ကမ္ဘာ့ရွှေစျေးနှုန်း ၁၄၈၉ ဒေါ်လာဝန်းကျင်အထိ ဆက်တက်ခဲ့ပြီး ပြည်တွင်းရွှေစျေးနှုန်း ငါးရက်ဆက်တိုက်စံချိန်ချိုးခဲ့ကာ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၁၂၀၃၀၀၀ အထိ မြင့်တက်

ကမ္ဘာ့ရွှေစျေးနှုန်း ၁၄၈၉ ဒေါ်လာဝန်းကျင်အထိ ဆက်တက်ခဲ့ပြီး ပြည်တွင်းရွှေစျေးနှုန်း ငါးရက်ဆက်တိုက်စံချိန်ချိုးခဲ့ကာ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၁၂၀၃၀၀၀ အထိ မြင့်တက်
Published 7 August 2019
စည်သူအောင်

ကမ္ဘာ့ရွှေစျေးနှုန်းသည် သြဂုတ် ၇ ရက်တွင် ၁၄၈၉ ဒေါ်လာဝန်းကျင်အထိ ဆက်တက်ခဲ့ပြီး ပြည်တွင်းရွှေစျေးနှုန်း ငါးရက်ဆက်တိုက်စံချိန်ချိုးခဲ့ကာ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၁၂၀၃၀၀၀ အထိ မြင့်တက်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၁၉ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၂၀၃၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး လက်ရှိအချိန်တွင် ကျပ် ၁၂၀၃၀၀၀ နီးပါးအထိ မြင့်တက်လာခြင်းဖြစ်သည်။

ပြည်တွင်းရွှေစျေးနှုန်းသည် ၂၀၁၉ ခု နှစ် ဇန်နဝါရီ ၃ ရက်တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်၌ဖြစ်ပေါ်ခဲ့သော ကျပ် ၁၀၄၇၇၀၀ စံချိန်ကို ကျပ် ၁၀၄၈၅၀၀၊ ဖြင့် ကျော်ဖြတ်ခဲ့ပြီး စံချိန်သစ်များ ဆက်တိုက် တင်ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်တွင် ကျပ် ၁၀၆၃၀၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက်  ရွှေစျေးများ ဆက်လက်မြင့်တက်ခဲ့ရာ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀ အထိ၊ ၂၀၁၉ ခုနှစ် ဇွန် ၂၀ ရက်တွင် ကျပ် ၁၁၀၁၀၀၀ အထိ၊ ဇူလိုင် ၁၁ ရက်တွင် ကျပ် ၁၁၃၆၀၀၀ အထိ၊ ဇူလိုင် ၂၅ ရက်တွင် ကျပ် ၁၁၅၀၀၀၀ အထိမြင့်တက်ခဲ့ သြဂုတ် ၂ ရက်တွင် ကျပ် ၁၁၅၂၀၀၀ ဖြင့် စံချိန်ချိုးခဲ့ပြီး သြဂုတ် ၃ ရက်တွင် ကျပ် ၁၁၅၄၉၀၀၊ သြဂုတ် ၅ ရက်တွင် ကျပ် ၁၁၆၇၀၀၊ သြဂုတ် ၆ ရက် တွင် ကျပ် ၁၁၇၃၀၀၀၊ သြဂုတ် ၇ ရက်တွင် ကျပ် ၁၂၀၀၀၀၀ အထိ ငါးရက်ဆက်တိုက် စံချိန်သစ်တင်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ခြောက်လအတွင်း လအလိုက် အနိမ့်ဆုံးနှင့် အမြင့်ဆုံးရွှေစျေးနှုန်းများမှာ ဖေဖော်ဝါရီလအတွင်း ကျပ် ၁၀၆၁၀၀၀-၁၀၈၈၅၀၀၊ မတ်လအတွင်း ကျပ် ၁၀၄၂၅၀၀-၁၀၇၂၀၀၀၊ ဧပြီလအတွင်း ကျပ် ၁၀၃၆၀၀၀-၁၀၅၅၀၀၀၊ မေလအတွင်း ကျပ် ၁၀၃၆၀၀၀ -၁၀၅၉၀၀၀၊ ဇွန်လအတွင်း ကျပ် ၁၀၅၆၀၀၀ -၁၁၃၀၀၀၀၊ ဇူလိုင်လအတွင်း ကျပ် ၁၀၉၇၀၀၀ -၁၁၅၀၀၀၀ တို့ဖြစ်သည်။

လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံး ကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် ၁၂၇၈-၁၃၂၅ ဒေါ်လာ၊ ဖေ ဖော်ဝါရီတွင် ၁၃၀၇- ၁၃၄၃ ဒေါ်လာ၊ မတ် တွင် ၁၂၉၂- ၁၃၂၂ ဒေါ်လာ၊ ဧပြီတွင် ၁၂၆၉-၁၃၀၉ ဒေါ်လာ၊ မေတွင် ၁၂၇၀-၁၃၀၆ ဒေါ်လာ၊ ဇွန်တွင် ၁၃၀၅-၁၄၂၃ ဒေါ်လာ၊ ဇူလိုင်တွင် ၁၃၈၂-၁၄၄၅ ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး ကွာဟချက် ဒေါ်လာ ၃၀ ဝန်းကျင်မှ ဒေါ်လာ ၁၀၀ ကျော်အထိ ရှိခဲ့သည်။

                  

Most Read

Most Recent