ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၂၀၀ အထက် ရောက်ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၇၅၀၀၀ အထိ ပြန်တက်

ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၂၀၀ အထက် ရောက်ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၇၅၀၀၀ အထိ ပြန်တက်
Published 4 October 2018

ကမ္ဘာ့ရွှေဈေးသည် အောက်တိုဘာ ၃ ရက်တွင်  ဒေါ်လာ ၁၂၀၀ အထက်ရောက်ခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၇၅၀၀၀ အထိ ပြန်လည်မြင့်တက်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင် ၂၁ ရက်မှ စတင်ကာ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ်  သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့သည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၈၀၀ ဖြင့်တင်ထားသော စံချိန်ကို သြဂုတ် ၂၃ ရက်မှစတင်ကျော်လွန်ခဲ့ပြီး သြဂုတ် ၂၈ ရက်တွင် ကျပ် ၉၈၅၀၀၀ အထိ အမြင့်ဆုံးဖြစ်ပေါ်သည်။ ထို့နောက် သြဂုတ် ၃၀ ရက်တွင် ကျပ် ၉၆၉၀၀၀ အထိ ပြန် လည်ကျဆင်းခဲ့ပြီး  စက်တင်ဘာ ၁၁  မှစတင်ကာ ရွှေဈေးနှုန်းစံချိန်သစ်များ ထပ်တင်ခဲ့ကာ စက်တင်ဘာ ၂၀ ရက်တွင် အမြင့်ဆုံးစံချိန်အဖြစ် ကျပ် ၁၀၄၇၇၀၀ အထိ မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်လက ရွှေဈေးကို ပြန်ကြည့်ပါကသြဂုတ်လအတွင်း ပြည်တွင်း ရွှေဈေးနှုန်း အနိမ့်ဆုံးနှုန်း ကျပ် ၉၄၇၃၀၀၊ အမြင့်ဆုံးနှုန်း ကျပ် ၉၈၅၀၀၀၊ စက်တင်ဘာလအတွင်း ပြည်တွင်းရွှေ ဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၆၅၀၀၀ ၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၁၀၄၇၇၀၀တို့ဖြစ်ကြောင်း သိရသည်။

Most Recent