ရီးယဲလ်မက်ဒရစ်အသင်း၌ နေရာအလိုက်အကောင်းဆုံးဘောလုံးသမားများ ရှိနေကြောင်းနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်အနိုင်ရစေလိုဟု မက်ဆီဆို

ရီးယဲလ်မက်ဒရစ်အသင်း၌ နေရာအလိုက်အကောင်းဆုံးဘောလုံးသမားများ ရှိနေကြောင်းနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်အနိုင်ရစေလိုဟု မက်ဆီဆို
Published 17 May 2018

ဘာစီလိုနာအသင်း၏ တိုက်စစ် မှူး လီယွန်နယ်မက်ဆီက ရီးယဲလ်မက်ဒရစ်အသင်းသည် နေရာအလိုက်အကောင်းဆုံး ဘောလုံးသမား များဖြင့် ဖွဲ့စည်းထားသည့်အသင်းဖြစ်ကြောင်းနှင့် ခြေစွမ်းညံ့နေချိန်တွင်ပင် နိုင်ပွဲများရလေ့ရှိသည်ဟု ပြောကြားခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည်  ယခုရာသီတွင် ချန်ပီယံလိဂ်ဗိုလ်လုပွဲ အဆင့်သို့ရောက်ရှိနေပြီဖြစ်ပြီး ပြီးခဲ့ သည့် အဆင့်များတွင် ဂျူဗင်တပ်စ်၊ ဘိုင်ယန်မြူးနစ်စသည့်အသင်းများ ကို ကျော်ဖြတ်နိုင်ခဲ့သည်။ ဘာစီလို နာအသင်းမှာမူ ရိုးမားအသင်းကို ရှုံး နိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရ ပြီဖြစ်ပြီး မက်ဆီက ရီးယဲလ်မက်ဒရစ် အသင်းအပေါ် ချီးကျူးပြောဆိုမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မက်ဆီက "ရီးယဲလ်မက်ဒရစ်အသင်းက နေရာအလိုက်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေကို ပိုင်ဆိုင်ထားပါ တယ်။ ဘာစီလိုနာအသင်းကလည်း အကောင်းဆုံးအသင်းဆိုပေမယ့် ရီးယဲလ်မက်ဒရစ်အသင်းကတော့ သူ တို့တစ်သင်းပဲ လုပ်နိုင်တဲ့အရာတွေလည်းရှိနေပါတယ်။ သူတို့ကစားတာ အရမ်းဆိုးရွားတဲ့ပွဲတွေမှာတောင် သူတို့က ရလဒ်ကောင်းတွေကို ယူနိုင်စွမ်းရှိပြီး ဒီအပိုင်းမှာတော့ ကျွန်တော်တို့အသင်းထက် အများကြီးပိုသာပါတယ်။ ကျွန်တော်တို့အသင်းက ပထမအကျော့မှာ (၄-၁)နဲ့နိုင်ထားပြီးချိန်မှာတောင် ပြိုင်ပွဲက ထွက်ခဲ့ရ တာ အလွန်စိတ်ပျက်စရာပါ။ ဒါပေမဲ့ ရီးယဲလ်မက်ဒရစ်အသင်းကို ဗိုလ်လုပွဲမှာ ကြည့်ခွင့်ရတာက ကျွန်တော့်ကို စိတ်လှုပ်ရှားစေပါတယ်"ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent