MAI နှင့် AIR KBZ လေကြောင်းလိုင်းများ၏ လေယာဉ်လက်မှတ်များအား Mobile APP နှင့် Facebook မှတစ်ဆင့် ကိုယ်တိုင်ဝယ်ယူနိုင်မည့်စနစ်အား စတင်မိတ်ဆက်

MAI နှင့် AIR KBZ လေကြောင်းလိုင်းများ၏ လေယာဉ်လက်မှတ်များအား Mobile APP နှင့် Facebook မှတစ်ဆင့် ကိုယ်တိုင်ဝယ်ယူနိုင်မည့်စနစ်အား စတင်မိတ်ဆက်
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI ၏ ၂၆ နှစ်ပြည့်မွေးနေ့အခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI ၏ ၂၆ နှစ်ပြည့်မွေးနေ့အခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 26 August 2019
ရွှန်းလဲ့ဝင်း

MAI နှင့် Air KBZ လေကြောင်းလိုင်းများ၏ လေယာဉ်လက်မှတ်များအား Mobile APP နှင့် Facebook Chatbot မှတစ်ဆင့် ကိုယ်တိုင်ဝယ်ယူနိုင်မည့်စနစ်အား စတင်မိတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI ၏ ၂၆ နှစ်ပြည့်အခမ်းအနားနှင့် MAI နှင့် Air KBZ လေကြောင်းလိုင်းများ၏ လေယာဉ်လက်မှတ်များအား Mobile APP နှင့် Facebook Chatbot မှတစ်ဆင့် ကိုယ်တိုင်ဝယ်ယူနိုင်မည့်စနစ်အား မိတ်ဆက်ခြင်း Social Lunching အခမ်းအနားအား သြဂုတ် ၂၃ ရက်က ရန်ကုန်မြို့ရှိ Lotte Hotel တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအခမ်းအနားတွင် MAI ၏ Marketing Department မှ တာဝန်ရှိသူက လေကြောင်းဖြင့် ခရီးသွားလိုသူ ပြည်တွင်းပြည်ပခရီးသည်များအနေဖြင့် မိမိတို့ကိုင်တွယ်အသုံးပြုနေသည့် Android နှင့် IOS ဖုန်းများကို အသုံးပြုပြီး မိမိသွားလိုသည့်မြို့များအတွက် AIR KBZ နှင့်MAI လေယာဉ်ခရီးစဉ် လေယာဉ်လက်မှတ်များကို မိနစ်ပိုင်းအတွင်း ဝယ်ယူနိုင်မည့် Facebook Messenger နှင့် K7 Chat အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

“MAI ရော Air KBZ လေကြောင်းလိုင်း နှစ်ခုစလုံးအနေနဲ့ Website အသစ်ကို စတင်မိတ်ဆက်ထားပါတယ်။ အဲဒီ Website မှာ ဆိုရင်ပိုပြီးတော့ User Friendly ဖြစ်အောင် အများကြီးပြင်ဆင်ထားပါတယ်။ လေယာဉ်လက်မှတ်တွေကို ဘိုကင်လွယ်လွယ်တင်လို့ရမယ်။ နောက်ငွေပေးချေမှုပုံစံတွေမှာပါ ညှိနှိုင်းမှုတွေ အများကြီးလုပ်ထားတယ်။ နိုင်ငံတကာက ငွေပေးချေနိုင်တဲ့ Visa လိုကတ်တွေကို အသုံးပြုပြီး ငွေပေးချေလို့ရနိုင်အောင်လည်း စီစဉ်ထားပါတယ်။ နောက်ပြီး Mobile Application နဲ့လည်း ဘိုကင်တင်နိုင်မှာပါ။ ကွန်ပျူတာနဲ့မှမဟုတ်ဘဲ ဖုန်းနဲ့ပဲ MAI ရော AIR KBZ လေကြောင်းလိုင်း လေယာဉ်လက်မှတ်တွေကို ဖုန်းနဲ့ပဲ ဘိုကင်တင်နိုင်မှာပါ” ဟု  MAI နှင့် AIR KBZ ၏ Commercial Director ဖြစ်သူ Tanes Kumar က ပြောကြားသည်။

MAI လေကြောင်းလိုင်းအနေဖြင့် လက်ရှိတွင် ရန်ကုန်မှ ဘန်ကောက်၊ စင်ကာပူ၊ ကွမ်ကျိုးနှင့် ကာလကတ္တားခရီးစဉ်များကို A319 လေယာဉ်သုံးစင်းဖြင့် ပြေးဆွဲနေခြင်းဖြစ်သည်။ အဆိုပါလေယာဉ်များအပြင် ထပ်မံ၍ AirBus လေယာဉ်နှစ်စင်းအား ဝယ်ယူထားခြင်းဖြစ်ပြီး ယင်းလေယာဉ်နှစ်စင်းအနက် တစ်စင်းမှာ စက်တင်ဘာ ၅ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး ကျန်တစ်စင်းမှာ လာမည့်အောက်တိုဘာတွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI သည် ကိုရီးယားလေကြောင်းစျေးကွက်သို့ဝင်ရောက်ရန် Meebang Air Agencies နှင့် ပူးပေါင်းပြီး လာမည့်နိုဝင်ဘာတွင် ကိုရီးယားနိုင်ငံသို့ ပုံမှန်ခရီးစဉ် စတင်ပျံသန်းရန် စီစဉ်နေပြီး လာမည့်နိုဝင်ဘာတွင် ကိုရီးယားနိုင်ငံသို့ တိုက်ရိုက်လေကြောင်းခရီးစဉ် စတင်ပျံသန်းရန် စီစဉ်ထားပြီး တစ်ပတ်လျှင် လေးကြိမ်ပျံသန်းရန် ကနဦးစီစဉ်ထားကြောင်း သိရသည်။

MAI သည်လက်ရှိတွင် ရန်ကုန်လေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေ ဆိပ်တို့ကို အခြေပြုလျက် ဘန်ကောက်၊ စင်ကာပူ၊ ကွမ်ကျိုး၊ ဂါယာနှင့် ကာလကတ္တားသို့ ပုံမှန်လေကြောင်းခရီးစဉ်များ ပျံသန်းနေပြီး တရုတ်နိုင်ငံရှိ မြို့ကြီးများဖြစ်သည့် ဟန်ကျိုး၊ နန်ချန်း Nachang၊ ဟေးဖေ Hefei ဖူချို Fuzhou စသည့်မြို့များသို့ စင်းလုံးငှားလေကြောင်းခရီးစဉ်များ ပျံသန်းနေခြင်း ဖြစ်သည်။