ပုံမှန်ပွဲထွက်ခွင့်အတွက် စိတ်ရှည်ရမည်ဟု ချိန်ဘာလိန်ကို ကလော့ပ် ပြောကြား

ပုံမှန်ပွဲထွက်ခွင့်အတွက် စိတ်ရှည်ရမည်ဟု ချိန်ဘာလိန်ကို ကလော့ပ် ပြောကြား
Photos: Getty Images
Photos: Getty Images
Published 20 August 2019

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က အသင်းတောင်ပံကစားသမား ချိန်ဘာလိန်အနေဖြင့် ပုံမှန်ပွဲထွက်ခွင့်ရရှိရေးအတွက် စိတ်ရှည်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က အသင်းတောင်ပံကစားသမား ချိန်ဘာလိန်အနေဖြင့် ပုံမှန်ပွဲထွက်ခွင့်ရရှိရေးအတွက် စိတ်ရှည်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် (၂၆) နှစ်အရွယ်ရှိ အင်္ဂလန်တောင်ပံကစားသမား ချိန်ဘာလိန်သည် ပြီးခဲ့သည့် ဆောက်သမ်တန်အား (၂-၁) ဂိုးဖြင့် အနိုင်ရသည့် ပရီးမီးယားပွဲစဉ်တွင် လီဗာပူးလ်အသင်းအတွက် ပွဲထွက်ကစားခွင့်ရရှိခဲ့သည်။ 

ချိန်ဘာလိန်သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ရရှိခဲ့သည့် ဒူးဒဏ်ရာကြောင့် ၂၀၁၈-၁၉ ရာသီတစ်ခုလုံး နီးပါးကို လွဲချော်ခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ် (၂) ပွဲသာ ပါဝင်ကစားနိုင်ခဲ့သည်။ 

ထို့ကြောင့် ယာဂန်ကလော့ပ်က ချိန်ဘာလိန်အနေဖြင့် လီဗာပူးလ်အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန်အတွက် အချိန်ယူရမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကလော့ပ်က "ချိန်ဘာလိန်အနေနဲ့ လမ်းကြောင်းမှန်ပေါ် ရောက်ဖို့အတွက် အချိန်အတိုင်းအတာတစ်ခုတော့ စောင့်ရပါလိမ့်မယ်။ ချိန်ဘာလိန်ဟာ ကစားသမားကောင်းတစ်ယောက်ဆိုတာ လူတိုင်း သိပါတယ်။ ဒါကို ကွင်းအတွင်းမှာ ချိန်ဘာလိန် ပြသနိုင်အောင် ကျွန်တော်တို့ ကြိုးစားရမယ်။ ကျွန်တော်သာ ပွဲကစားခွင့်ပေးမယ်ဆိုရင် ချိန်ဘာလိန်အနေနဲ့ ခြေစွမ်းပြဖို့ အသင့်ဖြစ်နေပါပြီ။ ဒါပေမဲ့ ချိန်ဘာလိန်အနေနဲ့ (၁၀၀) ရာခိုင်နှုန်းအပြည့် စွမ်းဆောင်ရည်ပြန်ရဖို့ လိုနေသေးပြီး ပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက် စိတ်ရှည်ရပါလိမ့်မယ်"ဟု ပြောကြားခဲ့သည်။ 

ချိန်ဘာလိန်သည် ၂၀၁၇ ခုနှစ်တွင် အာဆင်နယ်အသင်းမှ လီဗာပူးလ်အသင်းသို့ ပေါင် (၃၅) သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၄၆) ပွဲတွင် (၅) ဂိုး သွင်းယူထားသည်။

Most Read

Most Recent