ငြိမ်းချမ်းရေးအတွက် စီတန်းလှည့်လည်ဆုတောင်းခြင်းကို ကက်သလစ်ဘာသာဝင် ၅၀၀၀ ကျော်ခန့် မြစ်ကြီးနားမြို့တွင် ပြုလုပ်

ငြိမ်းချမ်းရေးအတွက် စီတန်းလှည့်လည်ဆုတောင်းခြင်းကို ကက်သလစ်ဘာသာဝင် ၅၀၀၀ ကျော်ခန့် မြစ်ကြီးနားမြို့တွင် ပြုလုပ်
Published 29 May 2018

ငြိမ်းချမ်းရေး

ငြိမ်းချမ်းရေးအတွက် စီတန်းလှည့် လည်ဆုတောင်းခြင်းကို ကက်သလစ်ဘာ သာဝင် ၅၀၀၀ ကျော်ခန့်ဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မေ ၂၈ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းစီတန်းလှည့်လည် ဆုတောင်းခြင်းတွင် စီတာပူဘုန်းတော်ကြီးတိုက်နယ်နှင့် မြစ်ကြီးနားဘုန်းတော်ကြီးတိုက်နယ်မှ ကက်သလစ်ဘာသာဝင်များပါဝင်ပြီး သခင် ခရစ်တော်ရဲ့ မိခင်မယ်တော်သခင်မကိုသဒ္ဓါ ကြည်ညိုစိတ်ပုတီးစိပ်ခြင်း၊ ဆုတောင်းခြင်းနှင့် ဓမ္မတေးသီချင်းများဖြင့် ဂုဏ်တော်ချီးမွမ်းခြင်းများ ပြုလုပ်ခဲ့သည်။

“စီတန်းလှည့်လည်ဆုတောင်းခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ အမိမြန်မာနိုင်ငံတော်ကြီးနဲ့တကွ ကချင်ပြည်နယ် အမြန်ဆုံးစစ်မှန်သော ငြိမ်းချမ်းခြင်းကိုရရှိနိုင်ရန်အတွက် မယ်တော်ထမ်းစင်နဲ့အတူတကွ ပုတီးစိပ်ခြင်း၊ ဓမ္မသီချင်းများ ဂုဏ်တော်ချီးမွန်းခြင်းနဲ့ စီတာပူဘုန်းတော်ကြီးတိုက်နယ်နှင့် မြစ်ကြီးနားဘုန်းတော်ကြီးတိုက်နယ်မှ ဘာသာသူများ  ၅၀၀၀ အထက် အတူတကွစုရုံးပြီး ပြုလုပ်ခြင်းဖြစ်ပါတယ်။ နိုင်ငံတော်ကိုအုပ်ချုပ်နေတဲ့ သက်ဆိုင်ရာလူကြီးမင်းများလည်း စိတ်ရှည်လက်ရှည်နဲ့ ကျွန်တော်တို့ပြည်သူများရဲ့ ဆုတောင်းသံနှင့်အတူတကွ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ပါစေ၊ ဦးဆောင်နိုင်ပါစေလို့ ဦးဆောင်နေတဲ့ နိုင်ငံခေါင်းဆောင်များအားလုံးအတွက်ရော ဆုတောင်းပေးလျက်ရှိပါတယ်” ဟု ဖြစ်မြောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးတူးရော်က ပြောကြားသည်။

Most Read

Most Recent