မောင်တောမြို့နယ်၌ ငါးရက်အတွင်း စိတ်ကြွဆေး ၆၇၀၇၄၀ ပြား ဖမ်းမိ

မောင်တောမြို့နယ်၌ ငါးရက်အတွင်း စိတ်ကြွဆေး ၆၇၀၇၄၀ ပြား ဖမ်းမိ
Published 14 February 2018

မောင်တောမြို့နယ်အတွင်း ဖေဖော်ဝါရီ ဒုတိယအပတ် ငါးရက်အတွင်း စိတ်ကြွရူးသွပ် ဆေးပြား ၆၇၀၇၄၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၈ နာရီ ၂၀ မိနစ်က လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မောင်တောမြို့နယ် နတ်မြစ်အတွင်း ဦးစောလှကျွန်း၏ မြောက်ဘက်တွင် ရှောင်ရှူးအာလောင်အား လက်ခတ်လှေနှင့်အတူတွေ့ရှိ ရှာဖွေရာ လှေပေါ်၌ အထုပ်နှစ်ထုပ်တွေ့ရှိရ၍ မူးယစ်တပ်ဖွဲ့စု (၄၆) မောင်တောမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးရာ ကျပ် ၁၉၀၉ ဒသမ ၈ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၅၄၉၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ရှောင်ရှူးအာလောင် (၂၈ နှစ်) အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

အလားတူ ဖေဖော်ဝါရီ ၉ ရက်ညပိုင်းတွင် မောင်တောမြို့အနီးရှိ နတ်မြစ်အတွင်း တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မောင်တောမြို့၏ မြောက်ဘက်မီတာ ၁၅၀၀ ခန့်အကွာ၌ မသင်္ကာဖွယ် လက်ခတ်လှေတစ်စင်းအား တွေ့ရှိသဖြင့် မီးအချက်ပြခေါ်ယူစဉ် လာရောက်ခြင်းမရှိဘဲ ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ တက်ချောင်းဝနေရာ၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။