မောင်တောမြို့အနီး ပင်လယ်ပြင်အတွင်း ငွေကျပ်သိန်းပေါင်း ၁၄၀၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ခုနစ်သိန်းသယ်ဆောင်လာသည့် ဘင်္ဂါလီငါးဦးအား ဖမ်းဆီးရမိ

မောင်တောမြို့အနီး ပင်လယ်ပြင်အတွင်း ငွေကျပ်သိန်းပေါင်း ၁၄၀၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ခုနစ်သိန်းသယ်ဆောင်လာသည့် ဘင်္ဂါလီငါးဦးအား ဖမ်းဆီးရမိ
Published 25 March 2018

မောင်တောမြို့ အနီး ပင်လယ်ပြင်အတွင်း ငွေကျပ်သိန်းပေါင်း ၁၄၀၀၀ ခန့် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားခုနစ်သိန်း  သယ်ဆောင်လာသည့် ဘင်္ဂါလီငါးဦးအား မတ် ၂၃ ရက် နံနက်ပိုင်းကဖမ်းဆီးရမိခဲ့ကြောင ်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။

ဖြစ်စဉ်မှာရခိုင်ပြည်နယ်၊ မောင်တောမြို့အနီး ပင်လယ်ပြင်အတွင်း တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မတ် ၂၃ ရက် နံနက်ပိုင်းတွင် ပင်လယ်ပြင်အတွင်း အရှေ့တောင်ဘက်မှ အနောက်မြောက်ဘက်သို့ သွားနေသော မသင်္ကာဖွယ် ငါးဖမ်းစက်လှေတစ်စင်းအား တွေ့ရှိသဖြင့် သွားရောက် စစ်ဆေးရာလှေပေါ်၌ ဘင်္ဂါလီငါးဦးအား ငါးဖမ်းပိုက်တစ်စုံ၊ ဆာလာအိတ် ငါးအိတ်အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၇၀၀၀၀၀ ပြား (စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် သိန်းပေါင်း ၁၄၀၀၀) နှင့် အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ဘင်္ဂါလီလူမျိုး မာမွတ်အီနို (ဘ) ဦးကာစွန်း၊ မာမွတ်ရိုရှီး (ဘ) ဦးရှော်ရီဟူဆောင်၊ မာမွတ်အာမီး (ဘ) ဦးနောဇီယာမောင်၊ ဟော်ဘီ(ဘ) ဦးဟာစေး နှင့် အာရူလော့(ဘ) ဦးဆော်ယောဟူဆောင်တို့အား ဖမ်းဆီးရမိစက်လှေနှင့် မူးယစ်ဆေးဝါးများနှင့်အတူ စစ်တွေမြို့ရှိ ရေချမ်းပြင် ရဲကင်းစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အလားတူ မတ် ၂၂ ရက် ညနေပိုင်းကလည်း ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အငူမော်စစ်ဆေးရေးဂိတ်အနီး၌ လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ယာဉ်တစ်စီးအားရပ်တန့်စစ်ဆေးစဉ် ယာဉ်ပေါ်ရှိ ခရီးဆောင်အိတ်အတွင်းနှင့် ယာဉ်အမိုးပေါ်ရှိ ပစ္စည်းတင်စင်အတွင်းတို့၌ တင်ဆောင်လာသောာ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၈၁၅၁၀၀ ပြား (ခန့်မှန်း တန်ဖိုးငွေကျပ် သိန်းပေါင်း ၁၆၃၀၂) အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Most Read

Most Recent