အပြန်အလှန်ဆက်ဆံရေးကို မြှင့်တင်ရန် အသင့်ရှိကြောင်း တရုတ်သမ္မတက မြန်မာသမ္မတသစ်အား ပြောကြား

အပြန်အလှန်ဆက်ဆံရေးကို မြှင့်တင်ရန် အသင့်ရှိကြောင်း တရုတ်သမ္မတက မြန်မာသမ္မတသစ်အား ပြောကြား
Published 1 April 2018

မတ် ၅ ရက်က ပေကျင်းမြို့၌ ပြည်သူ့အမျိုးသားကွန်ဂရက် ဖွင့်ပွဲအတွင်း ရှီကျင်ပင်း လက်ခုပ်တီးနေစဉ် (Photo: AFP)

တရုတ်သမ္မတ ရှီကျင်ပင်းက မြန်မာနိုင်ငံ၏ သမ္မတသစ်အဖြစ် တင်မြှောက်ခံရခြင်းအတွက် ဦးဝင်းမြင့်အား ဂုဏ်ယူဝမ်းမြောက်ကြောင်း မတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ပြီးပြည့်စုံပြီး မဟာဗျူဟာမြောက်သည့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကို မြင့်မားသည့် အဆင့်တစ်ဆင့်သို့ မြှင့်တင်သွားလိုကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ရှီကျင်ပင်းက တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အစဉ်အလာအရ ရင်းနှီးသောအိမ်နီးချင်းများဖြစ်ပြီး မကြာသေးမီနှစ်များအတွင်း အဆင့်မြင့်အဆင့်ဖလှယ်မှုများကို မြင်တွေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။

တရုတ်နှင့် မြန်မာတို့သည် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို ချဲ့ထွင်ခဲ့ကြောင်း၊ လူထုမှ လူထုသို့ ဖလှယ်မှုများကို မြှင့်တင်ခဲ့ကြောင်း၊ ဘက်ပေါင်းစုံဆက်ဆံရေးများကို အချိုးညီညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ကြွယ်ဝရေး၌ ပါဝင်ခဲ့ကြောင်း ရှီကျင်ပင်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အပြန်အလှန်ဆက်ဆံရေးများ ဖွံ့ဖြိုးမှုအပေါ် အထူးဂရုပြုထားကြောင်းလည်း ရှီကျင်ပင်းက အလေးအနက် ပြောကြားခဲ့သည်။

အစဉ်အလာရင်းနှီးမှုခိုင်မြဲရန်၊ အကျိုးတူပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ ပို၍အကျိုးရှိစေရန် မြင့်မားသည့်အဆင့်တစ်ဆင့်သို့ ပြီးပြည့်စုံပြီး မဟာဗျူဟာမြောက်သည့် ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ရန် တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် လိုလားကြောင်း ရှီကျင်ပင်းက ပြောကြားခဲ့သည်။