၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း၏ နိုင်ငံပိုင် အခန်းရင်းနှီးမြှုပ်နှံမှု လျာထားချက် လုပ်ငန်းများအတွက် ကျပ် ၇၈၂၅ ဒသမ ၂၀၅ ဘီလျံ တောင်းခံထားမှုအပေါ် ကျပ် ၃၅၂ ဒသမ ၀၅၃ ဘီလျံ စိစစ်လျှော့ချထားကြောင်း သိရ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း၏ နိုင်ငံပိုင် အခန်းရင်းနှီးမြှုပ်နှံမှု လျာထားချက် လုပ်ငန်းများအတွက် ကျပ် ၇၈၂၅ ဒသမ ၂၀၅ ဘီလျံ တောင်းခံထားမှုအပေါ် ကျပ် ၃၅၂ ဒသမ ၀၅၃ ဘီလျံ စိစစ်လျှော့ချထားကြောင်း သိရ
Published 21 August 2019

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း၏ နိုင်ငံပိုင် အခန်းရင်းနှီးမြှုပ်နှံမှု လျာထားချက် လုပ်ငန်းများဖြစ်သည့် ဆောက်လုပ်ရေး၊ ရုံးသုံးစက်ပစ္စည်း ကိရိယာများ၊ ပရိဘောဂနှင့် ယာဉ်များအတွက် ကျပ် ၇၈၂၅ ဒသမ ၂၀၅ ဘီလျံ တောင်းခံထားမှုအပေါ် ပြည်ထောင်စုလွှတ်တော် စိစစ်ပူးပေါင်းရေးအဖွဲ့ ၂၀ နှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတို့က ကျပ် ၃၅၂ ဒသမ ၀၅၃ ဘီလျံ စိစစ်လျှော့ချထားကြောင်း ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

သြဂုတ် ၂၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို တင်သွင်းခဲ့သည်။

ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ပြည်ထောင်စုအစိုးရအဖွဲ့က တင်သွင်းသော ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းကို နောက်ဆက်တွဲ-၂  နိုင်ငံပိုင် အခန်းရင်းနှီးမြှုပ်နှံမှု လျာထားချက်များ လုပ်ငန်းများ (ဆောက်လုပ်ရေး) နှင့် ရုံးသုံးစက်ကိရိယာများ၊ ပရိဘောဂနှင့် ယာဉ်များ (စက်ပစ္စည်း) နှင့် အခြားလုပ်ငန်းများ) မူကြမ်းပါ အသုံးစရိတ်များကို စိစစ်ရေးပူးပေါင်းအဖွဲ့ ၂၀ နှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတို့က စိစစ်လျှော့ချမှုများ ပြုလုပ်ခဲ့ကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၃၇၁၀ ဒသမ ၅၆၃ ဘီလျံ တင်ပြထားမှုအား ကျပ် ၂၅၈ ဒသမ ၉၃၃ ဘီလျံ လျှော့ချထား၍ စိစစ်ပြီး ကျန်ငွေအဖြစ် ကျပ် ၃၄၅၁ ဒသမ ၆၃၀ ဘီလျံဖြစ်ကြောင်း၊ စက်ပစ္စည်းများအတွက် ကျပ် ၃၃၄၃ ဒသမ ၂၅၂ ဘီလျံ တင်ပြထားမှုအား ကျပ် ၆၉ ဒသမ ၂၈၅ ဘီလျံ လျှော့ချထားသည့်အတွက် စိစစ်ပြီး ကျန်ငွေမှာ ကျပ် ၃၂၇၃ ဒသမ ၉၆၆ ဘီလျံ ဖြစ်ကြောင်း၊ အခြားအတွက် ကျပ် ၇၇၁ ဒသမ ၃၈၉ ဘီလျံ တင်ပြထားမှုအား ကျပ် ၂၃ ဒသမ ၈၃၄ ဘီလျံ လျှော့ချထားသည့်အတွက် စိစစ်ပြီး ကျန်ငွေမှာ ကျပ် ၇၄၇ ဒသမ ၅၅၅ ဘီလျံ ဖြစ်ကြောင်း တင်ပြခဲ့သည်။

အမျိုးသားစီမံကိန်းဥပဒေကြမ်းတွင် ဥပဒေကြမ်းပူးပေါင်းကော်မတီက သက်ဆိုင် ရာဌာနနှင့် အဖွဲ့အစည်းများသည် မိမိတို့ ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းနှင့် လုပ် ငန်းများအတွက် လျာထားခြင်း၊ အကောင် အထည်ဖော်ဆောင်ရွက်ခြင်း၊ စိစစ်သုံးသပ် ခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ သတ်မှတ် ချက်များနှင့်အညီ မြို့နယ်အဆင့်မှစတင်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအပါ အဝင် သက်ဆိုင်ရာမဲဆန္ဒနယ်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် အပြည့်အဝပူး ပေါင်းဆောင်ရွက်ရမည်။ ပူးပေါင်းဆောင် ရွက်ရန် ပျက်ကွက်သည့် ပုဂ္ဂိုလ်၊ ဌာန၊ အဖွဲ့ အစည်းများကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမး်များနှင့်အညီ ထိရောက် စွာ အရေးယူဆောင်ရွက်ရမည်ဟု ပြင်ဆင် သင့်ကြောင်း မှတ်ချက်ပြုထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းပါ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များ အနက် နိုင်ငံပိုင်အခန်း၏ ရင်းနှီးမြှုပ်နှံမှုကို ပြည်ထောင်စုအစိုးရအဖွဲ့နှင့်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များက တိုက် ရိုက်အကောင်အထည်ဖော် ဆောင်ရွက်သွား နိုင်မည်ဖြစ်ကြောင်း၊ သို့ရာတွင် ပုဂ္ဂလိကပိုင် အခန်း၏ ရည်မှန်းချက်အတိုင်း ရင်းနှီးမြှုပ်နှံ လာစေရန် ပြည်ထောင်စုအစိုးရအဖွဲ့က မူ ၀ါဒနှင့်လုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာ စွာချမှတ်၍ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းပ့ံပိုးဆောင် ရွက်သွားရန်လိုအပ်ကြောင်း ဥပဒေကြမ်းပူး ပေါင်းကော်မတီက မှတ်ချက်ပြုထားသည်။

ထို့ပြင် အမျိုးသားစီမံကိန်းဥပဒေကြမ်း တွင် စက်မှုဝန်ကြီးဌာန အမှတ်(၁)အကြီး စားစက်မှုလုပ်ငန်း၊ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) ၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အတွင်းတွင် ကြိုတင်ဆောင်ရွက်ခဲ့ပြီးဖြစ် သော တည်ဆောက်ရေးလုပ်ငန်းများ အတွက် ကျပ် ၉၅၀၉ ဒသမ ၀၉၀ သန်း တောင်းခံထားမှုအား စိစစ်ရေးပူးပေါင်း အဖွဲ့များမှစိစစ်ပြီး ထောက်ခံထားသည့် ကျပ် ၇၁၃၁ ဒသမ ၈၁၇ သန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ အရ အသုံး ခန့်မှန်းခြေငွေစာရင်းတွင် ထည့်သွင်း လျာထားခွင့်ပြုသင့်ကြောင်း၊ ကြိုတင်တည် ဆောက်ခဲ့သော လုပ်ငန်းများအတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ စက်မှုဝန်ကြီးဌာန မှ တာဝန်ရှိသူများပါဝင်သည့် စုံစမ်းစစ်ဆေး ရေးကော်မတီတစ်ရပ်ဖွဲ့စည်းပြီး တည် ဆောက်ရေးလုပ်ငန်းများကို ဘတ်ဂျက်ခွင့်ပြု ချက်မရှိဘဲ ကြိုတင်ဆောင်ရွက်ခဲ့ရသည့် အကြောင်းရင်းနှင့်၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ရန်ပုံငွေ လွှဲပြောင်းသုံးစွဲခွင့် တင်ပြခဲ့သော်လည်း ခွင့်ပြုချက် မရရှိခဲ့ရသည့် အကြောင်းရင်း၊ တည်ဆောက်ရေး လုပ်ငန်းများ၏ ကုန်ကျစရိတ်များနှင့် စပ်လျဉ်းပြီး ခန့်မှန်း ကုန်ကျစရိတ်များကို စနစ်တကျ တွက်ချက်ထားမှု ရှိ မရှိနှင့် ကာလဒေသ ပေါက်စျေးအရ သင့်လျော်သည့် ကုန်ကျစရိတ်များ ဟုတ် မဟုတ်၊ တည်ဆောက်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ မြေပြင်စစ်ဆေးမှုများ၊ ဌာနတွင်း စစ်ဆေးမှုများကို စနစ်တကျ ဆောင်ရွက်ခဲ့မှု ရှိ မရှိနှင့် လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ခဲ့ရာတွင် ဘဏ္ဍာရေးစည်းမျဉ်းများနှင့် ကိုက်ညီစွာ ဆောင်ရွက်ထားမှု ရှိ မရှိများကို စစ်ဆေးရန် လိုအပ်ကြောင်း ကော်မတီက မှတ်ချက်ပြုခဲ့သည်။

Most Read

Most Recent