ပြည်ပသို့ ထွက်ခွာမည့်သူများအတွက် အသေးသုံးနိုင်ငံခြားငွေ ငွေသားများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် တောင်ကြီးမြို့တို့ရှိ KBZ၊ AYA နှင့် UAB ဘဏ် ဘဏ်ခွဲများတွင် အထူးအစီအစဉ်ဖြင့် ရောင်းချပေးလျက်ရှိ

ပြည်ပသို့ ထွက်ခွာမည့်သူများအတွက် အသေးသုံးနိုင်ငံခြားငွေ ငွေသားများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် တောင်ကြီးမြို့တို့ရှိ KBZ၊ AYA နှင့် UAB ဘဏ် ဘဏ်ခွဲများတွင် အထူးအစီအစဉ်ဖြင့် ရောင်းချပေးလျက်ရှိ
နိုင်ငံခြားငွေလဲကောင်တာတစ်ခုအား တွေ့ရစဉ်
နိုင်ငံခြားငွေလဲကောင်တာတစ်ခုအား တွေ့ရစဉ်
Published 5 March 2024

ပြည်ပသို့ ထွက်ခွာမည့်သူများအတွက် အသေးသုံးနိုင်ငံခြားငွေ ငွေသားများကို ရန်ကုန်၊မန္တလေး၊ နေပြည်တော်နှင့် တောင်ကြီးမြို့တို့ရှိ KBZ၊ AYA နှင့် UAB ဘဏ် ဘဏ်ခွဲများတွင်  အထူးအစီအစဉ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပသို့ ထွက်ခွာရာတွင် အသေးသုံးနိုင်ငံခြားငွေ ငွေသားဆောင်ယူသွားနိုင်ရေးအတွက် စျေးကွက်အတွင်း လွယ်ကူစွာဝယ်ယူနိုင်ရန်နှင့် တရားမဝင်ငွေလဲလှယ်နေသူများက စျေးကစားခြင်းကို ထိန်းသိိမ်းရန်တို့ကို ရည်ရွယ်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်(သို့မဟုတ်) AD လိုင်စင်ရဘဏ်များ၏ Money Changer ကောင်တာများတွင် ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုသရန်သွားရောက်မည့်သူနှင့် ပညာသင်သွားရောက်မည့်သူများအား ၂၀၂၃ ခုနှစ် မေ ၃၁ ရက်မှစတင်၍လည်းကောင်း၊ ပြည်ပသို့ ထွက်ခွာသူများအနက် ဘုရားဖူးထွက်ခွာသူများ၊ ပြည်ပနိုင်ငံအစိုးရနှင့်အသင်းအဖွဲ့များ၏ ဖိတ်ကြားချက်အရ အစည်းအဝေးတက်ရောက်ရန် ထွက်ခွာသူများအား ၂၀၂၃ ခုနှစ်  သြဂုတ် ၁၈ ရက်မှစတင်၍လည်းကောင်း၊ တစ်ဦးလျှင်နိုင်ငံခြားငွေ ငွေသားဒေါ်လာ ၃၀၀ မှ ၅၀၀(ယင်းနှင့်ညီမျှသော နိုင်ငံခြား ငွေ ငွေသား)ရောင်းချပေးလျက်ရှိသည်။

နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း(AD)လိုင်စင်ရဘဏ်များ၏ Money Changer ကောင်တာများတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရောင်းဝယ်ခွင့်ပြုထားသည့် ငွေကြေးအမျိုးအစား (၇)မျိုး(ဒေါ်လာ၊ယူရို၊စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ မလေးရှားရင်းဂစ်၊ တရုတ်ယွမ်နှင့် ဂျပန်ယန်း)တို့အား ပုံမှန်ရောင်းဝယ်လျက်ရှိသည်။

အသေးသုံးနိုင်ငံခြားငွေ ငွေသားရောင်းချပေးသည့်အစီအစဉ်အရ ဝယ်ယူရရှိနိုင်သည့်ဘဏ်ကောင်တာများမှ CB Bank PCL ၊ မြန်မာအရှေ့တိုင်းဘဏ်လီမိတက်၊ ကမ္ဘောဇဘဏ်လီမိတက်၊အင်းဝဘဏ်လီမိတက်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်၊ AYA Bank PCL၊ ယူအေဘီဘဏ်လီမိတက်၊ မြန်မာ့ရှေ့ဆောင်ဘဏ်လီမိတက်၊ မြန်မာနိုင်ငံသားများဘဏ်လီမိတက်၊ ကမ္ဘာ့ရတနာဘဏ်လီမိတက်၊ ရိုးမဘဏ်လီမိတက်နှင့် ဧရာဝတီတောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်လီမိတက်တို့ဖြစ်ပြီး အ ဆိုပါကောင်တာများတွင် ဝယ်ယူနိုင်ကြောင်းကို ဘဏ်များ၏ Website နှင့် Facebook များတွင် အသေးစိတ်အချက်အလက်များကို ကြေညာထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့်  ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုသမည့်သူ၊ ပညာတော်သင်သွားရောက်မည့်သူ၊ ဘုရားဖူးထွက်ခွာသူနှင့် ပြည်ပနိုင်ငံအစိုးရနှင့်အသင်းအဖွဲ့များ၏ ဖိတ် ကြားချက်အရ အစည်းအဝေးတက်ရောက်ရန် ထွက်ခွာသူများ၏အသေးသုံးငွေများအတွက် ငွေသားစီးဆင်းမှုကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရန် ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်နှင့် ယူအေဘီဘဏ်တို့နှင့် ပူးပေါင်း၍ နေပြည်တော်၊ ရန်ကုန်၊မန္တလေးနှင့် တောင်ကြီးမြို့တို့ရှိ ဘဏ်ခွဲများတွင် အထူးအစီအစဉ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း အသိပေးထားသည်။

အဆိုပါဘဏ်ခွဲများမှာ ကမ္ဘောဇဘဏ်အနေဖြင့် ရန်ကုန်မြို့တွင် (၉)မိုင်ဘဏ်ခွဲ၊ ဦးဝိစာရလမ်း(၂)ဘဏ်ခွဲ၊ရန်ကုန်လေဆိပ် (ဆိုက်ရောက်)၊ မန္တလေးမြို့တွင် IBD ဘဏ် ခွဲ၊(၂၂)ဘဏ်ခွဲ၊(၄)ဘဏ်ခွဲ၊ နေပြည်တော်တွင် ဘဏ်ခွဲ(၅)၊ တောင်ကြီးမြို့တွင် ဘဏ်ခွဲ(၁)တို့ဖြစ်သည်။

AYA Bank PCL အနေဖြင့် ရန်ကုန်မြို့တွင် ရန်ကုန်လေဆိပ်၊ ပါရမီဘဏ်ခွဲ၊ အ လုံဘဏ်ခွဲ၊ကျောက်တံတားဘဏ်ခွဲ၊မရမ်းကုန်ဘဏ်ခွဲ၊ မန္တလေးမြို့တွင် လမ်း(၃၀)ဘဏ်ခွဲ၊ (၂၂)ဘဏ်ခွဲ၊နေပြည်တော်တွင် နေပြည်တော်ဘဏ်ခွဲတို့ဖြစ်သည်။

UAB ဘဏ်အနေဖြင့် ရန်ကုန်မြို့တွင် စမ်းချောင်းဘဏ်ခွဲ၊ရန်ကုန်လေဆိပ်၊ရွှေဂုံတိုင်ဘဏ်ခွဲ၊သိမ်ဖြူဘဏ်ခွဲ၊ မန္တလေးမြို့တွင် (၈၄)လမ်းဘဏ်ခွဲ၊ဆိုင်းတန်းဘဏ်ခွဲ၊ဒိုင်းမွန်းဘဏ်ခွဲ၊ နေပြည်တော်တွင် နေပြည်တော် ဘဏ်ခွဲတို့တွင် ရောင်းချပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent