နေပြည်တော်ကောင်စီတွင် ၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာအထိ လျှပ်စစ်မီးရရှိရေး အပါအဝင် သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်း အသုံးစရိတ်အတွက် ကျပ် ၄၄၈၃ ဒသမ ၅၃၆ သန်း တင်ပြတောင်းခံ

နေပြည်တော်ကောင်စီတွင် ၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာအထိ လျှပ်စစ်မီးရရှိရေး အပါအဝင် သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေရင်း အသုံးစရိတ်အတွက် ကျပ် ၄၄၈၃ ဒသမ ၅၃၆ သန်း တင်ပြတောင်းခံ
Published 19 January 2018

နေပြည်တော်ကောင်စီတွင် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ လျှပ်စစ်မီးရရှိရေး အပါအဝင် သာမန်အသုံးစရိတ်နှင့် ငွေလုံးငွေ ရင်းအသုံးစရိတ်အတွက် ကျပ် ၄၄၈၃ ဒသမ ၅၃၆ သန်းအား နေပြည်တော်ကောင်စီဝင် ဦးတင်ထွဋ်က ပြည်ထောင်စုလွှတ်တော်၌ တင်ပြတောင်းခံခဲ့သည်။

နေပြည်တော်၌ ဇန်နဝါရီ ၁၇ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး တတိယနေ့တွင် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လတာ အမျိုးသားစီမံကိန်းဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ၎င်းက တင်ပြတောင်းခံခဲ့ခြင်းဖြစ်သည်။

နေပြည်တော်ကောင်စီတွင် စရိတ်ချီးမြှင့်ငွေ၊ ခရီးစရိတ်နှင့် ရုံးအသုံးစရိတ်အတွက် သာမန်အသုံးစရိတ် ကျပ် ၂၆၉ ဒသမ ၅၉၃ သန်းနှင့် လမ်းလုပ်ငန်း၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ အဆောက်အအုံလုပ်ငန်းနှင့် အခြား လုပ်ငန်းများအတွက် ငွေလုံးငွေရင်း အသုံး စရိတ် ကျပ် ၄၂၁၃ ဒသမ ၉၄၃ သန်းကို ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ အသုံးပြုရန် လျာထားကြောင်း ဦးတင်ထွဋ်က ဆိုသည်။

ထို့ပြင် နေပြည်တော်ကောင်စီ၏ ရငွေလျာထားချက်သည် အခွန်အကောက်၊ ပစ္စည်းများရောင်းချရငွေနှင့် ဆောင်ရွက်ပေးမှုအတွက် ရငွေစုစုပေါင်းသည် ကျပ် ၄၉ ဒသမ ၆၈၄ သန်းဖြစ်ကြောင်း ကောင်စီဝင်က ပြောကြားသည်။

Most Read

Most Recent