ဗဟိုဘဏ်က ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် ဒေါ်လာ ငါးသန်းနှင့် တရုတ်ယွမ် ငါးသန်း ထပ်မံ ရောင်းချ

ဗဟိုဘဏ်က ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် ဒေါ်လာ ငါးသန်းနှင့် တရုတ်ယွမ် ငါးသန်း ထပ်မံ ရောင်းချ
Published 31 May 2024

ဗဟိုဘဏ်က ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား  Online Trading Platform မှတစ်ဆင့် ဒေါ်လာ ငါးသန်းနှင့် တရုတ်ယွမ် ငါးသန်း မေ ၃၁ ရက်က ထပ်မံရောင်းချခဲ့သည်။

ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေး ကွက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှ တစ်ဆင့် မေ ၃၁ ရက်တွင် ဒေါ်လာငါးသန်းနှင့် တရုတ်ယွမ် ငါးသန်း၊ မေ ၂၀ ရက်တွင် တရုတ်ယွမ် ၁၀ သန်း၊ မေ ၉ ရက်တွင် ဒေါ်လာ ငါးသန်း၊ မေ ၇ ရက်တွင် တရုတ်ယွမ် ၂ ဒသမ ၅ သန်း၊ မေ ၂ ရက်တွင် တရုတ်ယွမ် ငါးသန်းနှင့် ထိုင်းဘတ်သန်း ၃၀ ရောင်းချခဲ့သည်။

ဧပြီ ၂၃ ရက်တွင် ထိုင်းဘတ် ၁၄ သန်း၊ ဧပြီ ၃ ရက်တွင် ဒေါ်လာ သုံးသန်း၊ တရုတ် ယွမ်နှစ်သန်းနှင့် ထိုင်းဘတ်သန်း ၄၀ ရောင်းချခဲ့သည်။

ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအား Online Trading Platform မှတစ်ဆင့် မတ် ၂၉ ရက်တွင် ဒေါ်လာသုံးသန်း၊  မတ် ၂၂ ရက်တွင် တရုတ်ယွမ် ၅ သန်းနှင့် ထိုင်းဘတ်သန်း ၅၀၊ မတ် ၁၅ ရက်က ဒေါ်လာငါးသန်း၊ မတ် ၁၁ ရက်က ထိုင်းဘတ် သန်း ၅၀၊ မတ် ၅ ရက်က တရုတ်ယွမ် ခုနစ်သန်းနှင့် ထိုင်းဘတ် ၁၂ သန်း၊ မတ် ၄ ရက်က ဒေါ်လာ ၁၀ သန်းနှင့် ဘတ်သန်း ၂၀၀၊ ဖေဖော်ဝါရီ ၂၇ ရက်က ဒေါ်လာ ၁၀ သန်း ထပ်မံရောင်းချခဲ့သည်။

နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဖေဖော်ဝါရီ ၂၆ ရက်က ဒေါ်လာ ၈ သန်းနှင့် ထိုင်းဘတ် သန်း ၂၀၀၊ ဖေဖော်ဝါရီ ၁၉ ရက်က ဒေါ်လာ ၈ သန်းနှင့် ထိုင်းဘတ်သန်း၂၀၀၊ ဖေဖော်ဝါရီ ၁၅ ရက်က ဒေါ်လာ ၉ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀၊ ဖေဖော်ဝါရီ ၁၄ ရက်က ဒေါ်လာ ၅ ဒသမ ၃၈ သန်း၊ ဖေဖော်ဝါရီ ၈ ရက်က ဒေါ်လာ ၈ သန်း၊ ဖေဖော်ဝါရီ ၅ ရက်က ဒေါ်လာ ၁၁ သန်းနှင့် ထိုင်းဘတ်သန်း ၂၀၀၊ ဖေဖော်ဝါရီ ၂ ရက်က ဒေါ်လာ ငါးသန်းနှင့် ထိုင်းဘတ်သန်း ၅၀၊ ဖေဖော်ဝါရီ ၁ ရက်တွင် ဒေါ်လာ ၁၃ သန်း ထပ်မံရောင်းချခဲ့သည်။

ဗဟိုဘဏ်က ဇန်နဝါရီ ၂၉ ရက်တွင် ဒေါ်လာ ၉ သန်း၊ ဇန်နဝါရီ ၂၅ ရက်က ဒေါ်လာ ၉ သန်းနှင့် ထိုင်းဘတ် သန်း ၂၀၀၊ ဇန်နဝါရီ ၂၆ ရက်တွင် ဒေါ်လာ  ၅ သန်းနှင့် ဘတ်သန်း ၅၀၊ ဇန်နဝါရီ ၁၉ ရက်က ထိုင်းဘတ် သန်း ၅၀၊ ဇန်နဝါရီ ၁၅ ရက်က ဒေါ်လာ ၁၅ သန်း၊ ဇန်နဝါရီ ၅ ရက်က ဒေါ်လာ ၁၆ သန်းရောင်းချပေးခဲ့ကာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်က နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဒေါ်လာ ၁၂ ဒသမ ၉၃ သန်း ရောင်းချပေးခဲ့ပြီး ဒေါ်လာလေးသန်းနှင့်ညီမျှသော တရုတ်ယွမ်အား SWAP Facility ပေးခဲ့သည်။

ဗဟိုဘဏ်အနေဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် ဒေါ်လာ ၉ ဒသမ ၇၂ သန်း၊ ဒီဇင်ဘာ ၂၁ ရက်က ဒေါ်လာ ၁၂ ဒသမ ၄၃ သန်း ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

Most Read

Most Recent