးဆောင်အိတ်သယ်ယူခွင့် Business Class  အတွက် 40 Kg, Economy  Class အတွက် 30 Kg  နှင့် ၇၀ ကျော်သော Sky Deals Partner ထံတွင် ၃၀ ရာခိုင်နှှုန်း လျှော့စျေးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

(MAI)က ရန်ကုန်-ဆိုးလ် လေကြောင်း ခရီးစဉ်အား အပတ်စဉ်လေးကြိမ် ပျံသန်းနေပြီး ၂၈၃ ဒေါ်လာမှ စတင်ဝယ်ယူနိုင်သည်။ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)က ရန်ကုန်မြို့မှ ဒေလီ၊ ချန်နိုင်း၊ ကာလကတ္တား မြို့များသို့ လေကြောင်းခရီးစဉ်များ ပျံသန်းနေပြီး ၁၁၂ ဒေါ်လာမှ စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

MAIက ရန်ကုန်-ဒေလီ ခရီးစဉ်အား အပတ်စဉ်သုံးကြိမ်ပျံသန်းနေပြီး ၁၇၂ ဒေါ်လာမှစ၍လည်းကောင်း၊ ရန်ကုန်-ချန်နိုင်း ခရီးစဉ်အားအပတ်စဉ် စနေနေ့တိုင်း ပျံသန်းနေပြီး ၂၃၉ ဒေါ်လာမှစ၍ လည်းကောင်း၊ ရန်ကုန်-ကာလကတ္တား ခရီးစဉ်အား အပတ်စဉ် ကြာသပတေးနှင့် တနင်္ဂနွေနေ့တိုင်းပျံသန်းနေပြီး ၁၁၂  ဒေါ်လာမှ စတင်ဝယ်ယူနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ဒေသတွင်းရှိ အာဆီယံနိုင်ငံများအကြား လေကြောင်းခရီးစဉ်များအကြိမ်ရေတိုးမြှင့်ပျံသန်းနိုင်ရန် အပြည်ပြည် ဆိုင်ရာမြန်မာလေကြောင်း (MAI)သို့ ATR 72-600 လေယာဉ်အသစ်တစ်စီးထပ်မံရောက်ရှိလာကြောင်း သိရသည်။

အပြည် ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI)၏ လေယာဉ်အုပ်သို့ အဖွဲ့ဝင်သစ် အဖြစ်ပထမဆုံးသော ATR 72-600  လေယာဉ်တစ်စင်းသည် ၂၀၂၄ ခုနှစ် မတ် ၂၄ ရက် နေ့လည်က  ဆိုက်ရောက်ခဲ့ပြီး ရေစင်ပက်ဖြန်းသည့်အခမ်းအနားဖြင့် ကြိုဆိုပွဲအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြုလုပ်ခဲ့သည်။

ယင်းလေယာဉ်သစ်ရောက်ရှိမှုသည်(MAI)၏  အစဉ်တစိုက် ကြိုးစားအကောင် အထည်ဖော်လျက်ရှိသော ရည်မှန်းချက် ဖြစ်သည့် ခရီးသွားပြည်သူများ၏ လိုအပ်ချက်နှင့် ကိုက်ညီစေရေးအတွက် လေယာဉ်နှင့် ဝန်ဆောင်မှုစံနှုန်းများကို တိုးမြှင့်သွားရန်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ATR 72-600 လေယာဉ် ထပ်မံရောက်ရှိလာခြင်းဖြင့်(MAI)၏ လေယာဉ်အုပ်သည် ယခုအခါ လေယာဉ်အစီးရေ စုစုပေါင်း ၁၂ စီးအထိ ရှိလာမည်ဖြစ်သည်။

(MAI) လေယာဉ်အုပ်စုတွင် A319 လေယာဉ်လေးစင်း၊ A 320  လေယာဉ်လေးစီး၊ E190 လေယာဉ်နှစ်စီး၊ ((ACMI basis ဖြင့် ပြေးဆွဲပေးနေသည့်) B 733-300F  လေယာဉ်တစ်စီးနှင့် ယခုအသစ်ရောက်ရှိလာသည့်  ATR 72-600 တို့ပါဝင်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံ ၁၁ နိုင်ငံရှိ မြို့ပေါင်း ၃၀ သို့ ပျံသန်းနေပြီး ယခု ၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်အကုန်တွင် ပြည်ပနိုင်ငံပေါင်း ၁၄ နိုင်ငံထိ တိုးချဲ့ ပြေးဆွဲသွားရန် ရည်မှန်းထားကြောင်း သိရသည်။

 

Most Read

Most Recent