နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း သမ္မတဦးဝင်းမြင့်ထံ UWSP ဥက္ကဋ္ဌ ဦးပေါက်ယူချန် သဝဏ်လွှာပေးပို့

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း သမ္မတဦးဝင်းမြင့်ထံ UWSP ဥက္ကဋ္ဌ ဦးပေါက်ယူချန် သဝဏ်လွှာပေးပို့
Published 1 April 2018

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း သမ္မတဦးဝင်းမြင့်ထံ “ဝ” သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ဥက္ကဋ္ဌ ဦးပေါက်ယူချန်က မတ် ၃၀ ရက် ရက်စွဲဖြင့် သဝဏ်လွှာပေးပို့ထားသည်။

အဆိုပါသဝဏ်လွှာတွင် ဦးပေါက်ယူချန်အား အထူးဒေသ (၂) “ဝ” ပြည်နယ် ပြည်သူ့အစိုးရဥက္ကဋ္ဌဟု ဖော်ပြထားသည်။

သဝဏ်လွှာ၌ သမ္မတရွေးကောက်ပွဲတွင် အဆွေတော်သည် မဲအရေအတွက်အများဆုံးဖြင့် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည်ဟု ကြားသိရသဖြင့် များစွာဝမ်းမြောက်ဂုဏ်ယူကြောင်းကို အထူးဒေသ (၂) “ဝ” ပြည်နယ်အစိုးရနှင့် တိုင်းရင်းသားပေါင်းစုံကိုယ်စား မိမိအနေဖြင့် လှိုက်လှိုက်လဲှလဲှ ဂုဏ်ပြုအပ်ကြောင်း၊ အဆွေတော်အနေဖြင့် တာဝန်ထမ်းဆောင်နေစဉ်ကာလအတွင်း နိုင်ငံတော်၏ငြိမ်းချမ်းရေး၊ စစ်မှန်သောဒီမိုကရေစီဖော်ဆောင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာနေထိုင်ရေး၊ စီးပွားရေးသာယာဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူပြည်သားများအားလုံး ဘေးကင်းတည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေး၊ စီးပွားရေးသာယာဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူပြည်သားများအားလုံး ဘေးကင်းတည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေး စသည်တို့အတွက် စွမ်းဆောင်မှုအသစ်များ သယ်ပိုးဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ကြောင်း ဖော်ပြထားသည်။

Most Read

Most Recent