လယ်ယာကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍတွင် ဒေါ်လာသန်း ၂၀၀ ကျော်နှင့် ကျပ် ၂၅ ဘီလျံကျော် ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းများ MIC ခွင့်ပြု

လယ်ယာကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍတွင် ဒေါ်လာသန်း ၂၀၀ ကျော်နှင့် ကျပ် ၂၅ ဘီလျံကျော် ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းများ MIC ခွင့်ပြု
ရန်ကုန်မြို့ရှိ အိမ်ရာအဆောက်အအုံများကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)
ရန်ကုန်မြို့ရှိ အိမ်ရာအဆောက်အအုံများကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)
Published 31 August 2019

လယ်ယာကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍနှင့် အိမ်ရာအဆောက်အအုံတည် ဆောက်ဖွံ့ဖြိုးမှုကဏ္ဍတွင် ဒေါ်လာ သန်း ၂၀၀ ကျော်နှင့် ကျပ် ၂၅ ဘီလျံကျော်ရင်းနှီး မြှုပ်နှံမည့်လုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) က ထပ်မံခွင့်ပြုလိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ (၁၄/၂၀၁၉)ကြိမ်မြောက်အစည်းအဝေးကို ၂၀၁၉ ခုနှစ် သြဂုတ် ၃၀ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပရာ MIC ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့်အဖွဲ့ဝင် ကိုးဦး တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် လယ်ယာကဏ္ဍမှ လုပ်ငန်းတစ်ခု၊မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍမှ လုပ်ငန်းနှစ်ခုနှင့် အိမ်ရာအဆောက်အဦ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍမှ လုပ်ငန်းသုံးခု စုစုပေါင်းလုပ်ငန်းခြောက်ခု ခွင့်ပြုခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၂၁၄ ဒသမ ၂၂၃ သန်းနှင့် ကျပ် ၂၅၇၃၃ သန်းရှိပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၇၄နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဇူလိုင်လ ကုန်အထိ နိုင်ငံပေါင်း ၅၀ မှ စီးပွားရေးကဏ္ဍ  ၁၂ ခုတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၇၇၉ ခုရင်းနှီးမြှုပ်နှံလျက်ရှိရာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၈၁ ဒသမ ၂၄၉ ဘီလျံကျော်ရှိကြောင်းနှင့် စင်ကာပူနိုင်ငံက အများဆုံးရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံက ဒုတိယနှင့်ထိုင်းက တတိယအများဆုံးရင်းနှီးမြှုပ်နှံထားသည်။

နိုင်ငံပေါင်း ၅ဝက စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားမှုမှာ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစု ပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၇ ဒသမ ၅၉ ရာခိုင် နှုန်း၊လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၀၇ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၃ ဒသမ ၉၄ ရာခိုင်နှုန်း မြှုပ်နှံထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ သြဂုတ် ၁၃ ရက်အထိ မြန်မာ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုခွင့်ပြုအတည်ပြုပေးခဲ့မှုမှာ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၄၄ ခု၊ ဒေါ်လာ ၃၃၄ ဒသမ ၄၄၈ သန်းအပါအဝင် ကျပ် ၁၀၇၂၀၂၁ ဒသမ ၆၃၁ သန်းဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့် ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၄၀၀ ဒသမ ၅၈၆ သန်းအပါအဝင် ကျပ် ၁၂၉၀၄၆၈ ဒသမ ၄၄၀ သန်းဖြစ်သည်။

၂၀၁၉ ခုနှစ် ဇူလိုင်လကုန်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၁၉၀၄၉ ဘီလျံ ကျော် ခွင့်ပြုထားပြီး အိမ်ခြံမြေဖွံ့ဖြိုးရေး၊ ကုန်ထုတ်လုပ်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနှင့် ဆောက် လုပ်ရေးလုပ်ငန်းကဏ္ဍတို့တွင် အများဆုံး မြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ  သိရသည်။

မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်း ၁၆၀၅ ခုကို လုပ်ငန်းကဏ္ဍ ၁၁ ခု တွင် ရင်းနှီးမြှုပ်နှံခွင့်ပြုထားခြင်းဖြစ်ပြီး စုစုပေါင်း ပမာဏ ကျပ် ၁၉၀၄၉ ၃၀၄ ဒသမ ၄၉၄ သန်း (ကျပ် ၁၉၀၄၉ ဘီလျံကျော်) ရှိ ခြင်းဖြစ်သည်။

 

Most Read

Most Recent