တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ Russia Space System နှင့် Exhibition of Achievements of National Economy ရုရှားနိုင်ငံလုံးဆိုင်ရာပြခန်းများသို့ သွားရောက်လေ့လာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ Russia Space System နှင့် Exhibition of Achievements of National Economy ရုရှားနိုင်ငံလုံးဆိုင်ရာပြခန်းများသို့ သွားရောက်လေ့လာ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ Russia Space System နှင့် Exhibition of Achievements of National Economy ရုရှားနိုင်ငံလုံးဆိုင်ရာပြခန်းများသို့ သွားရောက်လေ့လာ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ Russia Space System နှင့် Exhibition of Achievements of National Economy ရုရှားနိုင်ငံလုံးဆိုင်ရာပြခန်းများသို့ သွားရောက်လေ့လာ
Published 20 August 2019
မင်းနိုင်စိုး

ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော International Army Games – 2019 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၁၉ ရက် နံနက်ပိုင်းတွင် မော်စကိုရှိ Russia Space System နှင့် Exhibition of Achievements of National Economy ရုရှားနိုင်ငံလုံးဆိုင်ရာပြခန်းများသို့ သွားရောက်လေ့လာခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Russia Space System သို့ ရောက်ရှိကြရာ  Director Ivan KULTYSHEV နှင့်ဌာနအလိုက် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး  Space System ၏ အလုပ်လုပ်ပုံ၊ ဂြိုဟ်တုလွှတ်တင်မှုများနှင့် ကမ္ဘာပတ်လမ်းကြောင်းအတွင်း ထိန်းချုပ်မှုစနစ်များ၊ ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အချက်အလက်များ ရယူမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြောင်း၊ ဆက်လက်၍  Space System အတွင်း ဂြိုဟ်တုဆက်သွယ်ရေး ထိန်းချုပ်မှု စနစ်များနှင့် လုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် Exhibition of Achievements of National Economy ရုရှားနိုင်ငံလုံးဆိုင်ရာ ပြခန်းများသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ပြခန်းများ၊ ရုပ်တုများ၊ အပန်းဖြေဥယျာဉ်များနှင့် အာကာသပြတိုက်များအတွင်း လှည့်လည်ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

အဆိုပါ Russia Space System နှင့် Exhibition of Achievements of National Economy ကို ၁၉၃၉ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး စိုက်ပျိုးရေးနှင့်သက်ဆိုင်သော ပြခန်းများအဖြစ် စတင်အသုံးပြုခဲ့ကြောင်း ၊ ၁၉၈၆ ခုနှစ်အထိ ဆိုဗီယက်ပြည်ထောင်စုဆိုင်ရာ ပြခန်းများအဖြစ် အသုံးပြုခဲ့ပြီး ၂၀၁၃ နောက်ပိုင်းတွင် ရုရှားနိုင်ငံလုံးဆိုင်ရာ ပြခန်းများအဖြစ် အသုံးပြုခဲ့ကြောင်းနှင့် စုစည်းပြသထားသော ကမ္ဘာ့အကြီးဆုံး ပြခန်းများစာရင်းတွင် အဆင့် ၅၀ အတွင်းပါဝင်ကာ ဧရိယာစတုရန်းမီတာ ၂၃၇၅၀၀၀ ခန့်ကျယ်ဝန်းကြောင်း၊ ပြခန်းပေါင်း ၁၃ ခုနှင့် အဆောက်အအုံပေါင်း ၇၅ လုံးခန့်ရှိပြီး လက်နက်ပြခန်း၊ စက်ရုပ်ပြခန်း၊ နည်းပညာဆိုင်ရာပြခန်း၊ မော်စကိုပုံစံငယ်၊ ပညာရေးဆိုင်ရာပြခန်း၊ သမိုင်းကြောင်းပြတိုက်၊ ကြွေထည်ပြခန်း၊ လေယာဉ်ပြခန်းနှင့် ငါးပြတိုက်တို့ ပါဝင်ကြောင်း သိရသည်။

အာကာသပြတိုက်ကို ၂၀၁၈ ခုနှစ် ဧပြီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အာကာသနှင့်ပတ်သက်သည့် ပုံစံငယ်ပေါင်း ၁၂၀ ကျော်နှင့် အခြားသော ပစ္စည်းအမျိုးအစားပေါင်း နှစ်ထောင်ကျော် ခင်းကျင်းပြသထားကြောင်း ၊ အဆိုပါ အာကာသပြခန်းတွင် ရုရှားနိုင်ငံမှ ပထမဆုံး လွှတ်တင်ခဲ့သော ပုံစံတူဂြိုဟ်တု၊ အာကာသအတွင်းသို့ ပထမဆုံးသက်ရှိသတ္တဝါအဖြစ် စေလွှတ်ခဲ့သော ခွေးကလေး Laika လိုက်ပါခဲ့သော ပုံစံတူဂြိုဟ်တု၊ မီယာအာကာသစခန်းယာဉ် ပုံစံတူအပါအဝင် ရုရှားနိုင်ငံမှ အာကာသသို့စေလွှတ်သော ဒုံးပျံနှင့် ဂြိုဟ်တုများ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာများနှင့် အာကာသပညာကို စိတ်ပါဝင်စားသူများ၊ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ် တက်ရောက်နေကြသူများအတွက် စိတ်ဝင်စားဖွယ်ရာ ပြည်စုံစွာခင်းကျင်းပြသထားသည်ကို တွေ့ရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၁၈ ရက် ညနေပိုင်းတွင် မော်စကိုမြို့အနောက်ဘက် ကာလူးဂါမြို့အနီးရှိ ကမ္ဘာ့ရွာ ယဉ်ကျေးမှုပေါင်းစုံပြ တိုက်ပန်းခြံသို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း ၊ ထို့နောက် သီတဂူဆရာတော် ဘုရားကြီး၏ ဦးဆောင်မှုဖြင့် ရွှေစည်းခုံစေတီတော် ပုံစံတူတည်ထားကိုးကွယ်ရန် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ပြတိုက်မှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စေတီတော်ပရိဝုဏ်အတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အရှေ့တောင် အာရှပြခန်း၊ ရုရှားနှင့် ဥရောပနိုင်ငံပြခန်းတို့ တွင်ပြသထားသော မင်းကွန်းဆရာတော် ဘုရားကြီး နိုင်ငံတော်သံဃမဟာနာယက အဖွဲ့အကျိုးတော်ဆောင်ချုပ် အဘိဓဇမဟာ ရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဝိစိတ္တ သာရာဘိဝံသ အပါအဝင် ဘာသာရေးခေါင်းဆောင်များ၊ သိပ္ပံပညာရှင်များ၊ အတွေးအခေါ် ပညာရှင်ကြီးများနှင့် အထင်ကရပုဂ္ဂိုလ်များ၏ ပုံတူထုဆစ်ထားသည့် ရုပ်တုများအား  လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြကြောင်း သိရသည်။

 

Most Read

Most Recent