ဆောက်သမ်တန်အသင်းနည်းပြဟောင်း ပယ်လီဂရီနိုကို နည်းပြသစ်အဖြစ် လီဟာနက်စ်အသင်း ခန့်အပ်

ဆောက်သမ်တန်အသင်းနည်းပြဟောင်း ပယ်လီဂရီနိုကို နည်းပြသစ်အဖြစ် လီဟာနက်စ်အသင်း ခန့်အပ်
Published 3 June 2018

Photo: Getty Images

စပိန်ကလပ် လီဟာနက်စ်အသင်းသည် ဆောက်သမ်တန်အသင်းနည်းပြဟောင်း ပယ်လီဂရီနိုကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရှိရသည်။

အသက် (၄၆)နှစ်အရွယ် ပယ်လီဂရီနိုသည် ဆောက်သမ်တန်အသင်းကို (၉)လကြာ ကိုင်တွယ်ပြီးနောက် ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရသူ ဖြစ်သည်။

ပယ်လီဂရီနိုသည် ဆောက်သမ်တန်အသင်းကို ပရီးမီးယားလိဂ်ပွဲပေါင်း (၃၀)ကိုင်တွယ်နည်းပြခဲ့ရာ (၅)ပွဲသာ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

လီဟာနက်စ်အသင်းသည် ဆိုစီဒက်အသင်းကို ကိုင်တွယ်ရန် ထွက်ခွာသွားသော နည်းပြ ဂါရီတာနို၏နေရာတွင် ပယ်လီဂရီနိုကို (၁)နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ပယ်လီဂရီနိုသည် စပိန်ကလပ်များဖြစ်သည့် အလာဗတ်စ်နှင့် ဗလင်စီယာအသင်းတို့ကို ကိုင်တွယ်နည်းပြခဲ့ဖူးသူလည်း ဖြစ်သည်။