ငွေဆောင်မြို့တွင် ဟိုတယ်ဇုန်အဖြစ် သိမ်းဆည်းခံမြေယာများမှ အသုံးမပြုမြေယာများ ပြန်လည်ရရှိရေးနှင့် လျော်ကြေးရရှိရေး ဒေသခံတောင်သူများ ဆန္ဒထုတ်ဖော်

ငွေဆောင်မြို့တွင် ဟိုတယ်ဇုန်အဖြစ် သိမ်းဆည်းခံမြေယာများမှ အသုံးမပြုမြေယာများ ပြန်လည်ရရှိရေးနှင့် လျော်ကြေးရရှိရေး ဒေသခံတောင်သူများ ဆန္ဒထုတ်ဖော်
Published 20 January 2018

ဓာတ်ပုံ-နီလာစိုး

ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်မြို့တွင် ဟိုတယ်ဇုန်အဖြစ် သိမ်းဆည်းခံမြေယာများမှ အသုံးမပြုသောမြေယာများ ပြန်လည်ရရှိရေးနှင့် ဒေသခံတောင်သူများမှ ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ဆန္ဒဖော်ထုတ်ကြသည်။

၂၀၀၀ ခုနှစ်တွင် ငွေဆောင်ကမ်းခြေ ဟိုတယ်ဇုန်အဖြစ် သိမ်းဆည်းခံတောင်သူမိသားစုများမှ လူဦးရေ (၇၀) ခန့်မှ မိမိတိုနစ်နာမှုများ ပြန်လည်ရရှိရေးအတွက် ငွေဆောင်မြို့မလမ်းမှစတင်ကာ ဟိုတယ်ဇုန်လမ်းတစ်လျောက်တွင် လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

"ကျွန်တော်တို့ ငွေဆောင်ကမ်းခြေမှာ လယ်ယာမြေနဲ့ အုန်းခြံတွေကို ၂၀၀၀ ခုနှစ်က မတရားသိမ်းဆည်းခံခဲ့ရတာပါ သိမ်းဆည်းစဉ်က သီးနှံလျော်ကြေးအုန်းပင်နဲ့ စားပင်သီးနှံပင်တွေပါပေးမယ်ဆိုပြီး အုန်းပင်ကိုပဲ တစ်ပင်ကို ၄၅၀၀ နှုန်းပေးပြီး ဖြတ်တယ် နောက်တော့ သူတို့ချပေးနဲ့ မြို့ကွက်သစ်နေရာမှာ ရွှေ့ပြောင်းနေခဲ့ရပြီး အဲ့အချိန်က ကျွန်တော်တို့ကို ရေမီးနဲ့လမ်း အကုန်ပြည့်စုံအောင်လုပ်ပေးမယ်ဆိုပြီး ယနေ့ ၂၀၁၈ ရောက်တဲ့အထိ ဘာမှဖြစ်မလာခဲ့ပါဘူး ဒါ့ကြောင့် ဒီနေ့တောင်သူတွေနစ်နာမှုအတွက် အသုံးမပြုသေးတဲ့ မြေယာတွေပြန်ရဖို့နဲ့ အသုံးပြုထားတဲ့မြေယာတွေကို ထိုက်တန်တဲ့လျော်ကြေးရရှိဖို့ ဆန္ဒဖော်ထုတ်ရတာပါ" ဆန္ဒဖော်ထုတ်ခဲ့သည့် ဒေသခံတောင်သူ ဦးလှမြင့်ကပြောသည်။

အဆိုပါမြေယာပြသနာမှာ ဒေသခံမူလပိုင်ရှင် ၂၄၈ ဦးထံမှ အုန်းခြံမြေ ၃၁၅ ဧကကျော်ကို မြေလျော်ကြေးမပေးဘဲ အုန်းပင်အရေအတွက်ဖြင့် သီးနှံလျော်ကြေးအဖြစ်ပေးချေကာ သိမ်းဆည်းခဲ့သောမြေယာများဖြစ်ကာ ၂၀၁၅ ခုနှစ်တွင် အစိုးရမှ ဥယာဉ်ခြံမြေကို အခြားနည်းအသုံးပြုခွင့် လန(၃၉)ကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး ဒေသခံမူလပိုင်ဆိုင်သူတို့ထံ ပြန်လည်ပေးအပ်ရန် ညွှန်ကြားထားခဲ့သော်လည်း ဆောင်ရွက်နိုင်ခြင်းမရှိသေးပဲ ဟိုတယ်များမှ ဆက်လက်တည်ဆောက်နေမှုများရှိနေကြာင်း ဒေသခံများထံမှ သိရသည်။

"နစ်နာမှုအတွက်ဘာမှမပေးပဲ သူတို့သိမ်းဆည်းထားခဲ့တဲ့အတွက် ကျွန်တော်တို့မှာ လူမှုရေးကျန်မားပညာရေးတွေ အကုန်ကိုဆုံးခဲ့ပါတယ် အဲ့တာကြောင့် ဒီနေ့ဆန္ဒဖော်ထုတ်ရတာပါ" ဟု ဒေသခံတောင်သူ ဦးတင်ထူးကပြောသည်။

အဆိုပါဆန္ဒဖော်ထုတ်ရာတွင် ဒေသခံတောင်သာများမှ သိမ်းဆည်းထားသောမြေများ ပြန်လည်ရရှိရေး၊ သိမ်းဆည်းထားသော မြေယာများအတွက် လျှော်ကြေးရရှိရေး၊ ဟိုတယ်အတွင်း အဆောက်အအုံအသစ်များ ထပ်မဆောက်ရေး၊ မြေယာစိစစ်ရေးကော်မတီ၏ စီစစ်ချက်ကို အမြန်အကောင်အထည်ဖော် ဆောင်ရွက်ပေးရေး၊ ပြည်သူများ၏ ကန့်ကွက်ချက်များ အလေးထားပေးရေး စသည့်ကြွေးကြော်သံ ဗွီနိုင်းဆိုင်ဘုတ်များကို ကိုင်ဆောင်လှည်လှည် ဆန္ဒဖေါ်ထုတ်ကြခြင်းဖြစ်သည်။

 

Most Read

Most Recent