ရန်ကုန်မြို့၏ ဘတ်စ်ကားမှတ်တိုင်များကို အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး တင်ဒါရရှိသည့် FMI Decor ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုမှုကို ယခုလအတွင်း ဆောင်ရွက်နိုင်ရန် စီစဉ်ထားဟုသိရ

ရန်ကုန်မြို့၏ ဘတ်စ်ကားမှတ်တိုင်များကို အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး တင်ဒါရရှိသည့် FMI Decor ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုမှုကို ယခုလအတွင်း ဆောင်ရွက်နိုင်ရန် စီစဉ်ထားဟုသိရ
Published 12 January 2018

ရန်ကုန်မြို့၏ ဘတ်စ်ကားမှတ်တိုင်များအား အဆင့်မြှင့်တင်မှုများဆောင်ရွက်သွားမည်ဖြစ်ပြီး တင်ဒါရရှိသည့် ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုမှုကို ယခုလအတွင်းဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

“ကျွန်မတို့ စာချုပ်မချုပ်ရသေးပါဘူး။ အစီအစဉ်တော့ ဆွဲထားပါတယ်။ ဒီလထဲတော့ စာချုပ်ချုပ်ဖို့ စီစဉ်ထားပါတယ်။ မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကလည်း ခွင့်ပြုချက်ကျပါပြီ။ ကုမ္ပဏီကတော့ မြန်မာနိုင်ငံဘက်က FMI ကုမ္ပဏီပါ။ နိုင်ငံကုမ္ပဏီကတော့ JC  Decor ကုမ္ပဏီလီမိတက်ပါ။ FMI Decor ကုမ္ပဏီပေါ့” ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင် ဒေါ်မေမေသွယ်က ပြောကြားသည်။

ရန်ကုန်မြို့တွင်းရှိ အဓိကလမ်းကြောင်းများရှိ ဘတ်စ်ကားမှတ်တိုင် ၂၅၀ ခန့်ကို နိုင်ငံတကာအဆင့်အတန်းမီ မှတ်တိုင်များအဖြစ် ဆောင်ရွက်ရန် တင်ဒါခေါ်ယူထားပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားမှုများရှိခဲ့သည်။ ဘတ်စ်ကားမှတ်တိုင်များကို အဆင့်မြှင့်တင် ရာတွင် ကြော်ငြာဘေဘုတ်အကြီးများထောင် သည့်စနစ်ကို လျှော့ချသွားမည်ဖြစ်ကြောင်း ၎င်းင်းက ပြောကြားခဲ့သည်။

“ကားမှတ်တိုင်တွေဆောက်တဲ့အခါကျရင် လူတွေတန်းစီးပြီးတော့ တက်နိုင်လောက်တဲ့ Please Q လိုဟာမျိုးတွေ ထည့်လုပ်ပေးဖို့ လွှတ်တော်မှာ မေးခဲ့တယ်၊ ဒေါ်နီလာကျော်ကလည်း လုပ်ပေးမယ်ပြောသွားတယ်။အခုထိ အရိပ်အယောင်မတွေ့သေးလို့ မေးကြည့် တော့ ရပါပြီ စတော့မယ်ပေါ့လို့ ပြောတယ်”ဟု ပန်းဘဲတန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင် ဘတ်စ်ကားမှတ်တိုင်ပေါင်း ၂၀၀၀ ခန့်ရှိပြီး မြို့ထဲ အဓိက လမ်းကြောင်းကြီးများတွင် မှတ်တိုင် ၂၅၀ ခန့်ရှိ ကြောင်း၊ မှတ်တိုင်များကို နိုင်ငံတကာ အဆင့်အတန်းမီ မှတ်တိုင်အဖြစ် အဆင့်မြှင့်တင်ရန် တင်ဒါခေါ်ယူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေ့စဉ်လမ်းမများပေါ်တွင် ခရီးသွားနေသည့် လူဦးရေ ၂၈ သိန်းဝန်းကျင်ရှိပြီး သိန်း ၂၀ ကျော်ခန့်သည် အများပြည်သူပိုင် ယာဉ်လိုင်းများကို စီနင်းနေကြရကြောင်း သိရသည်။

သတင်းအချက်အလက် ပေးနိုင်သော မှတ်တိုင်ဖြစ်နိုင်ရန်အတွက် အဆင့်မြှင့်တင်ခြင်းဖြစ်ကြောင်းနှင့် မြို့၏ သတင်းအချက်အလက်များကို ထည့်သွင်းနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

Most Read

Most Recent