တောင်ပံကစားသမား မာနေအား စာချုပ်သက်တမ်းတိုးရန် လီဗာပူးလ်အသင်း စီစဉ်

တောင်ပံကစားသမား မာနေအား စာချုပ်သက်တမ်းတိုးရန် လီဗာပူးလ်အသင်း စီစဉ်
Published 1 August 2018

Photo: Getty Images

လီဗာပူးလ်အသင်းသည် အသင်းတောင်ပံကစားသမား မာနေကို စာချုပ်သက်တမ်းတိုးရန် စီစဉ်နေကြောင်း သိရသည်။

လီဗာပူးလ်အသင်းသည် အသင်း၏အဓိကတိုက်စစ်ကစားသမားများဖြစ်သည့် ဖေမီနိုနှင့် ဆာလာတို့အား သက်တမ်းတိုးစာချုပ်များ ချုပ်ဆိုခဲ့ပြီး ယခုအခါ မာနေကို စာချုပ်သက်တမ်းတိုးရန် ပြင်ဆင်လာခြင်း ဖြစ်သည်။

အသက် (၂၆)နှစ်အရွယ်ရှိ မာနေသည် ၂၀၁၆ ခုနှစ်က ဆောက်သမ်တန်အသင်းမှ လီဗာပူးလ်အသင်းသို့ ပေါင် (၃၄)သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီး စာချုပ်သက်တမ်း(၃)နှစ်ကျန်ရှိနေသေးသော်လည်း လီဗာပူးလ်အသင်းက နှစ်ရှည်စာချုပ်ချုပ်ဆိုရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။

မာနေသည် လက်ရှိတွင် လီဗာပူးလ်အသင်း၌ တစ်ပတ်လစာ ပေါင်(၁)သိန်းရရှိနေပြီး စာချုပ်သစ်ချုပ်ဆိုခဲ့ပါက ဆာလာ၊ ဗန်ဒိုက်တို့ကဲ့သို့ ထိပ်တန်းလစာ ရရှိဖွယ်ရှိနေကြောင်း သိရသည်။

လီဗာပူးလ်အသင်းတွင် လစာအများရရှိနေသူမှာ တိုက်စစ်မှူး ဆာလာဖြစ်ပြီး တစ်ပတ်လစာ ပေါင် (၂)သိန်းအထိ ရရှိနေကြောင်း သိရသည်။

မာနေသည် ပြီးခဲ့သည့်ရာသီက လီဗာပူးလ်အသင်း၏ တိုက်စစ်တွင် ဆာလာ၊ ဖေမီနိုတို့နှင့်အတူ ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့ကာ ပြိုင်ပွဲစုံ (၄၄)ကစားခဲ့ရာ ဂိုး (၂၀)အထိ သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent