သထုံမြို့နယ် ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်ရှိ မိုးကောင်းတံတား မိုင်းခွဲဖျက်ဆီးခံရပြီး စက်သုံးဆီတင်ယာဉ်များ ဝင်ရောက်နိုင်ခြင်းမရှိသည့်အတွက် မော်လမြိုင်မြို့တွင် စက်သုံးဆီပြတ်လပ်မှုဖြစ်ပွား

သထုံမြို့နယ် ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်ရှိ မိုးကောင်းတံတား မိုင်းခွဲဖျက်ဆီးခံရပြီး စက်သုံးဆီတင်ယာဉ်များ ဝင်ရောက်နိုင်ခြင်းမရှိသည့်အတွက် မော်လမြိုင်မြို့တွင် စက်သုံးဆီပြတ်လပ်မှုဖြစ်ပွား
​​​​​​​မော်လမြိုင်မြို့ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် စက်သုံးဆီဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေသည်ကို ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ်
​​​​​​​မော်လမြိုင်မြို့ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်တွင် စက်သုံးဆီဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေသည်ကို ဖေဖော်ဝါရီ ၂၈ ရက်က တွေ့ရစဉ်
Published 28 February 2024

မွန်ပြည်နယ် သထုံမြို့နယ် မိုးကောင်း ကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ် ရှိ မိုးကောင်းတံတား မိုင်းခွဲဖျက်ဆီးခံရပြီး စက် သုံးဆီတင်ယာဉ်များ ဝင်ရောက်နိုင်ခြင်းမရှိ သည့်အတွက် မော်လမြိုင်မြို့တွင် စက်သုံးဆီ ပြတ်လပ်မှုဖြစ်ပွားနေကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၈ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့သို့ ဝင်ရောက်မည့် စက်သုံးဆီတင် ယာဉ်များ မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် မိုးကောင်း တံတားထိပ်တွင် ပိတ်မိနေသည့်အတွက် စက် သုံးဆီတင်ယာဉ်များ မော်လမြိုင်မြို့သို့ ဝင်ရောက်လာနိုင်ခြင်းမရှိသေးကြောင်း မော်လ မြိုင်မြို့မှ စက်သုံးဆီဆိုင်မန်နေဂျာတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “မနက်ပိုင်းက တည်းက ဆိုင်မှာရှိတဲ့ လက်ကျန် ဓာတ်ဆီတွေ အကုန်လုံးရောင်းကုန်သွားပြီ။ ဒီဇယ်တော့ ကျန်သေးတယ်။ လူတွေက စိတ်ပူပြီး ဆီလာ ထည့်ကြတော့ ဆီပြတ်သွားတာပါ”ဟု ပြော ကြားသည်။

မော်လမြိုင်မြို့ပေါ်ရှိ စက်သုံးဆီဆိုင် များတွင် ဖေဖော်ဝါရီ ၂၈ ရက် နံနက်အစော ပိုင်းအချိန်ကတည်းက စက်သုံးဆီဝယ်ယူရန် တန်းဆီစောင့်ဆိုင်းမှုများရှိကြောင်းလည်း မြို့ခံများက ဆိုသည်။

“ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ် က မိုးကောင်းတံတား မိုင်းခွဲဖျက်ဆီးခံရတယ် ဆိုတဲ့ သတင်းကြားပြီးတာနဲ့ စက်သုံးဆီပြတ် မှာစိုးရိမ်ပြီး ဆီဆိုင်တွေမှာ သွားတန်းစီနေကြ တာမျိုးတွေ့ရတယ်။ တချို့ ဆီဆိုင်တွေက လည်း ရောင်းကုန်သွားပြီလို့ ကြေညာထားတာ မျိုးတွေ့ရတယ်”ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောကြားသည်။

အဆိုပါ မိုးကောင်းတံတား မိုင်းခွဲဖျက် ဆီးခံခဲ့ရသည့်အတွက် စက်သုံးဆီသယ်ယာဉ် များအပါအဝင် ကုန်တင်ယာဉ်ကြီးများ ဖြတ် သန်းသွားလာနိုင်ခြင်းမရှိတော့ကြောင်းနှင့် မော်တော်ယာဉ်ငယ်များအနေဖြင့် ကျေးရွာ တွင်းလမ်းများမှတစ်ဆင့် ဖြတ်သန်းသွားလာ နိုင်သေးကြောင်း ဒေသခံများထံမှ သိရသည်။

“ကားကြီးတွေကတော့ လုံးဝသွားမရ တော့ဘူး။ အခု နှစ်ဘက်မှာ ကားကြီးအစီးရေ ရာနဲ့ချီပြီး ပိတ်သွားပြီ။ ကားလေးတွေကတော့ ရွာလမ်းထဲက သွားလာနေကြတယ်။ အစော ပိုင်းက မိုးကောင်းရွာထဲ လမ်းတွေပါပိတ်နေလို့ လမ်းမနည်းရှင်းထုတ်ပေးခဲ့ရတယ်”ဟု မိုး ကောင်းကျေးရွာမှ ဒေသခံတစ်ဦးက ပြော ကြားသည်။

ထို့အတွက်ကြောင့် ရန်ကုန်ဘက်မှလာ မည့် မော်တော်ယာဉ်များအနေဖြင့် မိုးကောင်း ကျေးရွာအုပ်စု ကရင်လေးဆိပ်ကျေးရွာတွင်း လမ်းမှတစ်ဆင့် ဒင်္ဂါးဆိပ်ကျေးရွာဘက်က ပြန်ထွက်ရမည်ဖြစ်ပြီး မော်လမြိုင်နှင့် ဘားအံ ဘက်မှလာမည့်ယာဉ်များအနေဖြင့်လည်း ဒင်္ဂါးဆိပ်ကျေးရွာဘက်မှ ဝင်ရောက်ကာ ကရင် လေးဆိပ်ကျေးရွာဘက်က ပြန်ထွက်မည်ဖြစ် ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရသည်။

ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၃ နာရီခွဲခန့် က သထုံမြို့နယ် မိုးကောင်းကျေးရွာ မိုးကောင်း စေတီအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၅/၇)၊ (၁၃၆/၀) ကြားရှိ တံတားအမှတ် (၄/၁၃၆) မိုးကောင်းတံတား မှာ မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်းနှင့် ပေါက်ကွဲ မှုကြောင့် အလျား ၃၇ ပေခန့်၊ အကျယ် ၄၈ ပေခန့်ရှိ တံတားမှာ လုံးဝပျက်စီးသွားသည့်အ ပြင် တံတားအနီးဝန်းကျင်ရှိ နေအိမ်တစ်လုံး နှင့် စျေးဆိုင်ခန်းအများအပြား ပျက်စီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန် ၂၉ ရက် နံနက်အစောပိုင်းအချိန်ကလည်း ရန်ကုန်- မော်လမြိုင်ကားလမ်း ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်အစပ်ရှိ ကျုံအိတ်တံတား မိုင်းခွဲ ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

Most Read

Most Recent