မန္တလေးမြို့တွင်ပြုလုပ်သည့် အာဆီယံ အစားအစာပွဲတော်ဖွင့်ပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ဖွင့်လှစ်

မန္တလေးမြို့တွင်ပြုလုပ်သည့် အာဆီယံ အစားအစာပွဲတော်ဖွင့်ပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ဖွင့်လှစ်
အာဆီယံအစားအစာပွဲတော်တွင် ခင်းကျင်းပြသထားသော ပြခန်းများအား လိုက်လံကြည့်ရှုနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား တွေ့ရစဉ် (ဓာတ်ပုံ-လဲ့လဲ့အောင်)
အာဆီယံအစားအစာပွဲတော်တွင် ခင်းကျင်းပြသထားသော ပြခန်းများအား လိုက်လံကြည့်ရှုနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား တွေ့ရစဉ် (ဓာတ်ပုံ-လဲ့လဲ့အောင်)
Published 17 August 2019
လဲ့လဲ့အောင်

မန္တလေးမြို့ Mandalay Convention Center တွင် ကျင်းပသည့် အာဆီယံ အစားအစာပွဲတော် ၂၀၁၉ (မန္တလေး) ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ် ပေးခဲ့သည်။

အစားအစာပွဲတော် ဖွင့်ပွဲအား သြဂုတ် ၁၇ ရက် နံနက်ပိုင်းက ကျင်းပခဲ့ခြင်းဖြစ်ပြီး ပွဲတော်သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုအဆင့် ဝန်ကြီးများ၊ မန္တလေးတိုင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ဖွင့်လှစ် ပေးခဲ့ခြင်းဖြစ်ကာ ပြပွဲတွင် ပါဝင်ပြသထားသည့် တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် အိန္ဒိယ နိုင်ငံကိုယ်စားပြု ပြခန်းများအား လှည့်လည် ကြည့်ရှုမှုပြုလုပ်ခဲ့သည်။

“ဒီလိုပွဲတော်ကို နိုင်ငံတော်အကြီးအကဲများ၊ ပြည်ထောင်စုဝန်ကြီးများပါဝင်တက်ရောက်ခြင်းက အာဆီယံနဲ့ စည်းလုံးညီညွတ်ရေးကို အလေးထားပြသတာဖြစ်သလို ကျွန်တော်တို့ ကမ္ဘာလှည့်ခရီးသည်တိုးမြှင့်ရေး လုပ်ငန်းကို ဘယ်လောက်အလေးထားတယ်ဆိုတာလည်း ပြသခြင်းဖြစ်တယ်လို့ မှတ်ယူပါတယ်။ ဒီနေ့ပွဲတော်ကို “The authentic flavours of the east” ဆောင်ပုဒ်နဲ့ကျင်းပတာဖြစ်တာကြောင့် အရှေ့တိုင်းရဲ့အရသာ မှန်စစ်စစ်ကို လေ့လာမြည်းစမ်းသုံးဆောင်ခွင့်ရမှာဖြစ်တယ်” ဟု အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်တင်က အဖွင့်အမှာစကားပြောကြားသည်။

Asean Food Festival 2019 Mandalay ကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ပ့ံပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ကာ မြန်မာနိုင်ငံမှ အစားအစာများအား နိုင်ငံတကာကသိရှိပြီးအခြားနိုင်ငံများနှင့်လည်း ရင်း နှီးကျွမ်းဝင်အောင် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

ပွဲတော်တွင် မြန်မာပြည်အနယ်နယ်အရပ်ရပ်ရှိ တိုင်းရင်းသားရိုးရာ အစားအစာများ၊ ဒေသအစားအစာများ၊ ဒေသထွက်ထုတ် ကုန်ပစ္စည်းများနှင့် အာဆီယံနိုင်ငံများမှ အ စားအစာများနှင့် အမှတ်တရပစ္စည်းရောင်း ချသည့် ဆိုင်ခန်းများအပါအဝင် ပြခန်းပေါင်း ၁၀၀ ကျော် ခင်းကျင်းပြသရောင်းချလျက်ရှိ ပြီး ပွဲတော်ကို သြဂုတ် ၁၈ ရက်အထိ နှစ်ရက် တိုင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မန္တလေးမြို့သို့ သြဂုတ် ၁၆ ရက်က ရောက်ရှိ ကာ မန္တလေးမြို့တော်ခန်းမ၌ ပြုလုပ်သည့်  မြန်မာနိုင်ငံ ကင်းထောက်မောင်မယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ ကင်းထောက်အကြီးအကဲတစ်ဦးအနေဖြင့် တက် ရောက်ခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် အနုပညာဦးစီးဌာန အနုပညာ အထက်တန်းကျောင်း (မန္တလေး) သို့ သွား ရောက်လေ့လာခြင်း၊ ညနေပိုင်းတွင် မန္တ လေးတောင်တော်သို့ ရောက်ရှိပြီး ဆုတောင်း ပြည့်ဘုရားအား ပန်း၊ ရေချမ်း၊ ဆီမီးကပ် လှူပူဇော်၍ အလှူငွေများကို ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းခြင်း၊ မန္တလေးမြို့ သိပ္ပံလမ်းရှိ မန္တလေး ကွန်ဗင်းရှင်းစင်တာ (MCC) ၌ စာရေးဆရာများအား မိတ်ဆုံညစာစားပွဲ ပြုလုပ်ကာ တွေ့ဆုံခြင်းတို့ ဆောင်ရွက်ခဲ့သည်။

Most Read

Most Recent