ပညာထူးချွန်သူ ကျောင်းသားတစ်ဦးအဖြစ်မှ အနုပညာလောကထဲ ရောက်ရှိလာခဲ့သူ သရုပ်ဆောင်ကျော်ကျော်၏ ငယ်ဘ၀ ဖြတ်သန်းရာ

ပညာထူးချွန်သူ ကျောင်းသားတစ်ဦးအဖြစ်မှ အနုပညာလောကထဲ ရောက်ရှိလာခဲ့သူ သရုပ်ဆောင်ကျော်ကျော်၏ ငယ်ဘ၀ ဖြတ်သန်းရာ
Published 8 July 2017

လူသားတစ်ဦးချင်းစီတိုင်းမှာ ထူးခြားတဲ့ အစွမ်းသတ္တိတွေ၊ စွမ်းရည်တွေ ပိုင်ဆိုင်ထားတတ်ကြပါတယ်။ မိမိတို့ပိုင်ဆိုင်ထားတဲ့ စွမ်းရည်ကို သတိပြုမိကာ အသုံးချတတ်သူနဲ့ သတိမပြုမိဘဲ အမှတ်မဲ့နေတတ်သူတွေအဖြစ်သာ ကွာခြားတတ်ကြတာ ဖြစ်ပါတယ်။ မိမိမှာပိုင်ဆိုင်ထားတဲ့ အနုပညာအရည်အသွေးကို သတိမပြုမိဘဲ ထင်မှတ်မထားတဲ့ အချိုးအကွေ့တစ်ခုရောက်မှသာ သတိပြုမိလာသူ တစ်ဦးကတော့ သရုပ်ဆောင်ကျော်ကျော် ဖြစ်ပါတယ်။

သရုပ်ဆောင်ကျော်ကျော်ကို ၁၉၈၆ ခုနှစ် မတ်လ ၂၄ ရက်မှာ မိဘများဖြစ်ကြတဲ့ ဦးမြင့်နိုင်၊ ဒေါ်စန္ဒာတို့က မွေးဖွားထားပြီး အသက် ၉ နှစ် ကွာခြားတဲ့ညီမလေးတစ်ယောက် ရှိပါတယ်။ ရန်ကုန်ဇာတိဖြစ်တဲ့ ကျော်ကျော်အတွက် ငယ်စဉ်ဘဝမှာတော့ ထူးထူးခြားခြားအနေနဲ့ အမေးအမြန်းထူတဲ့ ကလေးတစ်ယောက်အဖြစ် မိဘများက ပြောပြလေ့ရှိတယ်လို့ ဆိုပါတယ်။