၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် ကျိုင်းတုံမဲဆန္ဒနယ် အမှတ် (၂) မှ ဒုတိယခိုင်လုံမဲ အများဆုံးရရှိသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်အား ရွေးကောက် တင်မြှောက်ခံရသူအဖြစ် အမိန့်ချမှတ်

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် ကျိုင်းတုံမဲဆန္ဒနယ် အမှတ် (၂) မှ ဒုတိယခိုင်လုံမဲ အများဆုံးရရှိသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်အား ရွေးကောက် တင်မြှောက်ခံရသူအဖြစ် အမိန့်ချမှတ်
Published 23 November 2017

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ် ကျိုင်းတုံမဲဆန္ဒအမှတ် (၂) မှ ဒုတိယခိုင်လုံမဲ အများဆုံးရရှိသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်အား ရွေးကောက်ပွဲ တင်မြောက်ခံရသူအဖြစ် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ခုံရုံးက နိုဝင်ဘာ ၂၂ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဧပြီလက ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ကျိုင်းတုံမဲဆန္ဒနယ် အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်သည့် (ထိုစဉ်က) အနိုင်ရပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်း ဦးရှာမွေလရှဲန်အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်လောင်း ဒေါက်တာဝဏ္ဏစိုးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ခုံရုံးသို့ ကန့်ကွက်လွှာအမှု တင်ခဲ့သည်။

ယင်းကဲ့သို့ ကန့်ကွက်လွှာ တင်ခဲ့သည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ခုံရုံးက ဒေါက်တာဝဏ္ဏစိုး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) လျှောက်ထားမှုအား ပယ်ချသည့်အမိန့် ချမှတ်ခဲ့ပြီး ဒေါက်တာဝဏ္ဏစိုးက ကျေနပ်မှုမရှိသည့် အယူခံဝင်ခဲ့သည်။

ဒေါက်တာဝဏ္ဏစိုး၏ အယူခံအား ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင်ခြောက်ဦးပါသည့် ခုံရုံးက နိုဝင်ဘာ ၂၂ ရက်တွင် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ ဒုတိယခိုင်လုံမဲ အများဆုံးရရှိသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အယူခံလျှောက်ထားသူ ဒေါက်တာဝဏ္ဏစိုးအား ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲတင်မြှောက်ခံရသူဖြစ်ကြောင်း အမိန့်ချမှတ်ခဲ့သည်။

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များအား ကန့်ကွက်လွှာ တင်သွင်းတိုင်ကြားထားသည့် အမှုခြောက်မှုရှိပြီး ယင်းကန့်ကွက်လွှာခြောက်မှုတွင် ပြည်ခိုင်ဖြိုးပါတီမှ ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်များက အနိုင်ရ NLD ကိုယ်စားလှယ်များကို ကန့်ကွက်လွှာတင်သွင်းသည်အမှု ငါးမှုနှင့် NLD ပါတီက အနိုင်ရ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်ကို ကန့်ကွက်သည့် အမှုတစ်မှု ဖြစ်သည်။

Most Read

Most Recent