ခရိုအေးရှားအသင်းမှ ပါရီဆစ်နှင့် ရယ်ဘစ်အား ပေါင် (၉၃)သန်းဖြင့် ခေါ်ယူရန် မန်ယူအသင်း စီစဉ်

ခရိုအေးရှားအသင်းမှ ပါရီဆစ်နှင့် ရယ်ဘစ်အား ပေါင် (၉၃)သန်းဖြင့် ခေါ်ယူရန် မန်ယူအသင်း စီစဉ်
Published 18 July 2018

Photo: The Sun

မန်ယူအသင်းသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒုတိယရရှိခဲ့သည့် ခရိုအေးရှားအသင်းမှ ပါရီဆစ်နှင့် ရယ်ဘစ်တို့အား ပေါင် (၉၂)သန်းဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။

အသက် (၂၉)နှစ်အရွယ်ရှိ ပါရီဆစ်နှင့် ရယ်ဘစ်(၂၄ နှစ်)တို့သည် ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခရိုအေးရှားအသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြခဲ့သူများဖြစ်ပြီး မိခင်နိုင်ငံအား ဗိုလ်လုပွဲသို့ တက်ရောက်နိုင်အောင် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့သည်။

The Sun ၏ဖော်ပြချက်အရ မန်ယူအသင်းနည်းပြ မော်ရင်ဟိုသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစွမ်းပြခဲ့ကြသည့် ပါရီဆစ်နှင့် ရယ်ဘစ်တို့ကို ခေါ်ယူရန် သဘောကျနေခြင်းဖြစ်ကြောင်း သိရသည်။

မော်ရင်ဟိုသည် ပြီးခဲ့သည့်ရာသီက အင်တာမီလန်အသင်း၏ တောင်ပံကစားသမား ပါရီဆစ်အားခေါ်ယူရန်  ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ယခုအခါထပ်မံကြိုးပမ်းဖွယ်ရှိနေခြင်းဖြစ်သည်။

ဖရန့်ဖတ်တောင်ပံကစားသမား ရယ်ဘစ်မှာလည်း ကမ္ဘာ့ဖလားတွင် ခရိုအေးရှားအသင်းနှင့်အတူ တောက်ပခဲ့ခြင်းကြောင်း မန်ယူအသင်းအပြင် ဥရောပအသင်းများ၏ စိတ်ဝင်စားခြင်းကိုခံနေရသူ ဖြစ်သည်။

ပါရီဆစ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခရိုအေးရှားအသင်းအတွက် (၃)ဂိုးသွင်းယူကာ (၁)ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး၊ ရယ်ဘစ်မှာလည်း (၁)ဂိုးသွင်းယူကာ အသင်း၏တိုက်စစ်ပိုင်းတွင် ကစားဖော်များနှင့် အကောင်းဆုံးတွဲဖက်ကစားနိုင်ခဲ့သည်။