ထိုင်းနိုင်ငံရှိ လိုဏ်ဂူအတွင်း ပိတ်မိနေသည့် လူငယ် ၁၃ ဦးအား ကယ်ဆယ်ရေးတွင် မြန်မာနိုင်ငံက အပြည့်အ၀ ပူးပေါင်းကူညီမည်

ထိုင်းနိုင်ငံရှိ လိုဏ်ဂူအတွင်း ပိတ်မိနေသည့် လူငယ် ၁၃ ဦးအား ကယ်ဆယ်ရေးတွင် မြန်မာနိုင်ငံက အပြည့်အ၀ ပူးပေါင်းကူညီမည်
Published 28 June 2018

Photo : AFP

ထိုင်းနိုင်ငံရှိ လိုဏ်ဂူအတွင်း ပိတ်မိနေကြသည့် လူငယ် ၁၃ ဦးအား ကယ်ဆယ်ရေးတွင် မြန်မာနိုင်ငံက အပြည့်အဝ ပူးပေါင်းကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန်လ ၂၈ ရက်၊ ရက်စွဲခြင့် နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။

ဇွန်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ ထမ့်လုံခွန်နမ့် လိုဏ်ဂူအတွင်း ဝင်ရောက်သွားပြီး လိုဏ်ဂူအတွင်း ပိတ်မိနေသည့် လူငယ်ဘောလုံးအသင်းမှ (၁၃) ဦးကို ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေး အဖွဲ့များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကယ်ဆယ်ရေး ဆောင်ရွက်မှုများအတွက် မြန်မာနိုင်ငံက လိုအပ်သည်များကို အပြည့်အ၀ ပူးပေါင်းကူညီ ဆောက်ရွက်သွားရန် ပြည်ထောင်စုအစိုးရက နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့ကို ညွှန်ကြားထားပြီး ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။