ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ ဂျပန်နိုင်ငံ၏ ကူညီထောက်ပံ့မှုဖြင့် စစ်တွေနှင့် တောင်ကုတ်မြို့များတွင် ဖိုက်ဘာ ဆိပ်ခံတံတားများ တည်ဆောက်လျက်ရှိ

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ ဂျပန်နိုင်ငံ၏ ကူညီထောက်ပံ့မှုဖြင့် စစ်တွေနှင့် တောင်ကုတ်မြို့များတွင် ဖိုက်ဘာ ဆိပ်ခံတံတားများ တည်ဆောက်လျက်ရှိ
Published 22 June 2018

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ ဂျပန်နိုင်ငံ၏ ကူညီထောက်ပံ့မှုဖြင့် စစ်တွေ နှင့် တောင်ကုတ်မြို့များတွင် ဖိုက်ဘာ ဆိပ်ခံတံတားများ တည်ဆောက်လျက်ရှိကြောင်း သတင်းရရှိသည်။

“ဖိုက်ဘာနဲ့ တွဲချိတ်ထားတဲ့ ဂျပန်နည်းပညာနဲ့ စစ်တွေမှာ တစ်စင်း၊ တောင်ကုတ်မှာ တစ်စင်း တပ်ဆင်ပေးမှာပါ။ အခုဆိုရင် ပစ္စည်းတွေက တောင်ကုတ်နဲ့ စစ်တွေမှာ ရောက်နေပြီ။ ဂျပန်အင်ဂျင်နီယာအဖွဲ့တွေနဲ့ စစ်တွေမှာ တပ်ဆင်ပြီးလို့ တောင်ကုတ်မှာ ဆောင်ရွက်နေပါပြီ။ ဆိပ်ခံတံတားတွေကို ဂျပန်နိုင်ငံကနေပြီးတော့ ဆောက်လုပ်တဲ့ ဖိုက်ဘာဆိပ်ခံ တွဲတံတားများ ဖြစ်ပါတယ်။ သူက ဖြုတ်ရ လွယ်ကူတယ်။ တပ်ရတာလည်း လွယ်ကူတယ်။ သူက တပ်ဆင်ရတာတွေလည်း လွယ်ကူတယ်။ တပ်ဆင်ပြီးတာနဲ့လည်း သုံးလို့ရပြီ။ စစ်တွေရော၊ တောင်ကုတ်မှာ ယခင် နေရာဟောင်းမှာ တပ်ဆင် နေရာချထားပါတယ်” ဟု ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးသည် ဌာနခွဲ ခြောက်ခုဖြစ်သည့် ရန်ကုန်အခြေပြု မြစ်ဝကျွန်းပေါ်ဌာနခွဲ၊ မုံရွာအခြေပြု ချင်းတွင်းဌာနခွဲ၊ စစ်တွေအခြေပြု ရခိုင်ဌာနခွဲ၊ မော်လမြိုင်အခြေပြု သံလွင်ဌာနခွဲ၊ ရန်ကုန် အခြေပြု ကုန်ပို့ဌာနခွဲတို့ဖြင့် ပို့ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ရခိုင်ဌာနခွဲအနေဖြင့် စစ်တွေ-ဘူးသီးတောင် ခရီးစဉ်၊ စစ်တွေ- မြေပုံ-ကျောက်ဖြူ ခရီးစဉ်များကို ပြေးဆွဲနေပြီး စစ်တွေ-ဘူးသီးတောင် ခရီးလမ်းမှာ ရေလမ်းခရီးမိုင် ၈၀၊ စစ်တွေ-မြေပုံ-ကျောက်ဖြူခရီးသည် ရေလမ်းခရီးမိုင် ၁၂၈ မိုင်ရှိကြောင်း သိရသည်။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ရခိုင်ဌာနခွဲအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ စစ်တွေ-ဘူးသီးတောင် ခရီးစဉ်တွင် ခရီးသည် စုစုပေါင်း ၄၄,၄၄၇ ဦးနှင့် ကုန်ပစ္စည်း တန်ချိန် ၁၀,၅၅၃ တန် တင်ဆောင်နိုင်ခဲ့ပြီး ဝင်ငွေ ၁၇၂ ဒသမ ၇ သန်းကျော် ရှာဖွေပေးနိုင်ခဲ့ကြောင်း သိရသည်။ စစ်တွေ-မြေပုံ- ကျောက်ဖြူ ရေလမ်းခရီးတွင် ခရီးသည် ၁၄,၄၃၄ ဦး ကုန်တန်ချိန် ၇၈ တန်နှင့် ဝင်ငွေ ၁၁၄ ဒသမ ၈ သန်းကျော် ရှာဖွေပေးနိုင်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အနေဖြင့် စစ်တွေ-ကျောက်ဖြူ ခရီးစဉ်နှင့် စစ်တွေ-ဘူးသီးတောင် ခရီးစဉ်များအား ကစ္ဆပနဒီ ရေယာဉ်များဖြင့် ပြေးဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent