တရုတ်က ကမ္ဘာတစ်ဝန်း၌ ရာနှင့်ချီသော ကျောက်မီးသွေး စက်ရုံစီမံကိန်းများအား စီစဉ် တည်ဆောက်နေ

တရုတ်က ကမ္ဘာတစ်ဝန်း၌ ရာနှင့်ချီသော ကျောက်မီးသွေး စက်ရုံစီမံကိန်းများအား စီစဉ် တည်ဆောက်နေ
Published 6 July 2017

ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုအား တိုက်ဖျက်ရန် ပေကျင်းက ကတိပြုထားသော်လည်း တရုတ်ကုမ္ပဏီများသည် ကမ္ဘာတစ်ဝန်းတွင် ရာနှင့်ချီသော ကျောက်မီးသွေးသုံး စက်ရုံများအား တည်ဆောက်ရန် စီစဉ် သို့မဟုတ် တည်ဆောက်နေကြောင်း ဂျာမနီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုံ့ဆော်နေသည့်အဖွဲ့ Uregewald က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

၂၀၁၅ ခုနှစ် ပါရီ ရာသီဥတုဆိုင်ရာ သဘောတူညီချက်မှ အမေရိကန်နုတ်ထွက်ရန် သမ္မတဒေါ်နယ်ထရန့်က ဆုံးဖြတ်ခဲ့ပြီးနောက် လစ်လပ်ခဲ့မှုအား ဝင်ဖြည့်ရန် တရုတ်က ကြိုးပမ်းနေစဉ် Uregewald ၏ အစီရင်ခံစာ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝန်း တည်ဆောက်နေသောနှင့် တည်ဆောက်ရန် စီစဉ်နေသော ကျောက်မီးသွေး စက်ရုံသစ် ၁၆၀၀ ၏ ထက်ဝက်နီးပါးအတွက် တရုတ်ကုမ္ပဏီ ၂၅၀ က လုပ်ဆောင်နေကြောင်း Uregewald က ခန့်မှန်းခဲ့သည်။ ယင်းကုမ္ပဏီများတွင် တရုတ်အစိုးရပိုင် စွမ်းအင်ကုမ္ပဏီကြီး China Datang Corporation၊ China Huaneng Group နှင့် SPIC တို့ ပါဝင်သည်။

Most Read

Most Recent