အုန်းထမင်းနှင့် ကြက်သားဟင်း

အုန်းထမင်းနှင့် ကြက်သားဟင်း
Photo : newcookeryrecipes
Photo : newcookeryrecipes
Published 29 June 2019
ရဲထွတ်နီ

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း ထွက်ကာနီး တစ်ရက် စိတ်ကတောင်တောင် အီအီနဲ့ အုန်းထမင်းနဲ့ ကြက်သားဟင်း စား ချင်စိတ်ပေါက်မိပါတယ်။

မစားရတာ အတော်ကို ကြာပြီပဲ။

ထမင်းစေ့ရှည်ရှည်ကော့ကော့ ဆီကလေးဝင်း၊ အုန်းဆီနံ့က မွှေးပျံ့သင်း၊ ကြက်သားဆီပြန် မဆလာနံ့ကလေးကလည်း မွှေးမွှေး၊ ဟင်းအနှစ်ကလေးကို ထမင်းမှာ လူးလိုက်၊ အသားဖတ်ကို ထည့်လိုက် မြှုပ်လိုက်လုပ်ပြီး စားခဲ့ဖူးတာ သတိရမိသေးတော့။ နှင်းခူနာကြောင့် ခြေမသန်ပေမဲ့ စေတနာအ ပြည့်နဲ့ ချက်ကျွေးခဲ့တဲ့ ဘွားအေကြီး ဒေါ်စန်း ရီရဲ့ အုန်းထမင်းနဲ့ ကြက်သားဟင်းလက်ရာ ကို အောက်မေ့ပါသေးတော့။

မွန်ပြည်နယ်တစ်ကြောကို မီးရထားနဲ့ ဖြစ်ဖြစ် ကားနဲ့ဖြစ်ဖြစ် ခရီးသွားတဲ့အခါ “အုန်း ထမင်းရမယ်၊ အုန်းထမင်းရမယ်”ဆိုတော့ စားချင်စိတ်က ချက်ချင်းပဲ ဖြစ်လာခဲ့လို့ စားခဲ့ဖူးတာ။

အလှူအတန်းတွေမှာလည်း လှူဒါန်းကျွေးမွေးတတ်ကြပါတယ်။ ငါးပိကြော် ရွရွ မွမွ စပ်စပ်ကလေး၊ အဖေ့ဘက်က ဘွားအေ ဒေါ်အေးကြည်တို့ သီရိဂေဟာအိမ်မှာလှူ တော့ သခွားသီးကို အခွံမလှီးပစ်ဘဲ ပိတ်စိမ်း ပါးနဲ့ထုပ် ညကတည်းက အလေးနဲ့ ဖိထားပြီး မနက်ကျမှ ဘုန်းကြီးဆွမ်းကပ်အမီ အမယ်ကလေးတွေ ပေါင်းစပ်တဲ့အခါ သခွားသီးချို ချဉ်စပ်ကလေးက တကျွတ်ကျွတ်နဲ့ စားကောင်းလိုက်တာ။ ထမင်းမြိန်လိုက်တာ။ အောက်မေ့ပါသေးတော့။

အုန်းထမင်းအိုးကြီးချက်မှာ ထမင်းချိုးလည်း ရတတ်တော့ သွားကောင်းကောင်းနဲ့ တကျွတ်ကျွတ်နဲ့ ၀ါးစမ်း၊ စားစမ်း၊ မွှေးနေ ဆိမ့်နေတာဗျာ။ ချဉ်ပေါင်ဟင်းချိုကလေး သောက်ကာ သောက်ကာနဲ့ ဗိုက်ကားအောင် စားဝါးခဲ့ဖူးတာပါပဲ။

သတိတွေရရင်း မြေး အောင်စာရင်းထွက်ရင် အိမ်မှာ မိသားစုပျော်ပျော်ပါးပါး ချက်စားဦးမှလို့  စိတ်ကူးထားလိုက်ပြီး မကြာခင် အောင်စာရင်းမှာ မြေးနာမည် ပါမလာတော့ ကိုယ့်ရဲ့ စိတ်ကူးတိမ်မျှင်ကလေးက လွင့်ပြယ်သွားပါတော့တယ်။

အိုမြေးမှာလည်း ဖိအားတွေ ပေးခံရ ပြန်တာပေါ့။ အဒေါ်အကြီးက တစ်ခွန်းပြော၊ အဒေါ်အလတ်က နှစ်ခွန်းသုံးခွန်းပြော၊ ဦးလေးအကြီးက သူ့အသံသြသြ စကားက တဝူး ဝူးနဲ့ တစ်ချက်တစ်ချက်ဝင်ပြော၊ သူ့အဖေက မှိုင်၊ သူ့ဘွားအေက ငိုင်နဲ့ပေါ့။

သူ့ဦးငယ်လေးတို့ဇနီးမောင်နှံ လာ တော့မှ ဦးလေးနဲ့ အဒေါ်ဖြစ်သူက မြေးကို ချော့မော့အားပေးစကား ပြောကြပါတယ်။

သြော် တကယ်တော့ ဖောင်းပွလှတဲ့ ငွေကြေးရယ်၊ ကြီးမြင့်လှတဲ့ ကုန်စျေးနှုန်း လူနေမှုစရိတ်တွေအောက်က ပင်စင်စား ဦးစီး၊ လက်လုပ်မှ ပါးစပ်လှုပ်ရတဲ့ မိသားစုအဖို့  အခုလိုအခါမှာ အမေတို့ အဘွားတို့ခေတ်ကလို ‘အုန်းထမင်းနဲ့ ကြက်သားဟင်း’ ဆိုတာ ကျွန် တော့်မြေး တက္ကသိုလ်ဝင်စာမေးပွဲအတွက် ဖိအားများခံရသလို ဖိအားများတာပါပဲက လားနော်။

ကျောင်းသားမှန်ရင် စာမေးပွဲတွေနဲ့ တွေ့ရ ရင်ဆိုင်ရစမြဲပါပဲ။

ကျွန်တော် မြူနီစီပယ်ကျောင်းကို ဇာတိ ရပ်မှာ စနေတဲ့ ပထမတန်းထင်ပါရဲ့။ မှတ်မိ နေတာ ဆရာမက တစ်တန်းလုံးကို နွားအ ကြောင်း ရေးပါဆိုပေမဲ့ ကျွန်တော်က ကျောက် သင်ပုန်းပေါ်မှာ ကျောက်တံနဲ့  နွားတစ်ကောင် ပုံကိုပဲ အားရအောင် ဆွဲနေခဲ့ပါတယ်။ “နင့်ကို ဘာလုပ်ခိုင်းတာလဲ” လို့  ဆရာမက မေးလည်း မေး၊ ခေါင်းကိုလည်း တစ်ချက်ခေါက်ပေမဲ့ နောက် ကျွန်တော် အတန်းတက်ရပါတယ်။

လေးတန်းမှာ ကျွန်တော် စကောလား ရှစ် ဝင်ဖြေရတယ်။ ခုနစ်တန်းမှာလည်း စကောလားရှစ် ဝင်ဖြေရတယ်။

ဆု၊ ဆုငွေကို ကျွန်တော် မက်ရကောင်း မှန်းမသိ ထင်ပါရဲ့။ သိပ်ပြီး အပြင်းအထန် မကြိုးစား။ ခပ်ပေါ့ပေါ့ပါးပါးပဲ ဖြေပါတယ်။ အခု အ.ထ.က လသာ (၁) လို့  ခေါ်တဲ့ ပထမ ဆုံး ဖွင့်ခဲ့တယ်ဆိုတဲ့ Government High  Schoolကျောင်းမှာပေါ့။ ဆုငွေရတဲ့ ကျောင်းသားအနည်းငယ်စာရင်းထဲမှာ ကျွန်တော့်နာမည် မပါခဲ့ပါဘူး။ ဝမ်းလည်း နည်းခဲ့ပုံမရပါဘူး။ အဲဒီ စကောလားရှစ် စာမေးပွဲတွေ ဝင် ဖြေရမယ်ဆိုတော့ အိမ်မှာ မိသားစုက သဘော ကျ ပြုံးရယ် ချီးကျူးခဲ့ကြပေမဲ့ အပြင်းအပြနဲ့ “ငါ့သား ရအောင် ဖြေနော်” လို့  မပြောခဲ့ကြပါ ဘူး။

ကိုးတန်းရောက်တော့ ကျွန်တော်တို့ခေတ်က တန်းမြင့်ကျောင်းထွက်စာမေးပွဲ (ဟိုက်စကူးဖိုင်နယ်) တဲ့။ ခက်တယ်လို့ ပြောကြတယ်။ ကျတာလည်း များတတ်ပါတယ်။ ကျွန်တော်တို့သူငယ်ချင်းတစ်စုက (အတန်း ဖော်) တော့ ကျောင်းက အတန်းပိုင်နဲ့ ဘာ သာရပ်ဆရာ ဆရာမတွေ သင်ပြလေ့ကျင့် ပေးတာနဲ့ပဲ ဟိုတုန်းက ရေကျော်မက်သဒစ် ဆိုတဲ့ကျောင်းမှာ သွားဖြေခဲ့ကြတယ်။

သချင်္ာမေးခွန်းမှာ မေးခွန်းပုစ္ဆာအမှားပါ တယ်တဲ့။ အဲဒီပုစ္ဆာလည်း ကျွန်တော်တို့ ဖြေ ခဲ့တယ်။ ကိုယ် မဖြေနိုင်ဘူးထင်တာ။ အောင်စာရင်း ထွက်တော့ အောင်တယ်ဗျ။

စကားချပ်ပြောရရင် ကျွန်တော်တို့ခေတ် က ဆရာ ဆရာမတွေက ရိုးသားကြတယ်ဗျ။ စာတွေကို တကယ်သင်ပေးကြပါတယ်။ အမြင်မတော်တာရှိ ဆုံးမတယ်။ ရိုက်တတ်တဲ့ ဆရာတွေလည်း တွေ့ခဲ့ကြပါတယ်။ သင့်ရာ လည်း အပ်ကြ ပို့ကြပါတယ်။

ဟိုက်စကူးဖိုင်နယ်အောင်တော့ သူငယ် ချင်းနှစ်ယောက် မေမြို့ စစ်တက္ကသိုလ် ဝင် ဖြေဖို့ ပြင်ဆင်ကြပါတယ်။ အစိုးရဝန်ထမ်း မိ ဘတွေရဲ့ သားသမီးဆိုတော့ ရောက်သွားခဲ့လို့ သင်တန်းဆင်းနိုင်ခဲ့ရင် အရာရှိအဆင့်ပေါ့လို့ စိတ်ကူးအိပ်မက်ပြီး သချင်္ာတွဲရတဲ့ ကျောင်း ကို ပြောင်းနေပြီး ဝင်ခွင့်ဖြေချိန်မှာ ဝင်ဖြေကြ ပါတယ်။

သူငယ်ချင်းနှစ်ယောက်စလုံး ရေးဖြေ မှာ ကောင်းစွာ ဖြေနိုင်ကြတယ်ဗျာ။

ဒါပေမဲ့ သူငယ်ချင်းနှစ်ယောက်လုံး အောင်စာရင်းမှာ အမည်မပါခဲ့ကြဘူး။

ဖြေနိုင်လျက်နဲ့ကွာဆိုပြီး အဲဒီမှာ ကျွန်တော်တို့ နည်းနည်းထိသွားတယ်။ တက္ကသိုလ် ဝင်ဖြေတော့ သချင်္ာဘာသာမှာ ကြောက်စိတ် နဲ့ အလွဲအချော်ဖြစ်ကုန်တော့ ကျသွားခဲ့တယ်။ အဲဒီနှစ်က ဖြေပြီးကာမှ အောင်ချင်လိုက်တာ။ အလွန်ပါပဲ။ လေးဘာသာဆက်တိုက် ဖြေခဲ့ တာ။ အသေအချာ အောင်တယ်။ အမှတ် ကောင်းမယ်။ ကြားနှစ်ရက်ပိတ်တော့ သချင်္ာ တွေအကုန် အပြန်အလှန်လုပ်ကြတယ်။ ညအိပ်ရာဝင်တော့ မနက်ဖြန် သချင်္ာမေးခွန်း သတ်ရင်တော့ ဒုက္ခပဲဆိုတဲ့စိတ်က နောက်နေ့ မနက် စာမေးပွဲခန်းဝင်ကာနီးမှာ ပြန်ပေါ်လာတော့ စိုးရိမ်စိတ်ဝင်မိတယ်။ မေးခွန်းကိုတွေ့ ပြီး အစွန်းရောက် မကောင်းစိတ်က ငါ ခက် တယ်ဆိုတဲ့ အပုဒ်ကို အရင်ဖြေမယ်ကွာဆိုပြီး ဖြေလိုက်တာ အဖြေလွှာ သုံးမျက်နှာလောက် ရောက်တဲ့အထိ အဖြေမထွက်။ ခြစ်ချ။ ဒီလိုနဲ့ ဖြေနေကြတဲ့ သူငယ်ချင်းတွေကို လှမ်းကြည့်၊ ကိုယ့်မှာက ဇောချွေးပြန်နဲ့။ (နောက်တော့ ကိုယ် စတန့်လုပ်ဖြေတဲ့အပုဒ်က ပုံမှားနေတာ ကိုး)။ ဒီလိုနဲ့ တစ်ပုဒ်ဖြေ တစ်ပိုင်းဖြေနဲ့ ကျခဲ့ တာ။ အဲဒီနှစ်ရဲ့ သင်ခန်းစာပါပဲ။

နောက်နှစ်ကျတော့ ကိုယ့်ကျောင်းကို ပြန်ပြောင်းနေပြီး စိတ်ကြိုက်မြန်မာစာတွဲယူ ပြီး ဖြေခဲ့တော့ အောင်ခဲ့ပါတယ်။ စကားညှပ် ပြောရရင် ကျွန်တော်တို့ကျောင်းက ၁၀ တန်း စိတ်ကြိုက်မြန်မာစာအတန်းဟာ ကျောင်း သား ကျောင်းသူ အခန်းပြည့်ပါခင်ဗျ။

ကျွန်တော် အလုပ်တစ်ဖက်နဲ့ လုပ်သား များကောလိပ်ကို တက်ခဲ့တယ်။ ဝင်ခွင့်လျှောက် တော့ ဒဿနိကဗေဒခေါ်တဲ့ ဖီလော်ဆော်ဖီ ကို လျှောက်တယ်။ ခုံအမှတ်ပီ၊ ဝမ်းနဲ့ ဝင်ခွင့်ရတယ်။ ပထမနှစ်ကနေ စတုတ္ထနှစ်အထိ ဂရိတ်ဒင် ကောင်းတဲ့ဆု နှစ်စဉ်ရပါတယ်။ ဆရာတွေ ဆရာမတွေ ပြောတာ နားထောင်၊ မှတ်စုမှတ်၊ စာတွေဖတ်၊ ကျူတိုရီယယ်တွေ ဖြေ။ တတိယနှစ်မှာ ပါဠိသဒ္ဒါတောင် ဂုဏ်ထူးရသေးတယ်။ ပြောရပါဦးမယ်။ ဖိုင်နယ်ကြီးဖြေတော့ ဖြေရတာ ပင်ပန်းလွန်းတော့ ဌာနမှူးရဲ့ နောက်ဆုံးဘာသာကို ခပ်တိုတို တုတ်တုတ်တွေပဲ ဖြေခဲ့လိုက်ပါတယ်။ ဖြေပြီး ရက်အတန်အသင့်ရှိတော့မှ ‘ဟိုက်’ ထိတ် သွားခဲ့မိပါတော့တယ်။ အဲဒီဘာသာ Greading မကောင်းလို့ အမှတ်မမီခဲ့ရင် ကျွန်တော် Qualified (ကွာလဖိုက်) မရနိုင်တော့ဘူး။ ဒါဆိုရင် အရင်နှစ်တွေက ဆုရခဲ့တာ အလကားပေါ့။ ရှက်စရာလို့ တွေးပူမိတော့တယ်။

ဒါပေမဲ့ ကံကောင်းတယ်ခင်ဗျ။

ဌာနမှူးဆရာမကြီး ဒေါ်နန်းဆွေက ကျွန်တော့်အဖြေလွှာ ဘာကြောင့် ဒီလိုဖြစ်လဲဆို ပြီး မှာလို့ ကျွန်တော် သွားတွေ့တဲ့အခါ ကျွန်တော့်ရဲ့ စိတ်ခံစားချက်ဖိစီးပုံကို ယုံတဲ့အတွက် ကျွန်တော်ဟာ မဟာဝိဇ္ဇာအဆင့်မီခဲ့ တယ်ဗျာ။ သြော် တပည့်ကို သိအောင် ဆောင်ရွက်ပြုမူတဲ့ ဆရာပါကလား။

ကျွန်တော့်ဘဝမှာ ငယ်စဉ်ကတည်းက မင်္ဂလာစာမေးပွဲတွေ ဖြေဆိုအောင်မြင်ခဲ့သလို အလုပ်တစ်ဖက်နဲ့ ဘွဲ့ရ။ အထက်တန်းရှေ့နေ (အိပ်ချ်ဂျီပီ) စာမေးပွဲမှာ ဂုဏ်ထူး ၁၂ ခုနဲ့ အောင်။ အာရ်အယ်လ် (မှတ်ပုံတင်ရှေ့နေ) သင်တန်းနှစ်နှစ်မှာ မိသားစုဥပဒေ၊ သက်သေ ခံဥပဒေ၊ ကူးသန်းရောင်းဝယ်ရေးဥပဒေဘာ သာရပ်တွေမှာ ဂုဏ်ထူးတွေထွက်ပြီး အောင် ခဲ့ပါတယ်။

စာမေးပွဲမှန်သမျှ ဖိအားတွေရှိတာပါပဲ။

ဒီကြားထဲ အလုပ်ဌာနမှာ ဘီအီးဒီ အောင် မှ ရာထူးတက်ခွင့်ရမယ်ဆိုလို့ မေ နွေပူပူ လောင်လောင်ကြီးထဲ စာပေးစာယူ နှစ်နှစ် တက်ဖြေခဲ့ရပါသေးတယ်။ စကားချပ် ပြော ရပြန်ရင် နောက်ပိုင်းကျတော့လည်း အဲဒီ စာ မေးပွဲအောင်အောင် မအောင်အောင် ရာထူး ရသူ ရတက်သူတက်တာပါပဲ။ အဲဒီစာမေးပွဲ လည်း ဖိအားများတာပဲပေါ့ခင်ဗျာ။

အရေးကြီးတယ်ဆိုတဲ့ စာမေးပွဲတွေ ဖိ အားများတယ်ဆိုတာ စာမေးပွဲအတွက် လုပ် စားနေကြလို့လည်း များတာဗျာ။

ဘယ်သူတွေ လုပ်စားကြတယ်ဆိုတာ တော့ စာမေးပွဲကို ရင်ဆိုင်အောင်မြင်တဲ့သူ တွေနဲ့ သူတို့မိသားစုဆွေမျိုးတွေကို မေးကြည့် ရင် သိနိုင်မယ်ထင်ပါရဲ့။

ခေတ်က ခေတ်ကပ်ရောဂါတစ်ခုအသွင် ပြောင်းသွားတာကိုး။ သြော် ကျောင်းသားနဲ့ စာမေးပွဲ။

အုန်းထမင်းနဲ့ ကြက်သားဟင်းကို မစား ရတာကြာလို့ ကျွန်တော်လည်း စားချင်သလို မြေးနဲ့ မိသားစုကိုလည်း ကျွေးချင်ပါတယ်ဗျ။ မြေးနာမည် အောင်စာရင်းထဲ မပါလို့ စိတ်ထဲ ဆွေးမိကြသလိုပဲ အုန်းထမင်းနဲ့ ကြက်သား ဟင်း ဝေးရတဲ့အတွက်လည်း ဆွေးတယ်ဗျ။ အုန်းထမင်း၊ ကြက်သားဟင်းနဲ့ တက္ကသိုလ် ဝင်စာမေးပွဲဆိုတာ ကြေးကြီးတာချင်း တူ တယ်ဗျာ။

ကြေးကြီးတာမှန်သမျှ ဖိအားများကြ တာပါပဲ။

Most Read

Most Recent