မုံရွာ ချင်းတွင်းမြစ် သဲသောင်ပြင်တွင် ချင်းတွင်းသြင်္ကန် ခုနစ်ရက်ကြာ ကျင်းပမည်

မုံရွာ ချင်းတွင်းမြစ် သဲသောင်ပြင်တွင် ချင်းတွင်းသြင်္ကန် ခုနစ်ရက်ကြာ ကျင်းပမည်
Published 10 April 2018

ချင်းတွင်းမြစ် သဲသောင်ပြင်တွင် ထုဆစ်ပြသထားသည့် သဲပန်းပုအား တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာ ချင်းတွင်းသဲသောင်ပြင်တွင် ချင်းတွင်းသြင်္ကန်အား ခုနစ်ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်ချင်းတွင်း သြင်္ကန်သည်ပွဲတော် မကျင်းပမီ သုံးရက်အလိုကပင် စည်ကားနေကြောင်း၊ ထို့ပြင် ချင်းတွင်းသြင်္ကန် ပြုလုပ်မည့် ချင်းတွင်းသဲသောင်ပြင်တွင် နံနက်ပိုင်း၊ နေ့လယ်ပိုင်းနှင့် ညနေပိုင်းတို့တွင်လည်း စည်ကားနေကြောင်း သိရသည်။

ချင်းတွင်းသြင်္ကန် ပွဲတော်အတွင်း ပြည်ပပန်းပု အတတ်ပညာရှင်များနှင့် ပြည်တွင်းပန်းပု ပညာရှင်များက စုပေါင်းကာ သဲသောင်ပြင်တွင် သဲပန်းပုရုပ်များ ထုဆစ်ကာ ပြသထားလျက်ရှိကြောင်း သိရသည်။

ချင်းတွင်းသြင်္ကန် ကျင်းပနေသည့် အချိန်တွင် လုံခြုံရေး ကင်မရာများ၊ လုံခြုံရေးရဲ တပ်ဖွဲ့ဝင်များက ခိုက်ရန်ဖြစ်ပွားမှု မရှိစေရေးအတွက် လုံခြုံရေးအတွက် စနစ်တကျ ပြင်ဆင်ထားလျက်ရှိကြောင်း သိရသည်။

ချင်းတွင်းမြစ်ကမ်းစပ် တစ်လျှောက်တွင် ယာယီထန်းလက်တဲများ တည်ဆောက်ထားရှိပြီး ရေကစားသူများ အတွက် အပန်းဖြေရန် နေရာတစ်ခုဖြစ်ကြောင်း၊ ချင်းတွင်းမြစ် အတွင်းရှိ ရေကစားရာကနေ ရေနစ်သေဆုံးမှု မရှိစေရေးအတွက် သက်ဆိုင်ရာများက လှည့်ကင်းများ စောင့်ကြပ်နေကြောင်း သိရသည်။

မုံရွာမြို့ ချင်းတွင်းမြစ် သဲသောင်ပြင်တွင် ကျင်းပမည့် ချင်းတွင်းသြင်္ကန်အား ဧပြီ  ၁၁ ရက်မှ ၁၇ ရက်အထိ ခုနစ်ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent