ရခိုင်အရေးနှင့်ပတ်သက်၍ ICC က စီရင်ခွင့်ရှိသည်ဆိုသည့် ဆုံးဖြတ်ချက်အပေါ် အစိုးရ၏သဘောထားထုတ်ပြန်ချက်ကို မကြာမီ တရားဝင်ထုတ်ပြန်မည်ဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား

ရခိုင်အရေးနှင့်ပတ်သက်၍ ICC က စီရင်ခွင့်ရှိသည်ဆိုသည့် ဆုံးဖြတ်ချက်အပေါ် အစိုးရ၏သဘောထားထုတ်ပြန်ချက်ကို မကြာမီ တရားဝင်ထုတ်ပြန်မည်ဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 8 September 2018

စက်တင်ဘာ ၇ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကို တွေ့ရစဉ်

ရခိုင်အရေးနှင့်ပတ်သက်၍ ICC က စီရင်ခွင့်ရှိသည်ဆိုသည့် ဆုံးဖြတ်ချက်အပေါ်  အစိုးရ၏သဘောထား ထုတ်ပြန်ချက်ကို  မကြာမီ တရားဝင်ထုတ်ပြန်မည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

စက်တင်ဘာ ၇ ရက်က နေပြည်တော်ရှိ သမ္မတအိမ်တော်တွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ICC ကိစ္စနှင့်ပတ်သက်၍ သတင်းမီဒီယာများ၏မေးမြန်းမှုကို သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက ပြန် လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံကို ရခိုင်အရေးနဲ့ ပတ်သက်ပြီးတော့ စီရင်ခွင့်ရှိတယ်ဆိုတဲ့အပေါ်မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နောက်ဆုံးမှာ လုံး၀ အရေးယူလို့ မရဘူးလို့၊ အရေးယူဖို့ မဖြစ်နိုင်ဘူးလို့ အစိုးရအနေနဲ့ ယုံကြည်ထားလား”ဟု မဇ္ဈိမသတင်းဌာနမှ သတင်းထောက် တစ်ဦးက မေးမြန်းခဲ့သည်။

ယင်းသို့ မေးမြန်းမှုကို သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက “အဲဒါနဲ့ ပတ် သက်လို့ မကြာခင်မှာ Statement ထုတ်ပေးမယ်။ အဲဒီမှာ ပါပါလိမ့်မယ်”ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြန်လည် ဖြေကြားသည်။

ဆက်လက်၍ ICC ပြဿနာ၏အရင်းခံမှာ မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေသည့် ဆောင်ရွက်ချက်များ၊ သဘောတူညီချက်များ အကောင်အထည်ဖော်နိုင်ရန်ဖြစ်ပြီး မြန်မာအစိုးရအနေဖြင့် ပြန်လည်လက်ခံရေးအတွက် အသင့်ရှိကြောင်း၊ ပြန်လည်လက်ခံရေးကြန့် ကြာနေခြင်းနှင့်ပတ်သက်၍ UNHCR ၊ UNDP တို့နှင့် သုံးပွင့်ဆိုင် MoU လက်မှတ်ရေးထိုးပြီး ဆောင်ရွက်နေကြောင်း၊ UEHRD ၏ လုပ်ငန်းများဖြစ်သည့် ပြန်လည်ထူထောင်ရေး၊ တည်ဆောက်ရေး၊ နေရာချထားရေး၊ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နေကြောင်း ဦးဇော်ဌေးက ဆိုသည်။

ICC ၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ မြန်မာအစိုးရအနေဖြင့် မည်မျှလေ့လာထား ပြီး ICC ဘက်မှရရှိထားသည့် အထောက်အထားများထဲတွင် အင်းဒင်ကိစ္စကဲ့သို့ ဖြစ်စဉ်မျိုးပါရှိခြင်းရှိမရှိနှင့် ယင်းဖြစ်စဉ်မျိုးထပ်မံ ပေါ်ပေါက်လာနိုင်ခြင်းရှိမရှိဟု သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဦးဇော်ဌေး က”ကျွန်တော်တို့ ICC ရဲ့ Jurisdiction ပေါ့။ ဒီဟာနဲ့ပတ်သက်လို့ အစအဆုံး ဖတ်ပြီးပါပြီ။ စာမျက်နှာ ၅၀ ပါတယ်။ ဒီကောင်က ဘာကို ပြောလဲဆိုတော့ နံပါတ် (၁)  အချက်က ဒီအထောက်အထားတွေ မပါဘူး။  ICC ရယ် ကျွန်တော်တို့  Rome Statue ရယ်၊ နိုင်ငံတကာ Convention တွေရယ်၊ အဲဒါတွေက မြန်မာနိုင်ငံကို ICC က စီရင်ခွင့် ရှိမရှိကို နိုင်ငံတကာ ဥပဒေတွေ၊ အခြားဥပဒေတွေပေါ့နော်။ ကုလသမဂ္ဂ ဥပဒေတွေ ဖြစ်စဉ်တွေနဲ့ နှိုင်းယှဉ်ပြီးတော့ ချထားတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ အဲဒီအထဲမှာ ဘယ်ဟာက ဘယ်လို၊ ဘယ်ဟာက ဘယ်လိုဆိုတဲ့ အထောက်အထားတွေ ဒီထဲမှာ မပါဘူး။ အခုအဆင့်က မြန်မာနိုင်ငံကို ICC အနေနဲ့ စီရင်ခွင့် ရှိမရှိ ကို ဥပဒေကြောင်းအရ သူတို့ ဆုံးဖြတ်တာ ဖြစ်တယ်”ဟု ပြန်လည်ဖြေကြားသည်။

Most Read

Most Recent