အကြမ်းဖက် ဘင်္ဂါလီများ အနေဖြင့် မောင်တောမြို့နယ်အတွင်းရှိ လမ်းမများအား ဆက်သွယ်ထားသည့် တံတားများအား ဖျက်ဆီးကာ သွားလာရေး ခက်ခဲအောင် လုပ်ဆောင်မှုများ ရှိလာ

အကြမ်းဖက် ဘင်္ဂါလီများ အနေဖြင့် မောင်တောမြို့နယ်အတွင်းရှိ လမ်းမများအား ဆက်သွယ်ထားသည့် တံတားများအား ဖျက်ဆီးကာ သွားလာရေး ခက်ခဲအောင် လုပ်ဆောင်မှုများ ရှိလာ
Published 27 August 2017

အကြမ်းဖက်ဘင်္ဂါလီများ ဖျက်ဆီးခဲ့သည့် လမ်းပိုင်းတစ်ခုအား တွေ့ရစဉ်

အကြမ်းဖက် ဘင်္ဂါလီများ အနေဖြင့် မောင်တောမြို့နယ်အတွင်းရှိ လမ်းမများအား ဆက်သွယ်ထားသည့် တံတားများအား ဖျက်ဆီးကာ သွားလာရေး ခက်ခဲအောင် လုပ်ဆောင်မှုများ ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

အကြမ်းဖက် ဘင်္ဂါလီများမှ ယနေ့ (သြဂုတ် ၂၆ ရက်) နံနက်ပိုင်းက ဘာကုံးနားကျေးရွာအနီးရှိ တံတားအား မိုင်းခွဲဖျက်စီးခဲ့သည့်အပြင် တောင်ပိုင်းသို့သွားသော လမ်းအချို့မှ တံတားများအား ဖျက်စီးမှုများ ရှိနေသည်ကို ကြားသိရကြောင်း၊ အလားတူစွာပင် သြဂုတ်လ ၂၅ ရက်နေ့ကလည်း မောင်တောမြောက်ပိုင်းသို့ သွားရောက်သည့် လမ်းပိုင်းများရှိ တံတားငယ်အချို့ကို ဖျက်စီးထားခဲ့ကြောင်းလည်း သိရှိရသည်။

“တောင်ပိုင်းဘက်က ဘာကုံးနားတံတားကို ဖျက်စီးလိုက်တယ်လို့ သိရပြီး အကြမ်းဖက်တွေဟာ တောင်နဲ့မြောက်ပိုင်းသွားတဲ့ လမ်းတွေမှာ မိုင်းတွေထောင်တယ်လို့ စစ်တပ်ကပြောလို့ သိရတယ်။ နောက်ပြီး မနေ့ကတည်းက တံတားငယ်တွေကို လိုက်လံဖျက်စီးနေတာဟာ စစ်ကူလမ်းကြောင်းတွေကို ကြန့်ကြာအောင် လုပ်ဆောင်နေတာလို့ သိရတယ်။ တံတားနာမည်တွေတော့ မသိဘူး။ မြောက်ပိုင်းက တံတားတွေထဲမှာ တမန်းသား အထက်ဘက်က လက်ယာချောင်း တံတားကြီးကိုလည်း ဖျက်စီးထားတယ်လို့ သိရတယ်” ဟု လည်းမောင်တောမြို့မှ ဦးထွန်းအောင်ကျော်က ပြောသည်။

ထို့အတူပင် ယနေ့ နေ့လည် ၁ နာရီခန့်အချိန်က မောင်တောမြို့ အဝင်တံတားအား ဘင်္ဂါလီ အကြမ်းဖက်သမားများက ဖျက်စီးလိုက်ကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။ ဘင်္ဂလီ အကြမ်းဖက်သမားများ အနေဖြင့် လက်ရှိတွင် ကျေးရွာအများအပြားကိုလည်း ဝိုင်းရံခြောက်လှန့်မှုများ ရှိနေပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များမှ တားဆီးနေရကြောင်းလည်း သိရသည်။ ထို့ပြင် အင်းတင်ကျေးရွာမှ ရွာသား ၃ ဦး ပျောက်ဆုံးလျက်ရှိကြောင်းလည်း သိရသည်။

Most Read

Most Recent