ယခုနှစ် မိုးရာသီတွင် ရေကြီးရေလျှံခြင်းကြောင့် စိုက်ပျိုးမြေဧကငါးသိန်းကျော် ရေနစ်မြုပ်ခဲ့ပြီး ဧက ၇၉၀၀၀ ကျော် စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးကာ မြေပြိုကျမှုအပါအဝင် သဘာဝဘေးဒဏ်ကြောင့် လူနှင့် တိရစ္ဆာန်သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား

ယခုနှစ် မိုးရာသီတွင် ရေကြီးရေလျှံခြင်းကြောင့် စိုက်ပျိုးမြေဧကငါးသိန်းကျော် ရေနစ်မြုပ်ခဲ့ပြီး ဧက ၇၉၀၀၀ ကျော် စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးကာ မြေပြိုကျမှုအပါအဝင် သဘာဝဘေးဒဏ်ကြောင့် လူနှင့် တိရစ္ဆာန်သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား
 မိုးရွာသွန်းမှုများကြောင့် ကျိုက်မရောမြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်ကို သြဂုတ် ၁၃ ရက်က တွေ့ရစဉ်
မိုးရွာသွန်းမှုများကြောင့် ကျိုက်မရောမြို့နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည်ကို သြဂုတ် ၁၃ ရက်က တွေ့ရစဉ်
Published 30 August 2019
နီလာ

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များနှင့်အတူ မြန်မာနိုင်ငံအနှံ့အပြား၌ ရေကြီး၊ ဗရလျှံခြင်း၊ မိုးခေါင်ခြင်း၊ အပူချိန်မြင့်မားခြင်းဖြစ်ပေါ်မှုများကြောင့် လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် သားငါးကဏ္ဍဆိုင်ရာ လုပ်ငန်းစဉ်ကွင်းဆက်တစ်လျှောက် အနည်းနှင့်အများ ထိခိုက်မှုများ ကြုံတွေ့လျက်ရှိကြောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ၂၀၁၉ ခုနှစ် သြဂုတ် ၂၃ ရက်အထိ အစီရင်ခံစာအရ ယခုနှစ်မိုး ရာသီတွင် စိုက်ပျိုးမြေဧကငါးသိန်းကျော် ရေနစ်မြုပ်ခဲ့ပြီး ဧက ၇၉၀၀၀ ကျော်စိုက်ပျိုးသီးနှံများ ပျက်စီးဆုံးရှုံးခဲ့ရကာ မြေပြိုကျမှုအပါအဝင် သဘာဝဘေးဒဏ်များကြောင့် လူနှင့်တိရစ္ဆာန် သေဆုံးထိခိုက်မှုများဖြစ်ပေါ်ခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

၂၀၁၈ -၂၀၁၉ ခုနှစ် ဇွန်လကုန်အထိ မြန်မာနိုင်ငံတွင် မိုးစပါး ၁၅၀၈၃၁၅၆ ဧက၊ နွေစပါး ၂၇၇၇၈၉၉ ဧက စိုက်ပျိုးခဲ့ပြီး မိုးစပါး ၁၀၈၂၅၈၇၀၃၉ တင်း၊ နွေစပါး ၂၁၁၉၆၉၂၅၃ တင်းထွက်ရှိကာ စုစုပေါင်းစပါးတင်း ၁၂၉၄ ဒသမ ၅ သန်းကျော်ထွက်ရှိခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအချက် အလက်များအရ သိရသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် မိုးစပါးနှင့် နွေစပါးစိုက်ဧကများမှာ ပြည်ထောင်စုနယ်မြေတွင် ၂၀၃၄၁၄ ဧက၊ ကချင်ပြည်နယ်တွင် ၄၆၀၉၁၄ ဧက၊ ကယားပြည်နယ်တွင် ၈၇၈၆၆ ဧက၊ ကရင်ပြည်နယ်တွင်  ၅၄၆၃၁၃ ဧက၊ ချင်းပြည်နယ်တွင် ၇၈၉၄၇ ဧက၊  စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၇၉၃၃၁  ဧက၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၂၄၀၉၉၈ ဧက၊ ပဲခူးတိုင်းဒေသကြီး ၃၁၄၄၇၉၄ ဧက၊ မကွေးတိုင်းဒေသကြီးတွင် ၇၀၇၈၆၈ ဧက၊ မန္တလေးတိုင်းဒေသကြီးတွင် ၆၇၂၄၉၃ ဧက၊ မွန်ပြည်နယ်တွင် ၇၃၃၉၅၇ ဧက၊ ရခိုင်ပြည်နယ်တွင် ၁၀၂၄၉၄၃ ဧက၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၃၇၉၂၄၃ ဧက၊ ရှမ်းပြည်နယ် တောင်ပိုင်းတွင် ၅၇၀၀၅၄ ဧက၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၄၄၈၇၅၇ ဧက၊ ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၂၉၃၉၄၈ ဧက၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၅၁၈၆၂၃၄ ဧကတို့ ဖြစ်သည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်မိုးစပါး၊ နွေစပါးစိုက်ဧက ၁၉ သန်းကျော်ရှိပြီး ကျေးလက်နေအိမ်ထောင်စု ငါးသန်းကျော်က စိုက်ပျိုးလုပ်ကိုင်နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် စပါးနှင့် ငါးလုပ်ငန်းကဏ္ဍ တိုးတက်ဆောင် ရွက်နိုင်ရန် အလားအလာကောင်းများရှိနေပြီး လက်ရှိတွင် စိုက်ပျိုးရေးနှင့် မွေးမြူကဏ္ဍအနေဖြင့် စုစုပေါင်းပြည်တွင်းထွက်ကုန် တန်ဖိုး (ဂျီဒီပီ)၏ သုံးပုံတစ်ပုံ၊ အလုပ်အကိုင်ရရှိမှု၏ သုံးပုံနှစ်ပုံ၊ နိုင်ငံခြားငွေရရှိမှု၏ သုံးပုံတစ်ပုံအထိ ရှိနေသကဲ့သို့ နိုင်ငံ့လူဦးရေ၏ ရာခိုင်နှုန်း ၇၀ သည် လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍမှ ဝင်ငွေရရှိနေခြင်းဖြစ်သည်။

Most Read

Most Recent