အာဆီယံနိုင်ငံများထုတ်လုပ်မှု PMI ညွှန်းကိန်း၏ အဆင့် ၁ နေရာတွင် မြန်မာနိုင်ငံ ခုနစ်လဆက်တိုက် ရပ်တည်နိုင်ခဲ့ပြီး စစ်တမ်းတွင်ပါဝင်သည့် ခုနစ်နိုင်ငံအနက် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံမှ လုပ်ငန်းအခြေအနေများ ဆိုးရွားစွာကျဆင်း

အာဆီယံနိုင်ငံများထုတ်လုပ်မှု PMI ညွှန်းကိန်း၏ အဆင့် ၁ နေရာတွင် မြန်မာနိုင်ငံ ခုနစ်လဆက်တိုက် ရပ်တည်နိုင်ခဲ့ပြီး စစ်တမ်းတွင်ပါဝင်သည့် ခုနစ်နိုင်ငံအနက် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံမှ လုပ်ငန်းအခြေအနေများ ဆိုးရွားစွာကျဆင်း
ရန်ကုန်မြို့ရှိ ကုန်ထုတ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)
ရန်ကုန်မြို့ရှိ ကုန်ထုတ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)
Published 3 September 2019

အာဆီယံနိုင်ငံများထုတ်လုပ်မှု PMI ညွှန်းကိန်း၏ အဆင့် ၁ နေရာတွင် မြန်မာနိုင်ငံ ခုနစ်လဆက်တိုက်ရပ်တည်နိုင်ခဲ့ပြီး စစ်တမ်းတွင်ပါဝင်သည့် ခုနစ်နိုင်ငံအနက် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံမှ လုပ်ငန်းအခြေအနေများ ဆိုးရွားကျဆင်းနေကြောင်း Nikkei ၏ ပံ့ပိုးမှုဖြင့် ပြုလုပ်သော HIS Markit စစ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။

HIS Markit ဝယ်ယူရေးမန်နေဂျာများ၏အညွှန်းအရ သြဂုတ်တွင် အာဆီယံ ထုတ်လုပ်ရေး ကုမ္ပဏီများ၏ လုပ်ငန်းလုပ်ကိုင်မှု အခြေအနေများမှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာမှစပြီး အရှိန်အပြင်းထန်ဆုံး ဆုတ်ယုတ်လာခဲ့ ကာ လုပ်ငန်းသစ်များနှင့် ထုတ်လုပ်ရေး ကျဆင်းမှုသည် ညွှန်းကိန်းအပေါ် ဖိစီးလာခြင်း ဖြစ်သည်။

ညွှန်းကိန်းသည် ကြားနေအမှတ် ၅၀  အောက်သို့ ကျဆင်းသွားခဲ့ပြီး ဇူလိုင်လ၏ ၄၉ ဒသမ ၅ မှ သြဂုတ်တွင် ၄၈ ဒသမ ၉ သို့ လျှောဆင်းသွားခဲ့ခြင်းဖြင့် အာဆီယံထုတ် လုပ်ရေးကဏ္ဍ၏ အခြေအနေမှာ ရှေ့ဆက် ဆုတ်ယုတ်လာကာ ၂၀၁၅ ခုနှစ်နှောင်းပိုင်းမှစပြီး အပြင်းထန်ဆုံးနှုန်းဖြစ်သည်။ ထိုသို့ကျ ဆင်းလာခဲ့ရခြင်း၏ အကြောင်းရင်းမှာ လုပ်ငန်းသစ်များ လက်ခံရရှိမှု ကျဆင်းလာခဲ့ခြင်း နှင့် နှစ်လဆက်တိုက် ထုတ်လုပ်မှုကျဆင်း လာမှုတို့ဖြစ်သည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ မှစပြီး ပြည်ပမှ ဝယ်လိုအား အပြင်းထန်ဆုံး ကျဆင်းလာမှုက အော်ဒါသစ်များရရှိမှု အခြေ အနေတစ်ရပ်လုံးကို ထိုးနှက်ခဲ့သည်။ သို့သော်လည်း စောင့်ကြည့်နေသည့် ခုနစ်နိုင်ငံအနက် သုံးနိုင်ငံတွင်သာ လုပ်ငန်းအခြေအနေများ ဆုတ်ယုတ်လာသည်ကို တွေ့မြင်ခဲ့ရသည်။

စင်ကာပူနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍ ထိုးဆင်းခဲ့ကြောင့် လုပ်ငန်းများက အစီရင်ခံခဲ့ပြီး ညွှန်းကိန်းမှာ ၄၂ ဒသမ ၉ ဖြစ်ခဲ့ရာ စစ် တမ်းသမိုင်းတစ်လျှောက် ပူးတွဲအနိမ့်ဆုံး အဆင့်ဖြစ်သည်။ မလေးရှားကလည်း ထုတ် လုပ်ရေးအခြေအနေများ ပြင်းပြင်းထန်ထန် ဆိုးဝါးလာကြောင်း မှတ်တမ်းတင်ခဲ့ပြီး ညွှန်းကိန်းမှာ ၄၇ ဒသမ ၄ တွင်ရှိနေရာ မတ်လမှ စပြီး အနိမ့်ဆုံးဖြစ်လာသည်။ အင်ဒိုနီးရှား နိုင်ငံကလည်း လုပ်ငန်းအခြေအနေများ ဆက်တိုက်ကျဆင်းလာကြောင်း မှတ်တမ်း တင်ခဲ့ပြီး ညွှန်းကိန်းမှာ ၄၉ တွင်ရှိနေခြင်းက ၂၀၁၇ ခုနှစ် ဇူလိုင်လမှစပြီး အများဆုံးကျ ဆင်းမှု ဖြစ်သည်။

ထိုင်းနိုင်ငံမှာ ညွှန်းကိန်း ၅၀ ဖြင့် လုပ်ငန်းလုပ်ကိုင်မှုအခြေအနေ မပြောင်းလဲခြင်းကို အချက်ပြနေပြီး ထုတ်လုပ်ရေးကဏ္ဍမှာ တန့်နေကြောင်း မီးမောင်းထိုးပြသည်။ ဗီယက်နမ်နိုင်ငံ၏ ညွှန်းကိန်းမှာ ၅၁ ဒသမ ၄ ရှိနေပြီး အနည်းအကျဉ်းတိုးတက်မှုကို ပြနေ သော်လည်း ခြောက်လအတွင်း အနည်းဆုံး ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံမှာ ၂၀၁၉ ခုနှစ် အတွက် လုပ်ငန်းအခြေအနေ အမြန်ဆုံးနှုန်း ဖြင့် တိုးတက်မှုကို ပြနေပြီး ညွှန်းကိန်းမှာ ၅၁ ဒသမ ၉ ဖြစ်သည်။ မြန်မာနိုင်ငံက သြဂုတ် တွင် ညွှန်းကိန်း ၅၂ ရှိနေပြီး လုပ်ငန်းအခြေ အနေများ ၁၀ လဆက်တိုက် တိုးတက်လာကြောင်း အချက်ပြခဲ့သော်လည်း ယင်းနှုန်းမှာ ခုနစ်လအတွင်း တိုးတက်မှုအနှေးဆုံးနှုန်း ဖြစ်သည်။

အာဆီယံထုတ်လုပ်ရေးကဏ္ဍ တစ်ဝန်းကို ခြုံကြည့်လျှင် လုပ်ငန်းအခြေအနေများ မှာ လေးနှစ်အတွင်း အနိမ့်ဆုံးနှုန်းနားသို့ ကျ ဆင်းသွားခဲ့ရာ သြဂုတ်လတွင် ရုန်းကန်နေ ရသည်။ နိုင်ငံခြားမှ ဝယ်လိုအားသည် သုံးလအတွင်း ဒုတိယအကြိမ်ကျဆင်းလာခဲ့ပြီး လုပ်ငန်းသစ်များ ကျဆင်းလာမှုမှာမူ ဖေဖော်ဝါရီလမှစပြီး ပထမဦးဆုံးအကြိမ် ကျဆင်းလာခြင်းဖြစ်သည်။

မြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်းများ ခုနစ်လအတွင်း တိုးတက်နှုန်းအနည်းဆုံးဖြစ်လာပြီး ကုမ္ပဏီများ ငွေကြေးဖောင်းပွမှု၊ ငွေ ကြေးမတည်ငြိမ်မှုများနှင့် လျှပ်စစ်သုံးစွဲမှုစရိတ်မြင့်တက်မှုတို့နှင့် ရင်ဆိုင်နေရကာ စျေး ကွက်အတွင်း ဝယ်လိုအားကျဆင်းလာကြောင်း HIS Markit စစ်တမ်းအရ သိရသည်။

 

Most Read

Most Recent