ရေအရင်းအမြစ်နှင့် ရေဘက်စုံ စီမံခန့်ခွဲမှုစင်တာ ရန်ကုန်မြို့၌ ၂၀၂၀ ပြည့်နှစ်တွင် အပြီးတည်ဆောက်မည်

ရေအရင်းအမြစ်နှင့် ရေဘက်စုံ စီမံခန့်ခွဲမှုစင်တာ ရန်ကုန်မြို့၌ ၂၀၂၀ ပြည့်နှစ်တွင် အပြီးတည်ဆောက်မည်
Published 18 August 2018

ရေဘေးအန္တရာယ်အား လျှော့ချနိုင်မည့် ရေအရင်းအမြစ်နှင့် ရေဘက်စုံသုံး စီမံခန့်ခွဲမှုစင်တာကို ရန်ကုန်မြို့၌ ၂၀၂၀ ပြည့်နှစ်အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီအကြံပေးအဖွဲ့အတွင်းရေးမှူး ဒေါက်တာခင်နီနီသိန်းက ပြောကြားသည်။

အဆိုပါ ရေအရင်းအမြစ်နှင့် ရေဘက်စုံသုံး စီမံခန့်ခွဲမှုစင်တာကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ပြည်ထောင်စုကျောင်းလမ်းရှိ မြေဧက ၁ ဒသမ ၀၅ ဧကပေါ်တွင် တည်ဆောက်သွားမည်ဖြစ်သည်။

“ဦးဖြိုးမင်းသိန်းက မြေကွက်ကို အသုံး ပြုခွင့်ပေးတယ်၊ အပိုင်ပေးတာ မဟုတ်ပါဘူး။ အသုံးပြုခွင့်ရတော့ တင်ဒါခေါ်တယ်။ ပြီးရင် ဗိသုကာဒီဇိုင်းဆွဲတာတွေအတွက် စာမေးပွဲစစ်၊ အောင်တဲ့သူတွေကို တည်ဆောက်ဖို့အတွက် ညှိနှိုင်းမှုတွေလုပ်ရတယ်။ အဲဒါတွေ အကုန်လုပ်ပြီးတဲ့အခါကျတော့ ဗိသုကာပုံထုတ်တော့ အထပ်က လေးထပ်ပါတယ်။ အောက်ဆုံးထပ်မှာဆိုရင် ရေနဲ့ပတ်သက်တဲ့ ပြတိုက်လေးတစ်ခုရှိမယ်။ အဲဒီပြတိုက်လေးက ကလေးတွေ၊ ကျောင်းသားကျောင်းသူ တွေနဲ့ ပြည်သူလူထုကို ရည်ရွယ်တယ်။ အဲဒါ ရဲ့အပေါ်မှာတော့ ရေအရင်းအမြစ်နှင့် ရေဘက်စုံ စီမံခန့်ခွဲရေး အချက်အလက်စင်တာ သူ့အပေါ်မှာတော့ အမျိုးသားအဆင့် ရေ အရင်းအမြစ်ကော်မတီရုံးတွေ၊ စာကြည့်တိုက်တွေ ပါဝင်ပါမယ်” ဟု အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ အကြံပေးအဖွဲ့ အတွင်းရေးမှူး ဒေါက်တာခင်နီနီသိန်းက ပြောကြားသည်။

Most Read

Most Recent