နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသည့် ဦးဝင်းမြင့်နှင့် ဒုတိယသမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသည့် ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူတို့ ပြည်ထောင်စုလွှတ်တော် နာယက၏ရှေ့မှောက်၌ ကတိသစ္စာပြုခြင်း ယနေ့ပြုလုပ်မည်

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသည့် ဦးဝင်းမြင့်နှင့် ဒုတိယသမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသည့် ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူတို့ ပြည်ထောင်စုလွှတ်တော် နာယက၏ရှေ့မှောက်၌ ကတိသစ္စာပြုခြင်း ယနေ့ပြုလုပ်မည်
Published 30 March 2018

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသည့် ဦးဝင်းမြင့်နှင့် ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသည့် ဦးမြင့်ဆွေ၊ ဦးဟင်နရီဗန်ထီးယူတို့  ပြည်ထောင်စုလွှတ်တော်နာယက၏ ရှေ့မှောက်၌ ကတိသစ္စာပြုခြင်းကို ယနေ့ (မတ် ၃၀) ရက်တွင် ပြုလုပ်မည်ဖြစ်သည်။

ထို့ပြင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသည့် ဦးဝင်းမြင့်အနေဖြင့် ပြည်ထောင်စုလွှတ်တော်နာယက ရှေ့မှောက်တွင် ကတိသစ္စာပြုပြီးသည့်အချိန်တွင် နိုင်ငံတော်သမ္မတအနေဖြင့် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုပြီးသည့်နောက်တွင် နိုင်ငံတော်သမ္မတအိမ်တော်တွင် သမ္မတသစ်ကြိုဆိုပွဲကို နံနက် ၁၀ နာရီခွဲတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မတ် ၂၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ပွဲပြုလုပ်ရာတွင် မဲပေးသူ လွှတ်တော်ကိုယ်စားလှယ် ၆၃၆ ဦးအနက် နိုင်ငံတော်သမ္မတလောင်း သုံးဦးဖြစ်သည့် ဦးဝင်းမြင့်က ဆန္ဒမဲ ၄၀၃ မဲ၊ ဦးမြင့်ဆွေက ဆန္ဒမဲ ၂၁၁ မဲ၊ ဦးဟင်နရီဗန်ထီးယူက ၁၈ မဲနှင့် ပယ်မဲလေးမဲရရှိသဖြင့် ထောက်ခံမဲများသော ဦးဝင်းမြင့်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက ကြေညာခဲ့သည်။

ထို့ပြင် မဲရလဒ်များအရ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့မှ ဒုတိယသမ္မတအဖြစ် တင်မြှောက်ထားသည့် ဦးမြင့်ဆွေအား ဒုတိယသမ္မတ (၁) အဖြစ်လည်းကောင်း၊ ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့မှ ဒုတိယသမ္မတအဖြစ် တင်မြှောက်ထားသည့် ဦးဟင်နရီဗန်ထီးယူအား ဒုတိယသမ္မတ (၂) အဖြစ် လည်းကောင်း ရွေးချယ်တင်မြှောက်ကြောင်းလည်း ကြေညာခဲ့သည်။

နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးထင်ကျော်သည် မတ် ၂၁ ရက်တွင် သမ္မတတာဝန်မှ အနားယူနုတ်ထွက်ခဲ့သောကြောင့် လစ်လပ်သွားသည့် နိုင်ငံတော်သမ္မတနေရာအတွက် သမ္မတသစ်ရွေး ချယ်ခြင်းကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပနေသည့်ကာလဖြစ်သဖြင့် ခုနစ်ရက်အတွင်း ပြန်လည်ရွေးချယ်တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။

Most Recent